DVB Logo
Home
မြန်မာသတင်း
သတင်းစာတွင် တပတ်အတွင်း ကြေညာတောင်းပန်ရမည်ဟု ဂေးအလှမယ်မျိုးကိုကိုစန်း မိခင်ပြော
DVB
·
January 23, 2017
သတင်းစာတွင် တပတ်အတွင်း ကြေညာတောင်းပန်ရမည်ဟု ဂေးအလှမယ်မျိုးကိုကိုစန်း မိခင်ပြော
Donate to DVB

ပုဒ်မ ၆၆ဃနဲ့ တရားစွဲဆိုဖမ်းဆီးခံခဲ့ရတဲ့ ဂေးအလှမယ် မျိုးကိုကိုစန်းမိခင်အနေနဲ့ သူ့သမီးကို နစ်နာစေခဲ့တဲ့သူက နိုင်ငံပိုင် သတင်းစာကနေ ၇ ရက်အတွင်း ကြေညာတောင်းပန်ပေးရမယ်လို့ ဒီနေ့ မနက်ပိုင်းမှာ ကျင်းပပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုလိုက်ပါတယ်။

"အချုပ်ထဲမှာ နေခဲ့ရတယ်ဆိုတာ ရေချိုးလိုက်လို့ ပြန်ပျောက်သွားတာ မဟုတ်ပါဘူး။ ညီမအနေနဲ့ ညီမကို နစ်နာစေခဲ့တဲ့သူကို ပြန်တောင်းပန်ရမယ်လို့ ပြောတာက သရုပ်ဆောင်ဝတ်မှုန်ရွှေရည်နဲ့ ရဲတွေကြားမှာ ညီမကို အမှန်တကယ်နစ်နာစေခဲ့တဲ့သူ ဘယ်သူဆိုတာ မရှင်းလင်းတဲ့အတွက် ဘယ်သူက တောင်းပန်ပါလို့တော့ အတပ်မပြောချင်ပါဘူး"လို့ ဂေးအလှမယ် မျိုးကိုကိုစန်းက ပြောကြားလိုက်တာပါ။

ဂေးအလှမယ် မျိုးကိုကိုစန်းကို ဖေ့ဘုတ်စာမျက်နှာပေါ်က ဆယ်လီဆယ်လီစမောဆိုတဲ့ အနုပညာရှင်တွေကို ဝေဖန်တိုက်ခိုက်နေတဲ့ စာမျက်နှာရဲ့ အက်ဒမင်ဆိုတဲ့ စွပ်စွဲချက်နဲ့ ပုဒ်မ ၆၆ဃ နဲ့ ဇန်န၀ါရီ ၁၇ ရက်နေ့ကစတင်ပြီး ရန်ကင်းရဲစခန်းမှာ ၃ ည ဖမ်းဆီးခံခဲ့ရပြီး အပြစ်မရှိကြောင်း စစ်ဆေးချက်ခံဝန်နဲ့ ဇန်န၀ါရီ ၂၀ ရက်နေ့က ပြန်လည် လွတ်မြောက်လာခဲ့ပါတယ်။

နစ်နာမူအတွက် တောင်းပန်စေလိုကြောင်း အခုလို သတင်းစာရှင်းလင်းပွဲပြုလုပ်ခဲ့တာပဲ ဖြစ်ပါတယ်။ သရုပ်ဆောင် ၀တ်မှုန်ရွှေရည်ကတော့ သူ့အနေနဲ့ မျိုးကိုကိုစန်းကို တိုင်ကြားတာ မဟုတ်ဘဲ ဆယ်လီဆယ်လီစမော စာမျက်နှာကိုပဲ တိုင်ကြားတာလို့ ပြောဆိုထားပါတယ်။ ဒါပေမယ့် နောက်ဆက်တွဲ သက်သေအနေနဲ့တော့ မျိုးကိုကိုစန်းနဲ့ ပတ်သတ်တဲ့ ဖေ့ဘွတ်ခ် စတေးတပ်စခရင်ရှော့တွေကို ပူးတွဲတင်ထားခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013