DVB Logo
Home
မြန်မာသတင်း
ကရင်ပြည်နယ် ကျေးရွာ ၁၄၃ ရွာတွင် ဆိုလာမီးစနစ်ရရှိရေး ၅ လအတွင်းဆောင်ရွက်မည်
DVB
·
January 24, 2017
ကရင်ပြည်နယ် ကျေးရွာ ၁၄၃ ရွာတွင် ဆိုလာမီးစနစ်ရရှိရေး ၅ လအတွင်းဆောင်ရွက်မည်
Donate to DVB

ကျေးလက်မီးလင်းရေးအစီအစဉ်အဖြစ် ကရင်ပြည်နယ်မှာ လျှပ်စစ်ဓာတ်အားလိုင်း မချိတ်ဆက်နိုင်သေးတဲ့ ကျေးရွာ ၁၄၃ ရွာကိုလာမယ့် ဖေဖော်ဝါရီလကနေ ဇွန်လအတွင်း အကောင်အထည်ဖော် ဆောင်သွားမယ်လို့ ကြာအင်းဆိပ်ကြီးမြို့နယ် အုပ်ချုပ်ရေးမှူး ဦးမျိုးအောင်က ပြောပါတယ်။

ဇန်န၀ါရီလ ၂၂ ရက်နေ့က ကြာအင်ဆိပ်ကြီးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးရုံးမှာ ဒေသခံ ၂၉ ရွာ ကိုယ်စား လှယ်တွေနဲ့တာဝန်ရှိသူတွေတွေ့ဆုံရှင်းလင်းစဉ် ပြောဆိုခဲ့တာဖြစ်ပြီး တပ်ဆင်မယ့် ဆိုလာမီးတွေကိုလည်း နမူနာအနေနဲ့ လာရောက်ပြသွားခဲ့ပါတယ်။

“ပစ္စည်းက စစ်တောစစ်ပြီးပြီ သို့သော် အမှန်တကယ်တပ်ဆင်တဲ့အခါကျရင် ဘာတွေ အခက်အခဲ ဖြစ်မလဲ နည်းပညာတွေဟာ ဘာတွေကွာဟနေတာရှိလဲဆိုတာ ပညာရှင်တွေကအရင်စစ်ပြီးမှ စိတ်ချပြီ၊ ကြိုက်ပြီဆင်ပါ ဆိုရင် မတ်လထဲ စဖို့တော့၊ ပစည်းမလဲရရင် စနိုင်တယ်။ ပစ္စည်းတွေ မကြိုက်ဘူးလဲပေးမှာဆိုရင်တော့ နောက်ဆုတ်သွားနိုင်တယ်”လို့ အုပ်ချုပ်ရေးမှူး ဦးမျိုးအောင်က အစည်းအဝေးတွင်း ပြောဆိုသွားပါတယ်။
ကျေးလက်မီးလင်းရေးအစီအစဉ်ကို ၂၀၁၆ ခုနှစ်စပိုင်းမှာကရင်ပြည်နယ်ကျေးလက်ဥိးစီးဋ္ဌာနနဲ့ ကမ္ဘာ့ ဘဏ်တို့စတင်ခဲ့ကြပေမယ့် တစ်နှစ်ခန့်ကြာတဲ့ထိ အကောင်အထည်မပေါ်နိုင်သေးဘဲ အခုမှ တခါ ပြန်လည် စတင် အကောင်အထည်ဖော်တာဖြစ်တယ်လို့ ဘားအံကျေးလက်ဦးစီးမှူးက ပြောပါတယ်။

“ကြာအင်းဆိပ်ကြီးဘက်မှာဆိုလို့ရှိရင် ပြည်သူတွေက ဒီဆိုလာပစ္စည်းတွေက ကြံ့ကြာနေတယ်။ ရပါ့ဦးမလား။ ဘယ်တော့များမှရပါ့မလဲဆိုတဲ့ စိုးရိမ်ပူပန်မှုတွေရှိနေတယ်လို့ ကျနော်တို့ ကြားသိရ တယ်။ ဒီလို စိုးရိမ်ပူပန်မှု တွေ မရှိစေဘို့အတွက် ကျနော်တို့က တင်ဒါအောင်မမြင်တဲ့ ICTS Myanmarရဲ့ နမူနာပစ္စည်းတွေကို လာရောက်ပြီး ပြသတာပါ။”

ဒေသခံတွေဘက်က မိမိအသုံးပြုလိုတဲ့ ၀ပ် အမျိုးအစားတန်ဖိုးရဲ့ ၁၀ ရာခိုင်နှုန်းကိုသာ ငွေကြေး ထည့်ဝင်ရတာဖြစ်ပါတယ်။

ကရင်ပြည်နယ်အတွင်း နယ်စပ်ဒေသကျေးရွာအများစုမှာ လျှပ်စစ်မီးသုံးစွဲနိုင်ခြင်း မရှိသေးတဲ့အတွက် ၂၀၁၇/ ၁၈ ဘဏ္ဍာရေးနှစ် ဆိုလာမီးသုံးစွဲသွားနိုင်ရေး တိုးမြှင့်ဆောင်ရွက်သွားမှာဖြစ်တယ်လို့လည်း ကရင်ပြည်နယ် ကျေးလက်ဦးစီးဋ္ဌာနက ပြောဆိုထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013