DVB Logo
Home
မြန်မာသတင်း
နိုင်ငံခြားရောက်မြန်မာ ၃၅၀ ကျော် ကြားဖြတ်ရွေးကောက်ပွဲတွင် ကြိုတင်မဲပေးရန် တောင်းခံထား
DVB
·
January 25, 2017
နိုင်ငံခြားရောက်မြန်မာ ၃၅၀ ကျော် ကြားဖြတ်ရွေးကောက်ပွဲတွင် ကြိုတင်မဲပေးရန် တောင်းခံထား
Donate to DVB

ကြားဖြတ်ရွေးကောက်ပွဲမှာ နိုင်ငံခြားရောက်မြန်မာ ၃၅၀ ကျော် ကြိုတင်မဲပေးဖို့ တောင်းခံထားပြီး စင်ကာပူရောက်မြန်မာတွေက ၁၈၀ နဲ့ အများဆုံးဖြစ်ပါတယ်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ကြိုတင်မဲပေးလိုတဲ့ နိုင်ငံခြားရောက်မြန်မာတွေကို သက်ဆိုင်ရာသံရုံးတွေကတဆင့် ပုံစံ ၁၅ နဲ့ တောင်းခံကြဖို့ ကြေညာချက်ထုတ်ပြန်ခဲ့ပြီးတဲ့နောက် ကော်မရှင်က ထုတ်ပေးရမယ့် မဲဆန္ဒရှင် ဦးရေကို ကော်မရှင်ရုံးညွှန်ကြားရေးမှူးချုပ် ဦးတင်ထွန်းက ပြောပြခဲ့တာ ဖြစ်ပါတယ်။

“ကျနော်တို့ဆီကို ပုံစံ ၁၅ နဲ့ ပြည်ပမှာရှိတဲ့ မဲဆန္ဒရှင်တွေ တောင်းတာကတော့ အားလုံးပေါင်း ၃၅၇ ဦး ရှိပါတယ်။ စင်ကာပူနိုင်ငံက အများဆုံးခင်ဗျ။ သူက ၁၇၉ ဦး ရှိတယ်။”

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က နိုင်ငံခြားရောက်မြန်မာတွေ ကြိုတင်မဲပေးနိုင်ဖို့ ကြိုတင်ဆန္ဒမဲလက်မှတ်များကို နိုင်ငံခြားရေးဝန်ကြီးဌာနထံ ဖေဖော်ဝါရီ ၁ ရက်မှာ စတင် လွှဲပြောင်း ပေးအပ်သွားမှာ ဖြစ်ပါတယ်။

ဖေဖော်ဝါရီ ၇ ရက်မှာ ကော်မရှင်က နိုင်ငံခြားရေးဝန်ကြီးဌာနထံ အပြီးလွှဲပြောင်းပေးအပ်မှာဖြစ်ပြီး နိုင်ငံခြားရေးဝန်ကြီးဌာနအနေနဲ့ ၂ ပတ်အတွင်း သက်ဆိုင်ရာ သံရုံးများအရောက် ပေးပို့သွားမှာ ဖြစ်ပါတယ်။

သံရုံးများအနေနဲ့ မဲလက်မှတ်များ ရရှိပြီးတဲ့နောက် သံရုံးများ အဆင်ပြေတဲ့အချိန် မဲပေးနိုင်အောင် လုပ်ဆောင်ရမှာဖြစ်ပါတယ်။

မဲပေးပြီးလက်မှတ်များကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ထံ ၂၀၁၇ ခုနှစ် မတ်လ ၁၅ ရက်နေ့ နောက်ဆုံးထားပြီး ပြန်လည် ပေးပို့ရမှာလည်း ဖြစ်ပါတယ်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ဖေဖော်ဝါရီ ၁ ရက်မှာ နိုင်ငံခြားရေးဝန်ကြီးဌာနထံ ကြိုတင်ဆန္ဒမဲများ လွှဲပြောင်းပေးအပ်တဲ့အခါ နိုင်ငံရေးပါတီများ၊ ရွေးကောက်ပွဲဝင်မယ့် ကိုယ်စားလှယ်များ၊ ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာသူများ၊ မီဒီယာသမားများ လာရောက်ကြည့်ရှု သတင်းရယူနိုင်တယ်လို့ ကော်မရှင်က သတင်းထုတ်ပြန်ထားပါတယ်။

၂၀၁၇ ခုနှစ် ဧပြီ ၁ ရက်ပြုလုပ်မယ့် ကြားဖြတ်ရွေးကောက်ပွဲမှာ မဲဆန္ဒနယ် ၁၉ ခုမှာ ၀င်ပြိုင်ကြမယ့် ပါတီပေါင်း ၂၄ ခုရှိပြီး ကိုယ်စားလှယ်လောင်း ၉၆ ယောက် ၀င်ရောက်ယှဉ်ပြိုင်ကြဖို့ရှိပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013
နိုင်ငံခြားရောက်မြန်မာ ၃၅၀ ကျော် ကြားဖြတ်ရွေးကောက်ပွဲတွင် ကြိုတင်မဲပေးရန် တောင်းခံထား