DVB Logo
Home
မြန်မာသတင်း
မအီမြို့ဇာတ်ပွဲ ခိုက်ရန်ဖြစ်ပွားမှုတွင် ရဲတပ်သားတဦး ဓားထိုးခံရ သေဆုံး
DVB
·
January 21, 2017
မအီမြို့ဇာတ်ပွဲ ခိုက်ရန်ဖြစ်ပွားမှုတွင် ရဲတပ်သားတဦး ဓားထိုးခံရ သေဆုံး
Donate to DVB

ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်၊ မအီမြို့အမှတ်(၃)ရပ်ကွက်အတွင်း ညဇာတ်ပွဲတခုမှာ ရဲတပ်သားတဦး ဓားထိုး ခံရလို့ သေဆုံးသွားတယ်လို့ မအီမြို့မြို့မရဲစခန်းက ပြောပါတယ်။

ဇန်နဝါရီ ၂၀ ရက် ည ၁၁ နာရီက မိုးထက်ကြည်စင်အမည်ရှိ ဇာတ်သဘင်ပွဲ စတိတ်ရှိုးကဏ္ဍနဲ့ ဖြေဖျော် နေစဉ်အတွင်း ဇာတ်ရုံဘေးနားမှာ လူငယ်တွေကခုန်ပြီး တဖက်နဲ့တဖက် ခိုက်ရန်ဖြစ်ပွားခဲ့တယ်လို့ ဆိုပါတယ်။

တဖက်နဲ့တဖက်ခိုက်ရန်ပွားနေတာတွေ့လို့ သွားရောက်ဟန်တားခဲ့ရာမှာ အခုလို ဓားထိုး အသတ်ခံရတာလို့ မအီမြို့မြို့မရဲစခန်းကပြောပါတယ်။

“ဇာတ်ပွဲကနေတဲ့အချိန်မှာဖြစ်တာပါ။ ဇာက်စင်ဘေးနာမှာ လူငယ်တွေကနေကြတယ်။ စတိတ်ရှိုးကနေတဲ့ အချိန်မှာ လူငယ်အချင်းချင်းစကားများကြတယ်။ အဲဒီလို များနေတဲ့အချိန်မှာ ကျနော်တို့စခန်းက ရဲတပ်သား ကဝင်ပြီးဟန့်တားတယ်။ အဲဒီမှာအသင့်ဆောင်ထားတဲ့ ဓားနဲ့ ထိုးလိုက်တာပါ။ အထိုးခံရလို့ သိပ်မကြာဘူး၊ ရဲတပ်သားကဆုံးသွားပါတယ်” လို့ ဒီဗွီဘီကို ပြောပါတယ်။

ဓားနဲ့အထိုးခံရပြီး သေဆုံးသွားသူဟာ မအီမြို့မရဲစခန်းမှာ တာဝန်ထမ်းဆောင်နေတဲ့ ရဲတပ်သား ရဲမြင့်ထွန်း ၂၃ နှစ် ဖြစ်ပြီး၊ အသင့်ကိုင်ဆောင်းထားတဲ့ ဓားမြောင်းနဲ့ လည်ပင်းညှပ်ရိုးကြားကို ထိုးသတ်လိုက်တာလို့ မအီမြို့မရဲစခန်းက တာဝန်ရှိသူကပြောပါတယ်။

တရားခံဖြစ်သူ အောင်အောင်သိန်းကို သေဆုံးသူရဲ့ ဖခင်ဖြစ်သူက တရားလိုပြု တိုင်တန်းမှုနဲ့ မအီမြို့မရဲစခန်းက(ပ) ၆/၂၀၁၇ ရာဇသက်ကြီးပုဒ်မ-၃၀၂ နဲ့ အမှုဖွင့် အရေးယူဆောင်ရွက်နေတယ်လို့ ပြောပါတယ်။

အခုလိုခိုက်ရန်ဖြစ်ပွားနေချိန်မှာ ရဲတပ်သားရဲမြင့်ထွန်းက ဇာတ်ပွဲကို အရပ်ဝတ်နဲ့လာကြည့်ပြီး ဟန့်တားခဲ့ဖြစ်တယ်လို့ ရဲစခန်းက ပြောပါတယ်။

ရခိုင်ပြည်နယ်အတွင်း ဇာတ်သဘင်ပွဲတွေမှာ အရက်ဆိုင်တွေ၊ လောင်းကစားမှုတွေ အမြဲပါဝင်နေတာကြောင့် မကြာ ခဏလူသတ်မှု၊ လူသေမှုတွေဖြစ်ပွားလေ့ရှိပြီး၊ ဒါကိုသက်ဆိုင်ရာက ထိထိရောက်ရောက်တားမြစ်တာ၊ အရေးယူဖမ်းဆီးတာတွေ အားနည်းတယ်လို့ ဒေခံတွေက ပြောပါတယ်။

သတင်း-ဝဏ္ဏခွာညို၊ ဓာတ်ပုံ- ဒီဗွီဘီ

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013