DVB Logo
Home
မြန်မာသတင်း
ထိုင်းခရီးသည်များကို ကရင်နယ်ခြားစောင့်တပ် ပြန်ပေးဆွဲ၊ မြန်မာဘက်မသွားရန် သတိပေး
DVB
·
January 22, 2017
ထိုင်းခရီးသည်များကို ကရင်နယ်ခြားစောင့်တပ် ပြန်ပေးဆွဲ၊ မြန်မာဘက်မသွားရန် သတိပေး
Donate to DVB

ဇန်နဝါရီလ ၂၁ ရက်နေ့က ထိုင်းနိုင်ငံသား ၃၇ ဦးပါတဲ့ ခရီးသွားအုပ်စုကို ကရင်နယ်ခြားစောင့်တပ် (BGF) က ဓားစာခံအဖြစ် ပြန်ပေးဆွဲခဲ့လို့ မြန်မာနယ်စပ်ဘက် ကန်ချနဘူရီဘက်ကို ခရီးမသွားကြဖို့ ထိုင်းအစိုးရက သတိပေးလိုက်တယ်လို့ နေးရှင်းသတင်းမှာ ဖော်ပြထားပါတယ်။

မြန်မာနိုင်ငံက လာရောက်အလုပ်လုပ်ကိုင်တဲ့ လိင်အလုပ်သမားတွေကို ထိုင်းအာဏာပိုင်တွေက ဖမ်းဆီးမှုနဲ့စပ်လျဉ်းပြီး ပြန်လည်တုံ့ပြန်တဲ့အနေနဲ့ ဇန်နဝါရီလ ၂၁ ရက်နေ့အစောပိုင်းမှာ ကရင်ပြည်နယ် ဘုရားသုံးဆူကို ဖြတ်သွားတဲ့ ထိုင်းခရီးသွားအုပ်စုကို ဖမ်းဆီးလိုက်တာလို့ သိရပါတယ်။

ဒေသခံအာဏာပိုင်၊ ထိုင်းဘုရင့်တပ်မတော်၊ စံခလဘူရီ ရဲအရာရှိ ကဝန်ချိုင်သီရက်က်ကူလ် ဦးဆောင်တဲ့ ထိုင်းအရာရှိတွေ ပါဝင်တဲ့ ဆွေးနွေးညှိနှိုင်းမှု အပြီးမှာတော့ ခရီးသွား ၃၇ ဦးအုပ်စု ပြန်လည်လွတ်မြောက်လာတယ်လို့ ဆိုပါတယ်။

ဒါပေမယ့် နောက်ထပ်ပြန်ပေးဆွဲမှုတွေ ဖြစ်နိုင်ခြေရှိလို့ ဘုရားသူဆူဒေသကို ထိုင်းလူမျိုးတွေ သွားလာဖို့ ရှောင်ကျဉ်ကြရန် ထိုင်းအာဏာပိုင်တွေက သတိပေးလိုက်တာပါ။

ထိုင်း-မြန်မာနယ်စပ်ကိုလည်း ပြန်လည်ဖွင့်ပေးပြီး ထိုင်းခရီးသွားတွေလည်း လုံခြုံစိတ်ချရတဲ့ အနေအထားရှိကာ ထိုင်း-မြန်မာ နယ်စပ်ဟာ အရင်အခြေအနေအတိုင်း ပုံမှန်ပြန်ဖြစ်နေပြီလို့ ကာနယ်လ်ဘန်ရန်သောင်နူယမ်၊ ခြေလျင်တပ်ရင်း ၉ ရဲ့ အကြီးအကဲဖြစ်သူက ပြောပါတယ်။

“ထိုင်းအာဏာပိုင်တွေက သူတို့ရဲ့လူတွေကို ဘာလို့ဖမ်းတာလဲဆိုပြီး ကရင်အုပ်စုက သိချင်တာကြောင့် ဒီလိုဖြစ်သွားခဲ့တာပါ။ ဒါပေမယ့် ဒီကရင်အုပ်စုနဲ့ စကားပြောပြီး ၂ ဖက်ကြား နားလည်မှု ကောင်းကောင်းရသွားပြီးတဲ့နောက် သူတို့တွေက ထိုင်းခရီးသွားတွေအားလုံးကို လွှတ်ပေးဖို့ သဘောတူပြီး နယ်စပ်ကတစ်ဆင့် ထိုင်းနိုင်ငံကို လုံလုံခြုံခြုံပြန်နိုင်ဖို့ ခွင့်ပြုခဲ့တယ်” လို့ ကာနယ်လ်ဘန်ရန်က ပြောခဲ့ပါတယ်။

မြန်မာနိုင်ငံက အသက်မပြည့်တဲ့ လိင်အလုပ်သမားတွေကို စီမံချက်နဲ့ ထိုင်းအာဏာပိုင်တွေက ဖမ်းတဲ့အပေါ် BGF အုပ်စုက စိတ်တိုဒေါသထွက်နေခဲ့တာလို့ အာဏာပိုင်တစ်ဦးက ပြောပါတယ်။

ဇန်နဝါရီလ ၁၈ ရက်နေ့က အသက် ၁၆ နှစ်နဲ့ ၁၇ နှစ်အကြား အသက်မပြည့်တဲ့ လိင်အလုပ်သမား ၆ ဦးနဲ့ လိင်အလုပ်သမားတွေကို ဘုရားသုံးဆူကတစ်ဆင့် ထိုင်းနိုင်ငံကို ခေါ်ဆောင်လာတဲ့ ပွဲစား၂ ဦးကို ထိုင်း လူကုန်ကူးမှု တိုက်ဖျက်ရေး ထိုင်းရဲအဖွဲ့က ဖမ်းဆီးခဲ့တာလို့ သိရပါတယ်။

ထိုင်းရဲတွေရဲ့ စီမံချက်အပေါ် BGF အုပ်စုက ခုချိန်ထိ စိတ်ဆိုးနေပြီး နောက်ထပ်ထိုင်းတွေကို ဖမ်းဆီးမှုဖြစ်နိုင်တာကြောင့် ခုအချိန်မှာ ဘုရားသုံးဆူဘက်ကို ခရီးမသွားသင့်ကြောင်း ထိုင်းအာဏာပိုင်တွေက သတိပေးနေတာလို့ ဆိုပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013