DVB Logo
Home
မြန်မာသတင်း
ဈေးနှုန်းသက်သာသည့် ကြက်သားအရောင်းဆိုင်များရန်ကုန်တွင် ဖွင့်လှစ်ပေးမည်
DVB
·
January 24, 2017
ဈေးနှုန်းသက်သာသည့် ကြက်သားအရောင်းဆိုင်များရန်ကုန်တွင် ဖွင့်လှစ်ပေးမည်
Donate to DVB

ဈေးနှုန်းသက်သာတဲ့ ကြက်သားအရောင်းဆိုင်တွေကို ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ဈေး ၅ ခုမှာ ပထမဆုံး အကြိမ်အဖြစ် ဖွင့်လှစ်ရောင်းချပေးသွားဖို့ ရှိနေပါတယ်။

ပြည်သူတွေ စားဝတ်နေရေးဖူလုံဖို့နဲ့ ပုံမှန်ရောင်းချနေတဲ့ ဈေးနှုန်းထက် ဈေးနှုန်းချိုသာစွာ ၀ယ်ယူစားသုံးနိုင်ဖို့ ရောင်းချပေးမှာဖြစ်ပြီး ဒီအရောင်းဆိုင်တွေကို ၂ ပတ်အတွင်း ဖွင့်လှစ်သွားမှာ ဖြစ်တယ်လို့ ရန်ကုန်တိုင်းဒေသကြီး မွေးမြူရေးနဲ့ ကုသရေးဦးစီးဌာန ယာယီတိုင်းဦးစီးမှူး ဒေါက်တာကျော်သူက ပြောပါတယ်။

ရန်ကုန်တိုင်းဒေသကြီးအစိုးရရဲ့ ညွှန်ကြားချက်နဲ့ မွေးမြူရေးနဲ့ ကုသရေးဦးစီးဌာန၊ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီနဲ့ အသားတိုးကြက်မွေးမြူထုတ်လုပ်ရောင်းချသူများ အသင်းတို့က ပူးပေါင်းရောင်းချသွားမှာဖြစ်ပါတယ်။

ဒီလိုကြက်သားအရောင်းဆိုင်တွေ ဖွင့်လှစ်ပေးသွားမယ်ဆိုရင် ရန်ကုန်မြို့မှာရှိတဲ့ လူတန်းစားတွေအတွက် အသားစားသုံးမှုနှုန်း မြင့်တက်လာဖို့ရှိသလို ကြက်မွေးမြူရေးအတွက်လည်း အားပေးရာရောက်တယ်လို့ မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး ဦးဝင်းကြိုင်က ပြောပါတယ်။

ဒီရောင်းချမှုကိုလည်း တဦးတယောက်တည်းက အများကြီး ၀ယ်ယူတာမျိုးမဖြစ်အောင် ထိန်းချုပ်ရောင်းချပေးသွားမယ်လို့လည်း ပြောပါတယ်။

မြောက်ဥက္ကလာအမှတ် ၂ ဈေး၊ မြောက်ဥက္ကလာ ဈ ဈေး၊ ထောက်ကြံ့က ရတနာသီရိဈေး၊ ရွှေပြည်သာ ငမောက်ဈေးနဲ့ အောင်ဆန်းဈေးတွေမှာ ရောင်းချသွားမှာ ဖြစ်ပါတယ်။

ဒီဈေးတွေမှာ ဖွင့်လှစ်ရောင်းချပြီးတာနဲ့ နောက်ထပ်ဈေးတွေမှာလည်း ဆက်ပြီးရောင်းချ သွားနိုင်အောင် စီစဉ်နေတယ်လို့ ရန်ကုန်တိုင်းဒေသကြီးမွေးမြူရေးနဲ့ ကုသရေး ဦးစီးဌာနပြောပါတယ်။
သတင်း - သူဇာလင်း

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013