DVB Logo
Home
မြန်မာသတင်း
စစ်ဆန့်ကျင်ရေး ပြဇာတ်ကသည့် ကျောင်းသား ၉ ဦး တရားစွဲခံရ
DVB
·
January 25, 2017
စစ်ဆန့်ကျင်ရေး ပြဇာတ်ကသည့် ကျောင်းသား ၉ ဦး တရားစွဲခံရ
Donate to DVB

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့မှာ ပြုလုပ်တဲ့ စစ်ဆန့်ကျင်ရေး ပြဇာတ်မှာ တပ်မတော် ဂုဏ်သိက္ခာ ထိခိုက်စေလို့ဆိုပြီး ကျောင်းသား ၉ ဦးကို ပုသိမ်အခြေစိုက် အနောက်တောင်တိုင်း စစ်ဌာနချုပ်က တရားစွဲဆိုထားပါတယ်။

ပုသိမ်ဟိုတယ်မှာ ဇန်နဝါရီ ၉ ရက်က ကျင်းပခဲ့တဲ့ ငြိမ်းချမ်းရေးနဲ့ပတ်သက်တဲ့ အရပ်ဘက်အဖွဲ့အစည်းတွေရဲ့ အလုပ်ရုံဆွေးနွေးပွဲမှာ  ပညာပါရမီ ပညာဒါနကျောင်းက ကျောင်းသားတွေကပြတဲ့ စစ်ဆန့်ကျင်ရေးပြဇာတ်ဟာ တပ်မတော်နဲ့ တပ်မတော်မိသားစုတွေရဲ့ ဂုဏ်သိက္ခာထိခိုက်စေတယ်ဆိုပြီး တရားစွဲဆိုထားတာပါ။

ပြဇာတ်တွင် ပါဝင်သူ ကိုအောင်ခန့်ဇော်က “ကျနော်တို့ ဖျော်ဖြေတဲ့ပြဇာတ်မှာ ကျနော်တို့ စကားလုံးအသုံးအနှုန်းတွေက တပ်မတော်နဲ့မိသားစုဝင်တွေကို ဂုဏ်သိက္ခာညှိုးနွမ်းစေတဲ့ စကားလုံးတွေ ပါဝင်တယ်ဆိုပြီး ကျနော်တို့ကို ပုဒ်မ ၅၀၀ နဲ့ တရားစွဲတယ်လို့ သိရပါတယ်။ သိတာက ၁၈ ရက်နေ့မနက်မှာမှ ရဲအုပ်က ဖုန်းဆက်လို့ စသိတာပါ။ ၁၈ ရက်နေ့ ညနေမှာ မြို့မရဲစခန်းမှာ စစ်ဆေးခံရပါတယ်” လို့ ပြောပါတယ်။

အနောက်တောင်တိုင်းစစ်ဌာနချုပ်မှ စစ်ဦးစီးပထမတန်း ဒုဗိုလ်မှူးကြီးအောင်မျိုးနိုင်က ဂုဏ်သိက္ခာကျဆင်းစေလို့ဆိုပြီး ဇန်နဝါရီ ၁၇ ရက်နေ့မှာ ပုသိမ်မြို့နယ် တရားရုံးမှာ ဦးတိုက်လျှောက်ထားခဲ့ပြီး တရားရုံးက ကျင့်ထုံးဥပဒေပုဒ်မ ၂၀၂ နဲ့ ရဲတပ်ဖွဲ့ကို စစ်ဆေးခိုင်းထားပါတယ်။

ပြဇာတ်ကပြသူတွေကတော့ တပ်မတော်ကို စော်ကားတာ မဟုတ်ဘဲ စစ်ဆန့်ကျင်ရေးကိုသာ ရည်ရွယ်ပြီး ကပြခဲ့တာဖြစ်တယ်လို့ ကိုအောင်ခန့်ဇော်က ပြောပါတယ်။

“ ကျနော်တို့က အဓိက ဒီပွဲမှာ ပြဇာတ်ပုံစံမျိုး ဒီပွဲကိုလာတဲ့သူတွေကို ဖျော်ဖြေတာ ဖြစ်တယ်။ ဒါက တချက်ပေါ့။ နောက်တချက်က ကျနော်တို့ ပြဇာတ်ရဲ့ ရည်ရွယ်ချက်ကိုက ဒီစစ်ပွဲတွေကို အလိုမရှိဘူးဆိုတာ ပြောချင်တာ။ တပ်မတော်၊ တခြားအဖွဲ့အစည်းတွေကို ထိခိုက်စေချင်တဲ့ ရည်ရွယ်ချက်လည်း မရှိဘူး။ နောက်တခုက ကျနော်တို့ အကုန်လုံး ငြိမ်းချမ်းရေးကို လိုလားနေတယ်။ ငြိမ်းချမ်းရေးကို သွားနေတဲ့လမ်းကြောင်းမှာ ဒီစစ်ပွဲတွေနဲ့ ငြိမ်းချမ်းရေးနဲ့ ဘယ်လိုမှ အဆီအငေါ်မတည့်တဲ့ ကိစ္စပါ။ အဲဒါကြောင့် ကျနော်တို့က စစ်ပွဲတွေကို မထောက်ခံဘူးဆိုတာ ပြောချင်တာ။”

တရားစွဲဆိုခံရသူတွေထဲမှာ လာမယ့် မတ်လ ၈ရက် တက္ကသိုလ်ဝင်တန်းစာမေးပွဲ ဖြေဆိုရ မယ့် ကျောင်းသား ၅ ဦး လည်းပါဝင်ပါတယ်။

ပြဇာတ်မှာပါဝင်သူ တက္ကသိုလ်ဝင်တန်းကျောင်းသား မင်းခန့်ဇော်က “ ဒီအချိန်မှာ စာကို ပိုပြီးဦးစားပေးလုပ်ရမှာပဲ။ ဒါပေမယ့် အခုလိုမျိုး ရုံးချိန်းတက်တာတို့ ဘာတို့ ဖြစ်လာတော့လည်း မတက်မဖြစ်တော့ တက်ရမှာပေါ့။ ကျနော်တို့အတွက်တော့ အခက်အခဲ အနည်းအကျဉ်းရှိပါတယ်” လို့ ပြောပါတယ်။

လက်ရှိအချိန်မှာ အမှုနဲ့ပတ်သက်ပြီး ပုဒ်မတပ်တာတွေ မရှိသေးသလို စစ်ဆေးနေဆဲဖြစ်ပြီး ဇန်နဝါရီလ ၂၅ ရက်နေ့ တရားရုံးကို ပြန်လည်တင်ပြရမှာ ဖြစ်တယ်လို့ ပုသိမ်မြို့မရဲစခန်းက ရဲအုပ်ဇော်မင်းထွန်းက ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013