DVB Logo
Home
မြန်မာသတင်း
ရသစာပေ ဖွံ့ဖြိုးမှ ပိုယဉ်ကျေးမည်ဟု သမ္မတဦးထင်ကျော် ပြော
DVB
·
January 22, 2017
ရသစာပေ ဖွံ့ဖြိုးမှ ပိုယဉ်ကျေးမည်ဟု သမ္မတဦးထင်ကျော် ပြော
1 / 7
Donate to DVB

ရသစာပေဖွံ့ဖြိုးမှ လူတွေ ခုထက် ယဉ်ကျေးလာကြမယ်လို့ နိုဘယ်စာပေပွဲ တက်ရောက်ဖွင့် လှစ်ပေးခဲ့တဲ့ သမ္မတဦးထင်ကျော်က ပြောလိုက်ပါတယ်။

ရန်ကုန်မြို့၊ အမျိုးသားဇာတ်ရုံမှာ ဇန်န၀ါရီ ၂၂ ရက်က ပြုလုပ်ခဲ့တဲ့ တတိယအကြိမ် နိုဘယ်-မြန်မာစာပေပွဲမှာ သတင်းထောက်တွေကို ဦးထင်ကျော်က ပြောခဲ့တာ ဖြစ်ပါတယ်။

“ရသစာပေတော့လူငယ်တွေဖတ်စေချင်တယ်။ ဒီအင်တာနက်ကိုပဲ သိပ်အားစိုက်နေတာထက် အချိန်လေးတော့ ခွဲပြီးတော့ လုပ်စေချင်ပါတယ်။ လုပ်ဖို့လိုကိုလိုပါတယ်။ အဲဒါတော့အများကျင့်သုံးစေချင်ပါတယ်။ ဒီရသစာပေဖတ်မှ စိတ်တွေက မရိုင်းပေမယ့် အခုထက်ပိုပြီး ယဉ်ကျေးလာကြမယ်။အဲလိုဖြစ်စေချင်ပါတယ်။”

နိုဘယ်စာပေပွဲတော်ကို ဇန်န၀ါရီ ၂၄ ရက်အထိ ၃ ရက်ကြာပြုလုပ်မှာဖြစ်ပြီး စာရေးဆရာများက စာတမ်းများ ဖတ်ကြားခြင်း၊ စာအုပ်ဆိုင်ပေါင်း ၁၅၀ ခန့်က စာအုပ်များ ခင်ကျင်းရောင်းချခြင်း၊ ရသစာပေပွဲတော် အထိမ်းအမှတ် စာအုပ် ၁၀၀ ကို စီစဉ် ရောင်းချခြင်း စတဲ့ အစီအစဉ်တွေ ပါဝင်ပါတယ်။

ဓာတ်ပုံ - နေရီရီ

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013