DVB Logo
Home
မြန်မာသတင်း
အင်ဒိုနီရှားနိုင်ငံမှ ထောက်ပံ့ရေးပစ္စည်းများ စစ်တွေရောက်ရှိ
DVB
·
January 21, 2017
အင်ဒိုနီရှားနိုင်ငံမှ ထောက်ပံ့ရေးပစ္စည်းများ စစ်တွေရောက်ရှိ
1 / 5
Donate to DVB

လူသားချင်းစာနာထောက်ထားမှု အကူအညီပေးဖို့ အင်ဒိုနီရှားက ကူညီထောက်ပံ့တဲ့ပစ္စည်းတွေဟာ ဇန်နဝါရီ၂၀ ရက်နေ့ ၁၁ နာရီလောက်က ရခိုင်ပြည်နယ် စစ်တွေမြို့ကို ရောက်ရှိလာပါတယ်။

အင်ဒိုနီရှားအစိုးရက ပေးအပ်ပေးလိုက်တဲ့ အဲ့ဒီစားနပ်ရိက္ခာတွေနဲ့ အထောက်ပံ့ပစ္စည်းတွေကို ရန်ကုန်ကနေတဆင့် ကုန်တင်ကား (၁၇) စီးနဲ့ သယ်ဆောင်လာတာဖြစ်ပါတယ်။

ရခိုင်ပြည်နယ် စည်ပင်ဝန်ကြီးဦးမင်းအောင်က “မနေ့က ၁၁ နာရီကျော်လောက်ရောက်ရှိလာပါတယ်။ ပစ္စည်းတွေကို ရခိုင်ပြည်နယ်အစိုးရမှာ ထားပါတယ်။ ခေါက်ဆွဲတို့၊ ဘီစကွက်၊ ကွေကာအုပ်တို့၊ နောက်ပြီး၊ အဝတ်အထည်းနဲ့ ဂျုံအိတ်တွေပါပါတယ်။ မောင်တော ဒေသနဲ့၊ ဘူးသီးတောင်ဒေသမှာ လိုအပ်နေတဲ့သူတွေကို အခက်အခဲ ဖြစ်နေတဲ့သူတွေကို ပို့သွားမှာပါ” လို့ ဒီဗွီဘီကိုပြောပါတယ်။

ဒီကေနေ့နေ့လယ်ပိုင်းမှ  အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီး  Retno.L.P Marsudi တို့ စစ်တွေကိုရောက်ရှိလာမှာဖြစ်ပြီး ရခိုင်ပြည်နယ်၊ အစိုးရအဖွဲ့တွေကို အဲ့ဒီထောက်ပံ့ပစ္စည်းတွေ ပေးအပ်မယ်လို့ ဦးမင်းအောင်က ပြောပါတယ်။

စစ်တွေကနေတဆင့် ထောက်ပံ့ရေးပစ္စည်းတွေတင်ဆောင်ပြီး မောင်တော၊ ဘူးသီးတောင်ဒေသတွေကို ဒီနေ့ ညနေပိုင်းမှာ သင်္ဘောနဲ့ ထွက်ခွာမှာဖြစ်ပါတယ်။

အင်ဒိုနီရှားမှ လူသားချင်းစာနာထောက်ထားမှု အကူအညီပေးအပ်တဲ့ ပစ္စည်းတွေကတော့ လုံချည်၊ အသင့်စား ခြောက်ဆွဲခြောက်၊ ဘီစကွက်ကွေကာအုပ်နဲ့ ကလေးအစားအစားတွေ၊ ဂျုံအိတ် စတာတွေပါဝင်တယ်လို့ သိရပါတယ်။

သတင်း-၀ဏ္ဏခွာညို၊ ဓာတ်ပုံ-RMC

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013