DVB Logo
Home
မေးမြန်းခန်း
ရာသီဥတုအ​ခြေအ​နေနှင့်​ပတ်သက်ပြီး​ မိုး​ဇလလက်​ထောက်ညွှန်မှူး​နှင့်​ ​မေး​မြန်း​ချက်
DVB
·
December 5, 2011
Donate to DVB

၂၀၁၁ ခုနှစ်ဟာ မိုး​ရွာသွန်း​မှုများ​ခဲ့​တဲ့​နှစ် တနှစ် ဖြစ်ခဲ့​ပါတယ်။ ဘယ်​လောက် အတိုင်း​အတာထိ​အောင် မိုး​ရွာသွန်း​မှုများ​ခဲ့​တာပါလဲ။ ဘာ​ကြောင့်​ မိုး​များ​ခဲ့​တာလဲ။ ၂၀၁၁ခုနှစ်ထဲ လူ​သေဆုံး​မှုရှိခဲ့​တဲ့​ သဘာဝ​ဘေး​က​ရော မိုး​များ​တာ​ကြောင့်​ ဖြစ်ခဲ့​တာပဲလား​။ မိုး​လေဝသနဲ့​ဇလ​ဗေဒဦး​စီး​ဌာနက လက်​ထောက်ညွှန်ကြား​ရေး​မှူး​ ဦး​ချစ်​ကျော်ကို ဆက်သွယ်​မေး​မြန်း​ထား​ပါတယ်။

ကျ​နော်တို့​ ၂၀၁၁ ခုနှစ်မှာ ဖြစ်ခဲ့​တဲ့​ ရာသီဥတုအ​နေအထား​ကို ပြန်ကြည့်​မယ်ဆိုရင် အဓိကဇာတ်လိုက်က မိုး​လို့​ပြောလို့​ ရမလား​။ တနှစ်လုံး​ မိုး​မပြတ် ရွာသွန်း​ခဲ့​တာ အဓိကလို့​ ​ပြောလို့​ရမလား​။ ဆရာတို့​ ဘယ်လိုမြင်မိပါလဲ။

“ဟုတ်ပါတယ်။ မိုး​ပါ။ တနိုင်ငံလုံး​မှာ ရွာသွန်း​မြဲထက် ​ကျော်တာကြီး​ပဲ။ ရွာသွန်း​မြဲကို ခါတိုင်း​နှစ်​တွေဆိုရင် ​ကျော်​တော့​ကျော်တာ​ပေါ့​။ စခန်း​တရာမှာ ၃၅၊​ ၄၀ ​လောက်က​ကျော်တာ​ပေါ့​နော်။ ဒီနှစ်က​တော့​ စခန်း​ ၁၀၀ မှာ ၉၀ ​လောက်​ကျော်တယ်။ ရွာသွန်း​မြဲထက်​ကျော်တယ်။ မိုး​များ​တယ်။ ဇန်နဝါရီက​နေ အခုထိက ၂၀၁၁ ဇန်နဝါရီက​နေ ဒီဇင်ဘာထိက မိုး​များ​တဲ့​အ​ခြေကို ​တွေ့​ရတယ်။ အဲဒါမိုး​က များ​တာ​တော့​ အ​ကြောင်း​နှစ်မျိုး​ပေါ့​။ မုတ်သုံက ရွာတယ်။ ပြီး​ခဲ့​တဲ့​ ၂၀၁၁ နှစ်စမှာလည်း​ လာနီညာရှိတယ်။ ​နောက်တခါ မုန်တိုင်း​ငယ်​တွေ​ကြောင့်​ ရွာတယ်။ ​နောက်တခါ အ​နောက်ဘက်က လာတဲ့​ ​လေ​ပွေလှိုင်း​တွေ​ပေါ့​။ ​မြောက်ပိုင်း​ကို ဖြတ်တဲ့​အခါမှာလည်း​ ရွာတယ်။ အဲလိုအ​ကြောင်း​တွေ​ကြောင့်​ ဒီနှစ်က​တော့​ မိုး​များ​တယ်။”

