DVB Logo
Home
မြန်မာသတင်း
အန်အယ်လ်ဒီအစိုးရလက်​ထက်​တွင် ပုဂံကို ယူနက်စကို အသိမှတ်ပြုရရှိရန် တင်သွင်းမည်
DVB
·
January 24, 2017
Donate to DVB

အန်အယ်လ်ဒီအစိုးရလက်ထက်အမီ ပုဂံဒေသက ကမ္ဘာ့အမွေအနှစ် ရှေးဟောင်းစေတီတွေအဖြစ် UNESCO အသိမှတ်ပြုမှုရရှိအောင် ၂၀၁၈ ခုနှစ်မှာ တင်သွင်းသွားမယ်လို့ သာသနာရေးနဲ့ ယဉ်ကျေးမှုဝန်ကြီးဌာနက ပြောပါတယ်။

“ပုဂံဒေသမှာရှိတဲ့ ရှေးဟောင်းစေတီတွေကို ကမ္ဘာ့ယဉ်ကျေးမှု အမွေအနှစ်အဖြစ် အသိမှတ်ပြုမှု ရရှိအောင် UNESCO ကို တင်ပြနိုင်ဖို့ ကျနော်တို့ဝန်ကြီးဌာနက ပြင်ဆင်နေပါတယ်။ ကျနော်တို့ ၂၀၁၈ ခုနှစ်အမီ တင်ပြနိုင်မယ်။ လက်ရှိအစိုးရလက်ထက် ၂၀၂၀ ခုနှစ်မှာ အသိမှတ်ပြုမှု ရရှိမှာ ဖြစ်ပါတယ်။ အဲဒီအတွက် ၂၀၁၈ ခုနှစ်မှာ UNESCO ကို တင်ပြသွားမှာပါ”လို့ သာသနာရေးနဲ့ ယဉ်ကျေးမှုဝန်ကြီးဌာန ညွှန်ကြားရေးမှူးက ပြောပါတယ်။

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို ငလျင်ကြောင့် ထိခိုက်ပျက်စီးသွားတဲ့ စေတီ ၃၀၀ ကျော် ပြုပြင်ပြီးစီးမှုအခြေအနေနဲ့ပတ်သတ်ပြီး ပုဂံယဉ်ကျေးမှုပြတိုက်မှာ ယဉ်ကျေးမှုဝန်ကြီးဌာနက ရှင်းလင်းတင်ပြနေစဉ်မှာ ပြောဆိုခဲ့တာဖြစ်ပါတယ်။

ပုဂံဒေသမှာ လှုပ်ခတ်ခဲ့တဲ့ ငလျင်အရေအတွက်ဟာ လက်ရှိအချိန်ထိ ၁၁ ကြိမ်အထိ လှုပ်ခတ်ခဲ့ပြီး ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013