ရန်ကုန်မြို့ ခရီးသွားပြည်သူတွေရဲ့ အခက်အခဲတွေကို ဖြေရှင်းပေးနိုင်ဖို့အတွက် Traffic Control Centre မှာ YBS Complain Center ယာယီဖွင့်လှစ်ထားပါတယ်။
အဲဒီမှာ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်တွေ၊ ၈၈ မျိုးဆက်(ငြိမ်းပွင့်)က စေတနာ့ဝန်ထမ်းတွေ၊ ကျောင်းသားကျောင်းသူတွေ၊ ယာဉ်လိုင်းက တာဝန်ခံတွေနဲ့ အစိုးရအဖွဲ့က တာဝန်ရှိ သူတွေ ပူးပေါင်းပြီး ဇန်နဝါရီလ ၂၄ ရက် YBS (၉) ရက်မြောက်နေ့ ပူးပေါင်းဆောင်ရွက်နေကြ ပါတယ်။
YBS လိုင်းပေါင်း ၇၈ လိုင်းရှိတဲ့အထဲက လိုင်းပေါင်း ၂၀ က တာဝန်ရှိသူတွေဟာ ဒီကနေ့အထိ YBS Complain Center နဲ့လာရောက် မပူးပေါင်းသေးဘူးလို့ စေတနာ့ဝန်ထမ်းတွေက ဒီဗွီဘီကို ပြောပါတယ်။