အဲဒီ​တော့​ ကျ​နော်တို့​ ၂၀၁၀ တုန်း​က​တော့​ အပူများ​တယ်။ အပူလွန်ကဲခဲ့​တယ်။ ၂၀၁၁ မှာ​တော့​ မိုး​များ​ပြန်​တော့​ ရာသီဥတု​တွေ သိသိသာသာ တနှစ်နဲ့​တနှစ် မတူ​အောင်​ပြောင်း​လဲ​နေတာက ဘာ​ကြောင့်​ပါလဲ။

“တကမ္ဘာလုံး​ ရာသီဥတု​ပြောင်း​လဲတယ်။ ရာသီဥတု ဘာ​ကြောင့်​ပြောင်း​လဲသလဲဆိုရင်​တော့​ သူ့​ရဲ့​ အရင်း​အမြစ်က​တော့​ အိုဇုန်း​လွှာ​ပေါက်တာရယ်။ စက်ရုံအလုပ်ရုံ​တွေက မီး​ခိုး​ပြာမှုန်​တွေ ထုတ်လွှတ်တာ များ​တာရယ်၊​ အဲဒီအတွက်​ကြောင့်​ ကမ္ဘာကြီး​က ပုံမှန်ထက် ပို​နွေး​လာတယ်။ ပုံမှန်ထက်ပို​နွေး​တာက နှစ်တိုင်း​ကြီး​ ပို​နွေး​လာသလား​ဆို​တော့​ မဟုတ်ဘူး​။ အလွန်ပူတဲ့​နှစ်ပူတယ်။ ​လျော့​ကျသွား​တဲ့​နှစ် ​လျော့​ကျသွား​တယ်။ အဲ​တော့​ ပူမယ့်​နှစ်​တွေက​တော့​ အဆုံး​သတ်သွား​တာ​ပေါ့​။ အဲဒီနှစ်​တွေက​တော့​ အပူချိန်​တွေဘာ​တွေ ထပ်ကုန်တာ​ပေါ့​။ အပူ​လျော့​သွား​တဲ့​နေ့​တွေကျ​တော့​ မိုး​တွေက ရွာလာတယ်။ အဲဒါ​ကြောင့်​ ခုနလို ပူလိုက်မိုး​များ​လိုက် ပြီး​ရင်ပြန်​အေး​သွား​လိုက်၊​ ​အေး​သွား​တယ်ဆိုတာ အခုလို လာနီညာ​တွေဘာ​တွေ ဖြစ်ရင်​တော့​ ပြန်​အေး​သွား​တာ​ပေါ့​။ ဒါ​တောင်မှ လာနီညာဖြစ်တိုင်း​ ​အေး​တာလား​ဆို​တော့​ လာနီညာဖြစ်တိုင်း​ ​အေး​တာမဟုတ်ဘူး​။ အခုနှစ်ဆိုရင် လာနီညာ​ကြောင့်​ အာရှတိုက်က သိပ်မ​အေး​ဘူး​။ အာရှတိုက်က သိပ်မ​အေး​ဘူး​ဆိုတာကို ​တွေ့​ရတယ်။”

