DVB Logo
Home
မြန်မာသတင်း
အမေရိကန်သံအမတ်ကြီး ချင်းပြည်နယ်ကို ပထမဆုံးအကြိမ်သွားရောက်
DVB
·
January 24, 2017
အမေရိကန်သံအမတ်ကြီး ချင်းပြည်နယ်ကို ပထမဆုံးအကြိမ်သွားရောက်
Donate to DVB

မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီး မာစီရယ်လ်ဟာ ချင်းပြည်နယ် ဖလမ်းမြို့ကို မနေ့က ပထမဆုံး အကြိမ်သွားရောက်ပြီး ဒေသခံတွေနဲ့တွေ့ဆုံကာ ပြည်နယ်အတွင်း အကူအညီပေးရေး ကိစ္စတွေ ဆွေးနွေးခဲ့ပါတယ်။

အမေရိကန်သံအမတ်ကြီးဟာ ခရီးစဉ်အတွင်း ချင်းပြည်နယ်အစိုးရ တာဝန်ရှိသူတွေ၊ ရပ်ကျေးခေါင်းဆောင်တွေ၊ အရပ်ဘက်အဖွဲ့အစည်းတွေနဲ့တွေ့ဆုံကာ အမေရိကန်ပြည်ထောင်စုက ပူးပေါင်းဆောင်ရွက်နိုင်မယ့်အခွင့်အလမ်းတွေနဲ့ ချင်းပြည်နယ်အတွင်း အကူအညီပေးနိုင်မယ့် ကိစ္စတွေနဲ့ပတ်သက်လို့ ဆွေးနွေးမယ်လို့ ရန်ကုန်အမေရိကန်သံရုံး လူမှုကွန်ရက်စာမျက်နှာမှာဖော်ပြပါတယ်။

ဒါ့အပြင် ချင်းမီဒီယာအဖွဲ့အစည်းတွေ၊ ဘာသာရေးအဖွဲ့အစည်းတွေနဲ့လည်း တွေ့ဆုံဖို့ရှိနေတယ်လို့ သိရပါတယ်။ အမေရိကန်သံအမတ်ရဲ့ ချင်းပြည်နယ် ခရီးစဉ်ဟာ ဇန်န၀ါရီ ၂၃ ရက်မှ ၂၅ ရက်ထိ ၃ရက်ကြာမြင့်မှာဖြစ်ပြီး ဖလမ်းမြို့နေ ဟားခါးမြို့ထိဆက်လက်သွား ရောက်ဖို့ရှိနေပါတယ်။

မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ဟောင်း ဒဲရက်မစ်ချဲယ်ဟာလည်း ၂၀၁၅ ဧပြီလက ချင်းပြည်နယ်ကို သွားရောက်ခဲ့ဖူးပါတယ်။

သတင်း-ဓာတ်ပုံ ဆလိုင်းလာလ်နွန်အုပ်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013