DVB Logo
Home
မြန်မာသတင်း
ရခိုင်ပြည်နယ်လုံးဆိုင်ရာ အရပ်ဘက်လူမှုအဖွဲ့အစည်းများဖိုရမ် ကျင်းပ
DVB
·
January 25, 2017
ရခိုင်ပြည်နယ်လုံးဆိုင်ရာ အရပ်ဘက်လူမှုအဖွဲ့အစည်းများဖိုရမ် ကျင်းပ
1 / 7
Donate to DVB

ရခိုင်ပြည်နယ်လုံးဆိုင်ရာ အရပ်ဘက်လူမှုအဖွဲ့အစည်းများဖိုရမ်ကို ရခိုင်ပြည်နယ် စစ်တွေမြို့မှာ ဇန်နဝါရီ ၂၄ ရက် မနက်က စတင်ပြီး ဇန်နဝါရီ ၂၅ ရက်အထိ ၂ ရက်ကြာ ကျင်းပနေပါတယ်။

အဲဒီဖိုရမ်မှာ ရခိုင်ပြည်နယ်မြို့နယ်အသီးသီးက ရခိုင်၊ သက္ကမ၊ သက်၊ မြို၊ မာရမာကြီး၊ ချင်း၊ ခမီ စတဲ့ တိုင်းရင်းသားမျိုးနွယ်စုတွေ ၂၂၀ လောက်ပါဝင် တက်ရောက် ဆွေးနွေးနေကြတာပါ။

ရခိုင်ပြည်နယ်လုံးဆိုင်ရာ အရပ်ဘက်လူမှုအဖွဲ့အစည်းများဖိုရမ် တာဝန်ခံတဦးဖြစ်တဲ့ ဝံလက်ဖောင်ဒေးရှင်းမှ ဒါရိုက်တာ ဦးခိုင်ကောင်းစံက “ကျနော်တို့ ရခိုင်ပြည်နယ်မှာ ရှိနေတဲ့ အရပ်ဘက်အဖွဲ့အစည်းတွေ ငြိမ်းချမ်းရေးဖြစ်စဉ်မှာ ပူးပေါင်းပါဝင်ရေးပေါ့။ အဓိကဦးတည်ပြီးတော့ လုပ်တာပါ။ ဒီနေ့ ဆွေးနွေးချက်တွေကတော့ အမျိုးသားရေးဖြစ်စဉ်တွေမှာ သွားနေတာတွေကို ဆွေးနွေးကြပါတယ်။ ပြီးတော့ စီးပွားရေးနဲ့ အနာဂတ်စီးပွားရေးဆိုင်ရာတွေ ဆွေးနွေးကြတာ” လို့ ပြောပါတယ်။

ဒီဖိုရမ်ကနေရလာတဲ့ အချက်အလက်တွေကို လာမယ့်ဖေဖော်ဝါရီမှာ ကျင်းပမယ့် မြန်မာနိုင်ငံလုံးဆိုင်ရာအဖွဲ့အစည်း ဖိုရမ်မှာ ချပြသွားမယ်လို့ ဦးခိုင်ကောင်းစံက ပြောပါတယ်။

“ကျနော်တို့ အကောင်အထည်ဖော်လုပ်ဆောင်ဖို့ အချက်တွေကတော့ နိုင်ငံတော်အဆင့်မှာရှိတဲ့ နိုင်ငံရေး၊ လုံခြုံရေး၊ စီးပွားရေး၊ လူမှုရေးနဲ့ သံယံဇာတအရေးတို့ ဖြစ်ပါတယ်။ အဲဒါတွေကို ဆွေနွေးလို့ ရလာတဲ့အချက်တွေကို လာမယ့် ဖေဖော်ဝါရီမှာ မြန်မာတနိုင်ငံလုံးဆိုင်ရာ အရပ်ဘက်အဖွဲ့အစည်းဖိုရမ် ရှိပါတယ်။ အဲဒီအကြိုဖိုရမ်မှာ ဒါတွေချပြမယ်။ နောက်တခု အချို့သော အချက်အလက်တွေက လုံးခြုံရေးနဲ့ နိုင်ငံရေးဆိုင်ရာကတော့ အရပ်ဘက်အဖွဲ့အစည်းတွေ တရားဝင်ဆွေးနွေးခွင့် မရဘူးလေ။ အဲဒီအချက်အလက်တွေကျတော့ ရခိုင့်လွတ်မြောက်ရေးပါတီ၊ ရခိုင့်အမျိုးသားပါတီတွေကို ဆွေနွေးမှုတွေရှိပါတယ် ဆိုတာကို တင်ပြသွားဖို့ရှိပါတယ်။”

ဒါ့အပြင် ရခိုင်ပြည်နယ်က အရပ်ဘက်အဖွဲ့အစည်းတွေအနေနဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်မှာ ပါဝင်ဖို့အတွက် အဖွဲ့အစည်း ကိုယ်တိုင်ကလည်း စွမ်းရည်ဖြည့်ဖို့လိုသလို အခြားတိုင်းရင်းသားတွေနဲ့ အချင်းချင်း ပူးပေါင်းဖို့လိုနေသေးတယ်လို့ ဦးခိုင်ကောင်းစံက ဆိုပါတယ်။

သတင်း၊ ဓာတ်ပုံ - ဝဏ္ဏခွာညို

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013