
မကွေးတိုင်းဒေသကြီး ပခုက္ကူမြို့နယ် စံပြကြီးကျေးရွာမှာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ ဒေသခံပြည်သူတွေနဲ့ တွေ့ဆုံဟောပြောပွဲကို ဇန်နဝါရီ ၂၅ ရက်နေ့က ကျင်းပခဲ့ပါတယ်။
“မိခင်ရဲ့ ၀မ်းထဲမှာဆိုရင် ကလေးတဦးက ၉ လကနေ ၁၀ လအထိ ကိန်းရပါတယ်။ ပြောရမယ်ဆိုရင် ကျမတို့ရဲ့ အစိုးရ မွေးကင်းစအရွယ် မဟုတ်သေးဘူးလို့ ပြောလို့ရပါတယ်။ ဒါပေမယ့် အလုပ်လုပ်တဲ့ နေရာမှာတော့ ကျမတို့ မနှောင့်နှေးပါဘူးလို့ ပြောပါရစေ။ အားလုံးရဲ့ ကျေနပ်မှုရအောင်လို့ ကျမတို့ ကြိုးစားပါ့မယ်။ ပြည်သူလူထုကလည်း ပြောသင့်တဲ့နေရာမှာ ပြောပါ။ ကိုယ်လုပ်သင့်တာလည်း လုပ်ပါ။ ဒါပေမယ့်လည်း သည်းခံသင့်တဲ့နေရာမှာ သည်းခံပါ၊ သည်းမခံသင့်တဲ့နေရာမှာတော့ မသည်းခံပါနဲ့။”
ဒါ့အပြင် ပြည်ထောင်စုဝန်ကြီးတွေနဲ့ တိုင်းဒေသကြီးဝန်ကြီးချုပ်တွေကို အားမနာနဲ့ ခိုင်းကြပါ။ အားနာလို့ မခိုင်းဘဲနေရင် ဝန်ကြီးတွေ ပျင်းသွားမယ်။ အထူးသဖြင့် တိုင်းဒေသကြီးဝန်ကြီးတွေကို ပိုခိုင်းကြပါ။ ဘာလို့လည်းဆိုတော့ ပြည်သူတွေကိုယ်တိုင် မဲပေးရွေးချယ်ခန့်အပ်ထားတာမို့ပါလို့လည်း ပြောဆိုခဲ့ပါတယ်။
ရုပ်သံ - အောင်ဆန်းဦး










