DVB Logo
Home
မြန်မာသတင်း
ကြားဖြတ်ရွေးကောက်ပွဲလုံခြုံရေးအတွက် ပြင်ဆင်ရန် ပြည်ထဲရေးဝန်ကြီးညွန်ကြား
DVB
·
January 20, 2017
ကြားဖြတ်ရွေးကောက်ပွဲလုံခြုံရေးအတွက် ပြင်ဆင်ရန် ပြည်ထဲရေးဝန်ကြီးညွန်ကြား
Donate to DVB

လာမယ့် ကြားဖြတ် ရွေးကောက်ပွဲအတွက် လုံခြုံရေးစီမံချက်တွေ စနစ်တကျ ရေးဆွဲဆောင်ရွက် လေ့ကျင့်တာတွေလုပ်ဖို့ ပြည်ထဲရေး ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ကျော်ဆွေက ပြောကြားလိုက်ပါတယ်။

ဒီကနေ့ နေပြည်တော်မှာကျင်းပတဲ့ ၂၀၁၇ ကြားဖြတ် ရွေးကောက်ပွဲဆိုင်ရာ လုံခြုံရေးစီမံခန့်ခွဲမှု ဗဟိုကော်မတီအစည်းအဝေးမှာပြောကြားခဲ့တာလို့ အစိုးရပြန်ကြားရေးသတင်းထုတ်ပြန်ချက်အရ သိရပါတယ်။

ရွေးကောက်ပွဲအကြိုကာလ၊ မဲဆွယ်စည်းရုံးရေး ကာလ၊ ရွေးကောက်ပွဲ ကာလ၊ ရွေးကောက်ပွဲ လွန်ကာလ လုံခြုံရေးဆောင်ရွက် ရမည့် လုပ်ငန်းစဉ်တွေကို ၂၀၁၅ရွေးကောက်ပွဲ တုန်းက ဆောင်ရွက်ခဲ့တဲ့ အတွေ့ အကြုံတွေ အတိုင်း ဆောင်ရွက်သွားကြဖို့၊ လုံခြုံရေးအရေးကြီးဆုံးဖြစ်လို့ ရွေးကောက်ပွဲ ပျက်ပြားစေမယ့် သတင်းလှုပ်ရှားမှုတွေကို လုံခြုံရေး ရှုထောင့်မှ ရှုမြင် သုံးသပ်ပြီး လုံခြုံရေးစီမံချက်တွေ စနစ်တကျ ရေးဆွဲဆောင်ရွက်သွားဖို့နဲ့ ဇာတ်တိုက်လေ့ကျင့်တာတွေလုပ်ဖို့ ဒုဗိုလ်ချုပ်ကြီး ကျော်ဆွေကပြောကြားခဲ့တယ်လို့ဆိုပါတယ်။

ဧပြီလ ၁ ရက်နေ့ ကြားဖြတ် ရွေးကောက်ပွဲကို ကယား၊ချင်း၊ စစ်ကိုင်း၊ ပဲခူး၊ မွန်၊ ရခိုင်၊ ရန်ကုန်နဲ့ ရှမ်းပြည်နယ်မှာ မဲရုံပေါင်း ၂၀၀၀ aလာက်ဖွင့်လှစ်ကျင်းပသွားဖို့ရှိနေပြီး နိုင်ငံရေးပါတီတွေနဲ့ တသီးပုဂ္ဂလ ကိုယ်စားလှယ်လောင်းပေါင်း ၉၅ ယောက်တို့က ရွေးချယ်ခံကြမှာဖြစ်ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013