DVB Logo
Home
မြန်မာသတင်း
ဥက္ကံမြို့တွင် ၁၂ ဘီးယာဉ်ဖြင့် သယ်လာသည့် တရားမဝင်ပိတောက်ခွဲသားများ ဖမ်းမိ
DVB
·
January 22, 2017
ဥက္ကံမြို့တွင် ၁၂ ဘီးယာဉ်ဖြင့် သယ်လာသည့် တရားမဝင်ပိတောက်ခွဲသားများ ဖမ်းမိ
1 / 5
Donate to DVB

တိုက်ကြီးမြို့နယ် ဥက္ကံမြို့မှာ ဇန်န၀ါရီ ၂၁ ရက်နေ့ နေ့လယ်ပိုင်းက တရားမ၀င် ပိတောက်ခွဲသားတွေ တင်ဆောင်လာတဲ့ ၁၂ ဘီးယာဉ်တစီးကို တာဝန်ရှိသူတွေက ဖမ်းဆီးမိခဲ့ပါတယ်။

တိုက်ကြီးမြို့နယ် သစ်တောဦးစီးဌာန တာဝန်ရှိသူတွေ၊ ဥက္ကံနယ်မြေရဲတပ်ဖွဲ့ဝင်တွေနဲ့ သစ်တောရဲတပ်ဖွဲ့ဝင်တွေ ပူးပေါင်းပြီး ၁၂ ဘီးယာဉ်နဲ့ တင်ဆောင်လာတဲ့ တရားမဝင်ပိတောက်ခွဲသား ၆.၆ တန်ကို ဥက္ကံမြို့မိုင်တိုင်အမှတ် (၆၆/၀) မှာ ယာဉ်မောင်းတဦးနဲ့အတူ ဖမ်းဆီးမိခဲ့တယ်လို့ ဥက္ကံဘိနယ်မြေမှ တောအုပ် ဦးသက်နိုင်ဦးက ဒီဗွီဘီကိုပြောပါတယ်။

စစ်ဆေးချက်အရ ယာဉ်ပိုင်ရှင်မှာ ပဲခူးမြို့နေ ဦးစည်သူဖြစ်ကြောင်း၊ ဖမ်းဆီးရမိသူ ယာဉ်မောင်းမှာ ပဲခူးမြို့နေ ဇော်ဝဏ္ဏ ဖြစ်ပြီး တရားမဝင်ပိတောက်ခွဲသားတွေကို အောင်လံမြို့နယ်ကနေ သယ်ဆောင်လာတာလို့ သိရပါတယ်။

ဖမ်းဆီးချိန်မှာ တဦး ထွက်ပြေးလွက်မြောက်သွားခဲ့ပြီး ယာဉ်မောင်း ဇော်ဝဏ္ဏကို သစ်တောအုပ် ဦးသက်နိုင်ဦးက တရားလိုပြုလုပ်ပြီး တိုက်ကြီးမြို့နယ်တရားရုံးမှာ တရားစွဲဆိုသွားမယ်လို့ ဆိုပါတယ်။

၂၀၁၇ ခုနှစ် ဖန်နဝါရီလဆန်းပိုင်းက စတင်ပြီး တိုက်ကြီးမြို့နယ် တဘူးလှဆည်အတွင်းမှာ တရားမဝင်အခြားသားသစ်တန်ရေ ၆၀ နဲ့ တရားမဝင်သစ်ကားဖမ်းဆီးမှု ၂ ကြိမ်ရှိပြီး ပိတောက်ခွဲသားသစ် ၁၃ တန်ကို ဖမ်းစီးရမိခဲ့ကြောင်း တောအုပ် ဦးသက်နိုင်ဦးက ပြောပါတယ်။

မေသွယ်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013