DVB Logo
Home
မြန်မာသတင်း
အပစ်ရပ်အဖွဲ့များ ဒေသဖွံ့ဖြိုးရေးကြိုးပမ်းဆောင်ရွက်ရန် ဒေါ်အောင်ဆန်းစုကြည်တိုက်တွန်း
DVB
·
January 23, 2017
အပစ်ရပ်အဖွဲ့များ ဒေသဖွံ့ဖြိုးရေးကြိုးပမ်းဆောင်ရွက်ရန်  ဒေါ်အောင်ဆန်းစုကြည်တိုက်တွန်း
Donate to DVB

ငြိမ်းချမ်းရေးမရဘဲ အချိန်ကြာနေပါက တိုင်းပြည်နဲ့ လူထုနစ်နာမှာဖြစ်ပြီး အပစ်အခတ်ရပ်စဲထားတဲ့ တိုင်းရင်းသားနယ်မြေဒေသတွေမှာ ဖွံ့ဖြိုးတိုးတက်ရေး ကြိုးပမ်းဆောင်ရွက်ဖို့ နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်ကပြောပါတယ်။

KNU ဥက္ကဋ္ဌ စောမူတူးစေးဖိုးခေါင်းဆောင်တဲ့ အန်စီအေ လက်မှတ်ထိုးတိုင်းရင်းသားအဖွဲ့တွေရဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ (PPST) ခေါင်းဆောင်တွေနဲ့ ဒီကနေ့ နေပြည်တော်မှာ တွေ့ဆုံစဉ် အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေး ဗဟိုဌာန ဥက္ကဋ္ဌ၊ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကပြောသွားဖြစ်ပါတယ်။

“ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ ခေါင်းဆောင်များနှင့် တွေ့ဆုံပြီး ပွင့်ပွင့်လင်းလင်း ရင်းရင်းနှီးနှီး ဆွေးနွေးခွင့်ရရှိသည့်အတွက် အင်အားများဖြစ်ပေါ်စေကြောင်း၊ စိတ်အားထက်သန်မှုများလည်း ရရှိ ပါကြောင်း၊ ငြိမ်းချမ်းရေးရရှိအောင် ဆောင်ရွက်နိုင်မည်ဟု ယုံကြည်ပါကြောင်း၊ နှေးခြင်း၊ ကြာခြင်းသာ ရှိမည် ဖြစ်ကြောင်း၊ ငြိမ်းချမ်းရေး မရရှိဘဲ အချိန်ကြာမြင့်နေပါက တိုင်းပြည်နှင့် လူထု နစ်နာရမည်သာ ဖြစ်ကြောင်း၊ ပစ်ခတ်တိုက်ခိုက်မှုရပ်စဲထားသည့် တိုင်းရင်းသားနယ်မြေဒေသများ ဖွံ့ဖြိုးတိုးတက်ရေးကို ဆထက်ထမ်းပိုး ကြိုးပမ်းဆောင်ရွက်ကြရန် လိုအပ်ကြောင်း၊ သို့မှသာ ငြိမ်းချမ်းရေး၏ အသီးအပွင့်ကို တိုင်းရင်းသားပြည်သူများ ရရှိခံစားနိုင်ကာ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အပေါ် ယုံကြည်မှု တိုးမြှင့်ရရှိလာ မည် ဖြစ်ကြောင်း။”

ဒါ့အပြင် အန်စီအေ လက်မှတ်ရေးထိုးနိုင်ခြင်း မရှိသေးတဲ့ အဖွဲ့အစည်းတွေနဲ့လည်း ဆွေးနွေးညှိနှိုင်းမှု တွေ တစ်စိုက်မတ်မတ် ပြုလုပ်ဖို့ စဉ်ဆက်မပြတ် ညှိနှိုင်းဆွေးနွေးနေတဲ့အကြောင်းနဲ့ ဆွေးနွေး ညှိနှိုင်းခြင်းဖြင့် အဖြေထွက်လာမယ်လို့ ယုံကြည်ထားကြောင်းလည်း ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။

တိုင်းရင်းသားအဖွဲ့တွေနဲ့ တွေ့ဆုံဆွေးနွေးရာမှာ မြန်မာနိုင်ငံမြောက်ပိုင်းမှာဖြစ်နေတဲ့ တိုက်ပွဲတွေ ကြောင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အပေါ် သက်ရောက်နိုင်မှု၊ မကြာခင်ကျင်းပတော့မယ့် ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ-(၂၁)ရာစုပင်လုံ ဒုတိယအစည်းအဝေးကနေ ခိုင်မာတဲ့ ရလဒ်တွေ ထွက်ပေါ် လာရေး၊ ပစ်ခတ်တိုက်ခိုက်မှုရပ်စဲထားတဲ့ တိုင်းရင်းသားနယ်မြေဒေသတွေ ဖွံ့ဖြိုးတိုးတက်မှုအတွက် ကူညီထောက်ပံ့မှုတွေ ဖြည့်ဆည်း ဆောင်ရွက်ပေးရေးကိစ္စတွေ ဆွေးနွေးခဲ့တယ်လို့ အတိုင်ပင်ခံရုံး က သတင်းထုတ်ပြန်ထားပါတယ်။

တွေ့ဆုံပွဲကို နိုင်ငံတော်အစိုးရဘက်မှ ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေနှင့် ငြိမ်းချမ်းရေး ကော်မရှင်ဥက္ကဋ္ဌ ဒေါက်တာတင်မျိုးဝင်း၊ ပြညထောင်စုအစိုးရအဖွဲ့၏ အမျိုးသားလုံခြုံရေးဆိုင်ရာ အကြံပေးပုဂ္ဂိုလ် ဦးသောင်းထွန်းစသူတွေ တက်ရောက်ပါတယ်။

တိုင်းရင်းသားတွေဘက်ကတော့ ကေအန်ယူခေါင်းဆောင် ဗိုလ်ချုပ်ကြီး စောမူတူးဆေးဖိုး အပါအ၀င် ဗိုလ်မှူးကြီးခွန်ဥက္ကာ၊ ဦးခိုင်စိုးနိုင်အောင်၊ ရဲဘော်သံခဲ၊ စိုင်းခွန်းဆေနှင့် ပြည်ထောင်စု ငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီ ဒုတိယဥက္ကဋ္ဌ ပဒိုစောကွယ်ထူးဝင်းတို့ တက်ရောက်ကြ ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013