DVB Logo
Home
မြန်မာသတင်း
အုပ်ချူပ်ရေးမှူး ပါဝင်သည့် ဆင်ခိုးဂိုဏ်းအဖွဲ့မှ တရားခံနှစ်ဦး လာရောက်အဖမ်းခံ
DVB
·
January 21, 2017
အုပ်ချူပ်ရေးမှူး ပါဝင်သည့် ဆင်ခိုးဂိုဏ်းအဖွဲ့မှ တရားခံနှစ်ဦး လာရောက်အဖမ်းခံ
Donate to DVB

ရန်ကုန်တိုင်ဒေသကြီး၊ တိုက်ကြီးမြို့နယ်အတွင်း အုပ်ချူပ်ရေးမှူးအပါအဝင် တောဆင်ရိုင်းခိုးသတ်တဲ့ ဂိုဏ်းအဖွဲ့ကို ဒီဇင်ဘာလဆန်းပိုင်းက စတင်ဖမ်းစီးခဲ့ရာ အုပ်ချူပ်ရေးမှူး အပါအဝင် ၆ ဦးဖမ်းစီးရမိပြီး ထွက်ပြေးလွတ်မြောက်နေတဲ့ တရားခံ ၁၄ ဦးအနက် နှစ်ဦးမှာ ဇန်နဝါရီ ၁၉ ရက်က ဥက္ကံနယ်မြေရဲစခန်းမှာ လာရောက်အဖမ်းခံခဲ့တယ်လို့ ဒုရဲအုပ်ဝေဖြိုးလင်းကပြောပါတယ်။

ဖမ်းစီးရမိတဲ့ တရားခံပြေးနှစ်ဦးဖြစ်တဲ့ နေလင်းနဲ့ ကျော်လေင်းအောင် တို့ဖြစ်ပြီး ညအချိန်တောထဲမှာ ဆင်နဲ့ပတ်သတ်တဲ့ ပစ္စည်းများအားလုံးကို အူခုံကျေးရွာကို ပို့ဆောင်ပေးရတယ်လို့ ထွက်ဆိုထားပါတယ်။

ဖမ်းဆီးရမိတဲ့ တရားခံနှစ်ဦးကို (ပ)၂၀၈/၂၀၁၆တောရိုင်းတိရစ္ဆာန်နဲ့ သဘာဝအပင်များ ကာကွယ်ရေးနှင့် သဘာဝနယ်မြေများ ထိန်းသိမ်းရေးဥပဒေ ပုဒ်မ-၃၇(က)နဲ့ အမူဖွင့်အရေးယူထားပြီး ကျန်ထွက်ပြေးတိမ်းရှောင်နေတဲ့ တရားခံတွေကို ဆက်လက်စုံစမ်းနေတယ်လို့ ဒုရဲအုပ်ဝေဖြိုးလင်းက ပြောပါတယ်။

လက်ရှိမှာ တောရိုင်းတိရိစ္ဆာန်နဲ့ သဘာဝအပင်များထိန်းသိမ်းရေး၊ သဘာဝနယ်မြေနယ်မြေ ထိန်းသိမ်းရေးဥပဒေအရ ဆင်ကို ဖမ်းစီးတာသတ်ဖြတ်တာ၊ တရားမဝင် သယ်ဆောင်တာတွေကို အမြင့်ဆုံးထောင်ဒဏ်ထောင် ၇ နှစ်နဲ့ ငွေဒဏ် ၅ သောင်းသတ်မှတ်ထားပါတယ်။

မြန်မာနိုင်ငံမှာ လက်ရှိ တောဆင်ရိုင်းအကောင်ရေ ၂၀၀၀ နဲ့ ၃၀၀၀ လောက်ကျန်ရှိနေပြီး ၂၀၁၀ ခုနှစ် မှ ၂၀၁၆ ခုနှစ်အထိ တောဆင်ရိုင်းများ သဘာဝတောတွင်း သေဆုံးမှု ၇၂ ကောင်၊ တရားမဝင် အမဲလိုက်သတ်ဖြတ်ခံရမှု ၆၁ ကောင်ရှိပြီး ၂၀၁၃ ခုနှစ်က စတင်ကာ နှစ်စဉ်ဆင်ကောင်ရေ ၁၅ ကောင်ကနေ ၃၀ အထိသတ်ဖြတ်ခံနေရတယ်လို့ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဦးစီးဌာနက သိရပါတယ်။

ဆင်သတ်ဖြတ်ခံရမူဟာ ရောဝတီတိုင်းဒေသကြီးမှာ အများဆုံးဖြစ်ပေါ်နေပြီး ပဲခူးတိုင်းဒေသကြီးမှာ ဒုတိယအများဆုံးနဲ့ ရန်ကုန်တိုင်းဒေသကြီးမှာတော့ တတိယအများဆုံး ဖြစ်ပေါ်ခဲ့တယ်လို့ ဆိုပါတယ်။

မေသွယ်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013