နောက်တခုက ဒီနှစ်ကို မုန်တိုင်း​နဲ့​ပတ်သက်တဲ့​ ထူး​ခြား​ချက် ဘာ​တွေ့​ရလဲ။

“မုန်တိုင်း​အကြီး​တွေ​တော့​ မဖြစ်ဘူး​။ ဘင်္ဂလား​ပင်လယ်​အော်ကို ​ပြောတာ​နော်။ အတ္တလန္တိတ် သမုဒ္ဒရာတို့​ ဘာတို့​ ​ပြောတာမဟုတ်ဘူး​။ အဲ​တော့​ ဘင်္ဂလား​ပင်လယ်​အော်မှာ မုန်တိုင်း​အကြီး​ကြီး​တော့​ မဖြစ်ဘူး​။ ဒါ​ပေမယ့်​ အဲဒီမုန်တိုင်း​ငယ်​လေး​တွေ အဆင့်​လောက်နဲ့​ပဲ ​ကော့​ဘဇား​နား​က​နေ ဖြတ်တဲ့​ ၂၀၁၁ ​အောက်တိုဘာ ၁၉ - ၂၀ မှာ ဖြတ်သွား​တဲ့​ မုန်တိုင်း​ငယ်​လေး​က လူ​တွေ​သေ​လောက်​အောင် လျှပ်တပြက် မိုး​တွေရွာပြီး​တော့​ ​ရေ​တွေကြီး​တယ်။ အဲဒီ​နေရာက ပုံမှန်အား​ဖြင့်​ မိုး​နည်း​တဲ့​နေရာ​တွေဖြစ်​တော့​ အဲဒါ​ကြောင့်​ မိုး​များ​ပြီး​ ​ရေကြီး​တာကို သူတို့​အ​နေနဲ့​ အ​တွေ့​အကြုံမရှိဘူး​။ ကြိုတင်ပြင်ဆင်မှုလည်း​ မရှိဘူး​။ အဲဒီအတွက် ဘာဖြစ်လည်း​ဆို​တော့​ သူတို့​ရဲ့​ အသက်အန္တရာယ် ထိခိုက်​စေတယ်။ သူတို့​ရဲ့​ ပစ္စည်း​ဥစ္စာ​တွေ ဆုံး​ရှုံး​ခဲ့​တယ်။ ကျ​နော်တို့​က​တော့​ အမြဲတမ်း​​မျှော်လင့်​တယ်။ သဘာဝ ​ဘေး​အန္တရာယ်​တွေ ဖြစ်နိုင်တဲ့​အခွင့်​အလမ်း​တွေကို ကျ​နော်တို့​က ​နေ့​စဉ်​စောင့်​ကြည့်​ရတာဆို​တော့​ ကျ​နော်တို့​ရဲ့​ ထုတ်ပြန်ချက်​တွေအ​ပေါ်မှာလည်း​ သူတို့​က မှီငြမ်း​ပြီး​တော့​ နား​လည်​အောင်လုပ်ပြီး​ ဘယ်လို​ရှောင်တိမ်း​ရမလဲဆိုတာကို သူတို့​ကိုယ်တိုင် ပါဝင်ပြီး​လုပ်မှ ဖြစ်မယ်။ ဘာဖြစ်လို့​လဲဆို​တော့​ သူတို့​ဒေသ​တွေကိုလည်း​ ကျ​နော်တို့​က ​နေ့​တိုင်း​မသွား​နိုင်ဘူး​လေ။ သို့​သော် ကျ​နော်တို့​က ဘယ်က​နေ ​ပြော​နေရလဲ​ဆို​တော့​ ​ရေဒီယိုက​နေ ​ပြောပြနိုင်တယ်။ တီဗွီက​နေ ​ပြောပြနိုင်တယ်။ သူတို့​ဖုန်း​နဲ့​မေး​ရင် ​ဖြေ​ပေး​တယ်။ အဲဒီလိုမျိုး​တွေ လုပ်ဖို့​လိုတယ်ဆိုတဲ့​ ကနဦး​အသိ​လေး​ကို သူတို့​ကို သိ​စေချင်​သေး​တယ်။”

ခုနက ​ဆွေး​နွေး​သွား​တဲ့​အထဲမှာ အဲဒီတုန်း​က မုန်တိုင်း​နဲ့​ပတ်သက်ပြီး​ ရခိုင်ကိုပဲဝင်မယ်ဆိုပြီး​ ဆရာတို့​ပြော​နေတာ။ အဲဒီတုန်း​က ဆရာ​ဖြေတဲ့​ထဲမှာလည်း​ ပါတယ်။ မြန်မာပြည်အလယ်ပိုင်း​ဒေသမှာ ရုတ်တရက်မိုး​ကြီး​ပြီး​ ​မြေပြိုတာတို့​ ​ရေကြီး​တာတို့​ ဖြစ်နိုင်ပါတယ်လို့​ ​ပြောပါတယ်။။ ဒါ​ပေမယ့်​ သဘာဝအရ ရခိုင်ကိုသွား​ပြီး​တော့​ မည်း​နေ​တော့​ မထင်ဘဲနဲ့​ ကုန်း​တွင်း​မှာ ဝင်​နေ​တော့​ ဆရာခုနက ​ပြောတဲ့​ ပြည်သူ​တွေရဲ့​ သိတတ်မှု awareness အပိုင်း​ပေါ့​။ အဲဒါ​တွေ​ကော အခုဖြစ်သွား​တဲ့​အ​ပေါ်မှာ သင်ခန်း​စာယူပြီး​တော့​ပဲဖြစ်ဖြစ် ​နောင်ကို ဘယ်လိုလုပ်မယ်လို့​ စိတ်ကူး​ထား​လဲဆရာ။ သတိ​ပေး​ဖို့​ပေါ့​။

