DVB Logo
Home
မြန်မာသတင်း
ကျောင်းသားတပ်မတော် ဗဟိုကော်မတီဝင် ဦးမင်းဌေးကို တရားရုံးထုတ်
DVB
·
January 23, 2017
ကျောင်းသားတပ်မတော် ဗဟိုကော်မတီဝင် ဦးမင်းဌေးကို တရားရုံးထုတ်
Donate to DVB

ကချင်ပြည်နယ် ဗန်းမော်အကျဉ်းထောင်မှာ ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး ABSDF ဗဟိုကော်မတီဝင် ဦးမင်းဌေးကို ဒီကနေ့ မိုးမောက်မြို့နယ် တရားရုံးမှာ ဒီကနေ့ ဒုတိယအကြိမ် ရုံးထုတ်ပါတယ်။

ဦးမင်းဌေးကို မတရားအသင်းဆက်သွယ်မှု ပုဒ်မ ၁၇(၁)နဲ့ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် စကခ ၂၁ က ဗိုလ်ကြီးသက်ဆွေလင်းက တရားစွဲထားတာဖြစ်ပြီး ဒီကနေ့ ရုံးထုတ်မှာ တရားလိုဘက်က လာရောက်ခဲ့ပေမယ့် စစ်ဆေးမှုတွေမလုပ်ဘဲ ရုံးပြန်ချိန်းဆိုခဲ့တယ်လို့ အေဘီအက်စ်ဒီအက်ဖ် ဗဟိုဦးဆောင်ကော်မတီဝင် ဆလိုင်းယောအောင်က ပြောပါတယ်။

“ဒီကနေ့ကိုမင်းဌေးကို ရုံးထုတ်တယ်။ ဒါပေမယ့် ဘာမှ စစ်ဆေးမှုတော့မလုပ်ပါဘူး။ ရုံးချိန်း ထပ်ပေးတဲ့သဘောပဲ။ လာမယ့် ဖေဖော်ဝါရီလ ၆ ရက်နေ့ ရုံးပြန်ချိန်းပါတယ်။ ယမန်ကြီး ၂ ပတ်ပေါ့လေ။ ယမန် ၂ ပတ် ပြန်ချိန်းတာ။ စစ်ဆေးမှုတော့ဘာမှမလုပ်ဘူး။ ဒီတခေါက်မှာတော့ တရားလိုဘက်က တာဝန်ရှိတဲ့လူတွေလာပါတယ်။”

ဦးမင်းဌေးကတော့ ကျန်းမာရေးကောင်းမွန်နေပြီး သူလွတ်မြောက်ဖို့အတွက် ဒီကနေ့ NCA အပစ်ရပ် တိုင်းရင်းသားအဖွဲ့တွေ ပူးပေါင်းဖွဲ့ထားတဲ့ ၅ ဦးကော်မတီနဲ့ နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်တို့ တွေ့ဆုံရာမှာ ထည့်သွင်းဆွေးနွေးတယ်လို့လည်း ဆလိုင်းယောအောင်က ပြောပါတယ်။

“ ဒီနေ့မနက်မှာတော့ ကျနော်တို့ဆီက PPST လို့ခေါ်တဲ့ ငြိမ်းချမ်းရေးဦးဆောင်အဖွဲ့နဲ့ NRPC ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ကြပါတယ်။ ဒီနေ့နေ့ခင်းမှာတော့ ကျနော်တို့ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့တွေ့ကြမယ်။ တွေ့တဲ့အခါမှာလည်း ကိုမင်းဌေး ကိစ္စအပါအ၀င်ပေါ့ ကျနော်တို့ ၈ ဖွဲ့နဲ့ အစိုးရအကြားထဲမှာ ရှင်းရမယ့်ကိစ္စလေးတွေ ကျနော်တို့ ဆွေးနွေးဖို့ရှိပါတယ်။ မနက်ပိုင်းမှာတော့ ဒေါ်အောင်ဆန်းစုကြည်နဲ့တွေ့တဲ့အခါက ကျနော်တို့ဘက်က အခြေအနေတွေကို တင်ပြဆွေးနွေးခဲ့ပါတယ်။ ဒါပေမယ့် အဲဒီအဖြေက ကျနော်တို့ သေချာတော့ မသိရသေးဘူး။”

အေဘီအက်စ်ဒီအက်ဖ် ဗဟိုကော်မီတီဝင် ဦးမင်းဌေးဟာ ဒီဇင်ဘာ ၂၈ ရက်နေ့က ဗန်းမော် - လွယ်ဂျယ် ကားလမ်းပေါ်က စိန်လွယ်စစ်ဆေးရေးဂိတ်မှာ ဖမ်းဆီးခဲ့ရတာဖြစ်ပါတယ်။
အေဘီအက်စ်ဒီအက်ဖ်အဖွဲ့ဟာ အစိုးရနဲ့ NCA တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးစာချုပ်မှာ လက်မှတ်ရေးထိုးထားတဲ့ အဖွဲ့တွေထဲက တစ်ဖွဲ့ဖြစ်ပြီး ဦးမင်းဌေးဟာလည်း ငြိမ်းချမ်းရေး ဆွေးနွေးပွဲ တွေမှာပါဝင် တက်ရောက်ဆွေးနွေးနေသူလည်းဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013