DVB Logo
Home
မြန်မာသတင်း
မလေးရှားတွင် ရခိုင်အရေး အိုအိုင်စီစည်းဝေးခဲ့သည့်အပေါ် မြန်မာ စိတ်မကောင်းဖြစ်
DVB
·
January 21, 2017
မလေးရှားတွင် ရခိုင်အရေး အိုအိုင်စီစည်းဝေးခဲ့သည့်အပေါ် မြန်မာ စိတ်မကောင်းဖြစ်
Donate to DVB

ရခိုင်အရေးနဲ့ပတ်သက်လို့ မလေးရှားနိုင်ငံက အိုအိုင်စီ အထူးအစည်းအဝေးခေါ်ခဲ့တဲ့အပေါ် အထူးစိတ်မကောင်းဖြစ်မိတယ်လို့ မြန်မာအစိုးရက ပြောဆိုလိုက်ပြီး မလိုလားအပ်တဲ့ ဖိအားပေးမှု ပြုလုပ်တဲ့အတွက်  နဂိုကတည်းက ရှုပ်ထွေးနေတဲ့  ပြဿနာကို ပိုမိုရှုပ်ထွေးမှုတွေ ဖြစ်ပေါ်စေတယ်လို့ သတင်းထုတ်ပြန်လိုက်ပါတယ်။

ဇန်န၀ါရီ ၂၀ ရက် ရက်စွဲနဲ့ နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ပြောဆိုလိုက်တာဖြစ်ပြီး ရခိုင်ဒေသ ငြိမ်းချမ်းတည်ငြိမ်ရေး၊ လုံခြုံရေးအတွက် ဘယ်သူကမှ အစိုးရလောက် စိုးရိမ်မယ့်သူ မရှိပါဘူးလို့လည်း သတင်းမှာ ဖော်ပြပါတယ်။

ဒါ့အပြင် ရခိုင်အရေးဟာ  ဘာသာရေး ဖိနှိပ်မှုမဟုတ်ဘဲ၊ ပြည်သူတို့ရဲ့ အသက်နဲ့လုံခြုံရေးကို အစွန်းရောက် အကြမ်းဖက် တိုက်ခိုက်မှုမှ ကာကွယ်ရေးအတွက် ဆောင်ရွက်နေရခြင်းဖြစ်တယ်လို့ ရေးသားဖော်ပြပါတယ်။

ရခိုင်ပြည်နယ် ပြဿနာ နဲ့ပတ်သက်ပြီး ရေရှည်တည်တံ့မယ့် ဖြေရှင်းမှုတစ်ရပ် ရရှိရေးကို အာရုံစိုက်ဆောင်ရွက်ခြင်းသည်သာ အသိုက်အဝန်းနှစ်ရပ်လုံးရဲ့ အကျိုးကို အကောင်းဆုံး ဖော်ဆောင်ပေးနိုင်မယ်။ မြန်မာနိုင်ငံ အစိုးရရဲ့ ကြိုးပမ်းဆောင်ရွက်မှုတွေအပေါ် နိုင်ငံတကာ အသိုက် အဝန်း အနေနဲ့ နားလည်မှုနဲ့အပြုသဘောဆောင် ပူးပေါင်းကူညီပေးဖို့ လိုပါတယ်လို့ နိုင်ငံခြားရေးဌာနသတင်းထုတ်ပြန်ချက်မှာ ဖော်ပြလိုက်ပါတယ်။

ဇန်န၀ါရီ ၁၉ ရက်က မလေးရှားနိုင်ငံ၊ ကွာလမ်လာပူမြို့မှာ အစ္စလာမ္မစ်နိုင်ငံများ ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (အိုအိုင်စီ) စည်းဝေးပွဲ ကျင်းပပြုလုပ်ခဲ့ပြီး ရခိုင်မြောက်ပိုင်းကို အထူးကိုယ်စားလှယ်အဖွဲ့တခု စေလွှတ်ဖို့ ဆုံးဖြတ်ခဲ့ကြပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013