“အဲဒါကဘာနဲ့​လုပ်မလဲဆို​တော့​ အရင်လုပ်​နေတဲ့​ ယူအန်ဒီပီ (ကုလသမဂ္ဂဖွံ့​ဖြိုး​ရေး​အစီအစဉ်) အဖွဲ့​အစည်း​တွေရှိတယ်။ UN Action Aid ဆိုတဲ့​အဖွဲ့​။ ဒီအဖွဲ့​အစည်း​က နာဂစ်ဖြစ်ခဲ့​တဲ့​ ​ဒေသ​တွေမှာ public aware လုပ်တယ်။ သူတို့​ရဲ့​ လုပ်တဲ့​ လုပ်ငန်း​သက်တမ်း​ပြီး​တော့​ လုပ်ငန်း​တော့​ရပ်သွား​ပြီ။ သို့​သော်လည်း​ အခု​အောက်တိုဘာမှာ ဖြစ်တဲ့​ဟာ​လေး​ကို သင်ခန်း​စာယူပြီး​တော့​ သူတို့​က မြန်မာနိုင်ငံ အလယ်ပိုင်း​ဒေသ​တွေ ရှမ်း​ကုန်း​ပြင်မြင့်​ ​ဒေသ​တွေမှာလည်း​ သဘာဝ​ဘေး​အန္တရာယ်နဲ့​ ပတ်သက်တဲ့​ public awareness ActionAid အလုပ်​တွေကို သူတို့​သွား​လုပ်ချင်တယ်။ ကျ​နော်တို့​ဆီက လိုအပ်တဲ့​ နည်း​ပညာပိုင်း​ဆိုင်ရာ အကူအညီ​ပေါ့​။ ဆိုလိုတာက ကျ​နော်တို့​က မှတ်ချက်​တွေ ​ရေး​ပေး​ရမှာ​ပေါ့​။ လျှပ်တပြက် ​ရေကြီး​တယ်ဆိုတာ ဘယ်လိုအဓိပ္ပာယ်၊​ အဲလို​ရေကြီး​ရင် ဘယ်လို​ရှောင်ရှား​ရမယ်။ ပြင်ဆင်ရမယ်ဆိုတဲ့​ ဟာ​တွေ​ပေါ့​။ ကျ​နော်တို့​က မြန်မာလို​ရေး​ပေး​ရမယ်။ သူတို့​က သင်တန်း​ဆရာ​တွေ ​ရွေး​ချယ်ပြီး​တော့​ သင်တန်း​ဆရာ​တွေကို သင်​ပေး​ရမယ်။ အဲဒီသင်တန်း​ဆရာ​တွေက သွား​ပြီး​တော့​ ​ကျေး​လက်​တွေမှာ သူတို့​နဲ့​အတူတူ ​နေပြီး​တော့​ စာသင်မယ်ဆိုတဲ့​ဟာမျိုး​။ ပညာ​ပေး​ လုပ်မယ်။ အဲဒါ​တော့​ စီစဉ်​နေပါတယ်။”

အဲဒါကို ဘယ်​တော့​လောက် အ​ကောင်အထည်​ဖော်မယ်လို့​ အစီအစဉ်ရှိပါလဲ။

“အဲဒါ​တော့​ ActionAid နဲ့​ အဆိုပြုထား​တယ်။ အထက်က ရန်ပုံ​ငွေ​တွေဘာ​တွေလည်း​ အထက်က ယူအန်ဒီပီလက်​အောက်ခံ အဖွဲ့​အစည်း​တွေကို တင်ရဦး​မှာကို။ သူတို့​ဘက်က အဆင်သင့်​ဖြစ်တယ်ဆိုရင်​တော့​ ကျ​နော်တို့​က သူတို့​လိုချင်တဲ့​မှတ်စု​တွေ အချက်အလက်​တွေ ပြင်ဆင်ထား​ပြီး​သား​ပဲ။ သူတို့​ ပို့​ချခိုင်း​တဲ့​အချိန် သွား​ရောက်ပို့​ချ​ပေး​ရမှာပါ။”

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013