DVB Logo
Home
မြန်မာသတင်း
ဖားကန့် ကျောင်းဆရာအသတ်ခံရမှု ဆရာ/ဆရာမများ ဆန္ဒထုတ်ဖော်
DVB
·
January 22, 2017
ဖားကန့် ကျောင်းဆရာအသတ်ခံရမှု ဆရာ/ဆရာမများ ဆန္ဒထုတ်ဖော်
1 / 5
Donate to DVB

ဖားကန့်မြို့မှာ ကျောင်းဆရာ အသတ်ခံရမှုနဲ့ ပတ်သက်ပြီး ဆရာ/မများ သမဂ္ဂက  ဦးဆောင်ပြီး ဇန်နဝါရီ ၂၂ ရက် မနက်ပိုင်းမှာ  ဆန္ဒဖော်ထုတ်ပွဲ ပြုလုပ်ခဲ့ကြပါတယ်။

ကချင် ပြည်နယ် ဖားကန့်မြို့နယ်မှာ ရက်စက်စွာသတ်ဖြတ်ခြင်းခံခဲ့ရတဲ့ ကျောင်းဆရာ အောင်ဇင်ထွန်း အမှုမှန် ပေါ်ပေါက်ရေး၊ ဆရာ/မတွေရဲ့ ဘဝ လုံခြုံရေး၊ လက်နက်ကိုင် လမ်းစဉ် ဖျက်သိမ်းရေး တို့အတွက်  မုံရွာမြို့မှာ မြန်မာနိုင်ငံလုံးဆိုင်ရာ ဆရာ/မများအဖွဲ့ချုပ်က ဦးဆောင်ပြီး ဆရာ ဆရာမပေါင်း ၃၀ လောက် ပါဝင်ပူးပေါင်း ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။

ဒီလို ဆန္ဒဖော်ထုတ်ပွဲတွေကို မုံရွာအပြင် ရန်ကုန်၊ မန္တလေး၊ ကလေး စတဲ့မြို့ကြီးတွေမှာ လည်း ပြုလုပ်သွားမယ်လို့ သိရပါတယ်။

ဖားကန့် နမ့်မဖြစ်ကျေးရွာ အလယ်တန်းပြကျောင်းမှာ အလယ်တန်းပြ ဆရာအဖြစ် တာဝန်ကျနေတဲ့ အသက် ၂၇ နှစ်အရွယ် ဆရာဦးအောင်ဇင်ထွန်းဟာ ဇန်နဝါရီလ ၁၈ ရက်နေ့က ကျောင်းမှာ  နိုင်ငံတော်အလံအလေးပြု တန်းစီကြစဉ် ဆိုင်ကယ်နဲ့လူ ၃ ဦး ရောက်လာပြီး မေးမြန်းစရာရှိလို့ ဆိုပြီး ကျောင်းအုပ်ဆရာမကြီးထံ ခွင့်ပန်ကာ ခေါ်ဆောင်သွားပြီးနောက် ပစ်သတ်ခံရတာဖြစ်ပါတယ်။

ဆရာ ဦးအောင်ဇင်ထွန်းဟာ ကချင်ပြည်နယ် ဟိုပင်မြို့မတောင်ရပ်မှာ နေထိုင်သူ ဖြစ်ပါတယ်။

အောင်ကိုလတ်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013