DVB Logo
Home
မြန်မာသတင်း
ဝန်​ကြီးချုပ်​​တွေကို အားမနာဘဲ အလုပ်ခိုင်းကြရန် ဒေါ်အောင်ဆန်းစုကြည်တိုက်တွန်း
DVB
·
January 25, 2017
Donate to DVB

ပြည်သူတွေအနေနဲ့ ကိုယ်တိုင်မဲပေးရွေးချယ်ခဲ့တဲ့ တိုင်းဒေသကြီး ဝန်ကြီးချုပ်တွေကို အားမနာဘဲ အလုပ်ပိုခိုင်းကြဖို့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်း ပြောကြားလိုက်ပါတယ်။

“ပြည်ထောင်စုဝန်ကြီးတွေနဲ့ တိုင်းဒေသကြီးဝန်ကြီးချုပ်တွေကို အားမနာနဲ့ ခိုင်းကြပါ။ အားနာလို့ မခိုင်းဘဲနေရင် ဝန်ကြီးတွေ ပျင်းသွားမယ်။ အထူးသဖြင့် တိုင်းဒေသကြီးဝန်ကြီးတွေကို ပိုခိုင်းကြပါ။ ဘာလို့လဲဆိုတော့ ပြည်သူတွေကိုယ်တိုင် မဲပေးရွေးချယ်ခန့်အပ်ထားတာမို့ပါ”လို့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။

ဇန်နဝါရီ ၂၅ ရက်နေ့ ပခုက္ကူမြို့နယ် စံပြကြီးကျေးရွာမှာ ဒေသခံပြည်သူတွေနဲ့ တွေ့ဆုံဟောပြောပွဲမှာ ပြောဆိုခဲ့တာဖြစ်ပါတယ်။

စံပြကြီးကျေးရွာဒေသခံတွေဟာ စိုက်ပျိုးမြေအတွက် ရေရရှိဖို့နဲ့ အလယ်တန်းကျောင်း ပြန်လည်ခွင့်ပြုပေးဖို့ လိုအပ်နေတယ်လို့ ဒေသခံတွေကိုယ်စား ဆရာတော် ဘဒ္ဒန္တကိတ္တိသာရက နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ကို မိန့်ကြားခဲ့ပါတယ်။

“စီမံကိန်းတွေကလည်း ဒေသခံတွေအတွက် အမှန်တကယ် အကျိုးမပြုဘူးလေ၊ အဲဒီအတွက် ဒေသခံတွေ စိုက်ပျိုးမြေနဲ့ ရေရရှိအောင် ဆောင်ရွက်ပေးစေချင်တယ်။ နောက်ပြီးတော့ ဒီရွာမှာ အရင်က အစိုးရအလယ်တန်းကျောင်း ရှိခဲ့တယ်၊ ၈၈ မှာ ကျောင်းတွေပိတ်ပြီး ပြန်ဖွင့်တော့ အလယ်တန်းကျောင်း ပြုတ်သွားတယ်။ အဲဒီအတွက် အလယ်တန်းကျောင်းလည်း ပြန်ခွင့်ပြုပေးစေချင်တယ်´´လို့ ဆရာတော် ဘဒ္ဒန္တကိတ္တိသာရက နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို မိန့်ကြားပါတယ်။

ဆရာတော် မိန့်ကြားမှုနဲ့ပတ်သက်လို့ အလယ်တန်းကျောင်း ပြန်လည်ခွင့်ပြုနိုင်ဖို့ ပညာရေးဝန်ကြီးဌာနအနေနဲ့ စီစဉ်ပေးမှာဖြစ်သလို ရေရရှိရေးအတွက်လည်း သက်ဆိုင်ရာ ဒေသတာဝန်ရှိသူတွေနဲ့ ညှိနှိုင်းလုပ်ဆောင်ပေးမယ်လို့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်က ပြန်လည်လျှောက်ထားခဲ့ပါတယ်။

ဒါ့အပြင် ကျေးရွာစာကြည့်တိုက်အတွက်လည်း ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းက အကူအညီပေးသွားမယ်လို့လည်းပြောသွားပါတယ်။

သတင်း - အောင်ဆန်းဦး

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013