DVB Logo
Home
မြန်မာသတင်း
ဘင်္ဂါလီ ၆၆,၀၀၀ ခန့် ဘင်္ဂါလားဒေ့ရှ် ထွက်ပြေးဟု ကုလ သတင်းထုတ်
DVB
·
January 21, 2017
ဘင်္ဂါလီ ၆၆,၀၀၀ ခန့် ဘင်္ဂါလားဒေ့ရှ် ထွက်ပြေးဟု ကုလ သတင်းထုတ်
Donate to DVB

၂၀၁၆ ခုနှစ် အောက်တိုဘာလကနေ ၂၀၁၇ ခုနှစ် ဇန်နဝါရီ ၁၂ ရက်နေ့အထိ မြန်မာနိုင်ငံ၊ ရခိုင်ပြည်နယ်မြောက်ပိုင်းက ဘင်္ဂါလီ ၆၆,၀၀၀ လောက် ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ထွက်ပြေးရောက်ရှိလာတယ်လို့ ကုလသမဂ္ဂ လူသားချင်းစာနာမှု ဆိုင်ရာ အကူအညီပေးရေးအဖွဲ့က သတင်းထုတ်ပြန်လိုက်ပါတယ်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ဘဇားမြို့ကို နယ်စပ်ဖြတ်ကျော်ရောက်ရှိနေကြတာဖြစ်ပြီး လွန်ခဲ့တဲ့ သီတင်းပတ်တွေထက်စာရင် ထွက်ပြေးလာသူဦးရေ လျော့ကျသွားတယ်လို့လည်း သတင်းမှာ ဖော်ပြပါတယ်။

ဒါပေမယ့် ယာယီအမိုးအကာတွေနဲ့ နေထိုင်မှု၊ နီးစပ်ရာနေရာတွေနဲ့ မြို့တွင်းနေရာတွေ ရွှေ့ပြောင်းမှုမှာ ပိုမိုများပြားလာတယ်လို့လည်း သတင်းကဆိုပါတယ်။

ယာယီအမိုးအကာတွေနဲ့ နေထိုင်လျက်နေတဲ့ စခန်းတွေမှာတော့ ရေနဲ့ပတ်ဝန်းကျင် သန့်ရှင်းရေး ဆိုင်ရာ လိုအပ်ချက်များမှာ ပိုမိုများပြားလာလျက်ရှိပြီး အကူအညီပေးတဲ့ အဖွဲ့အစည်းများက အသစ်ထပ်မံရောက်ရှိလာသူများအတွက် အစားအစာနှင့် အခြားကယ်ဆယ်ရေးပစ္စည်းများကို ဆက်လက်ဖြန့်ဝေပေးလျက်ရှိပါတယ်။

မြန်မာဘက်ကထွက်ပြေးလာသူတွေကို ပြန်ခေါ်ဖို့ နှစ်နိုင်ငံသဘောတူထားကြပေမယ့် ထွက်ပြေးသူအရေအတွက်နဲ့ပတ်သက်လို့ စိစစ်ကြည့်ရဦးမယ်လို့ မြန်မာအစိုးရက ပြောဆိုထားပါတယ်။

၂၀၁၆ ခုနှစ်၊ အောက်တိုဘာလအတွင်း ရခိုင်ပြည်နယ်မောင်တောဒေသမှာ ရဲတပ်ရင်းတွေကို အကြမ်းဖက်တိုက်ခိုက်မှုများဖြစ်ပွားခဲ့ပြီး အခုအချိန်ထိ ဖမ်းဆီးမှုတွေ ဆက်လက် ရှိနေပါတယ်။

 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013