DVB Logo
Home
မြန်မာသတင်း
အန်စီအေလက်မှတ်မထိုးသေးသူများအတွက် ပိုမိုလမ်းဖွင့်ပေးရန် ကရင်အမျိုးသားထု တောင်းဆို
DVB
·
January 20, 2017
အန်စီအေလက်မှတ်မထိုးသေးသူများအတွက် ပိုမိုလမ်းဖွင့်ပေးရန် ကရင်အမျိုးသားထု တောင်းဆို
Donate to DVB

အန်စီအေ လက်မှတ်မထိုးသေးတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေ အနေနဲ့ ပစ်ခတ်တိုက်ခိုက်မှုတွေရပ်စဲပြီး အန်စီအေမှာ အမြန်ဆုံးပါဝင်လက်မှတ်ရေးထိုးနိုင်ဖို့ အစိုးရနဲ့ တပ်မတော်အနေနဲ့ ပိုမိုလမ်းဖွင့်ပေးဖို့ ကရင်ပြည်နယ်ဘားအံမြို့မှာ ကျင်းပတဲ့ လူမျိုးအလိုက် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲမှာ ကရင်လူထုတွေက တောင်းဆိုလိုက်ပါတယ်။

ဇန်န၀ါရီလ ၁၈ ရက်နေ ၂၀ ရက်နေ့အထိ ကျင်းပခဲ့တဲ့ အစည်းအဝေးအပြီး ထုတ်ပြန်တောင်းဆို လိုက်တာဖြစ်ပြီး အမျိုးသာအဆင့် နိုင်ငံရေးဆွေးနွေးပွဲတွေကို လူမျိုးအလိုက်၊ ဒေသအလိုက်၊ အကြောင်းအရာအလိုက် နိုင်ငံရေးဆွေးနွေးပွဲ ခေါ်ယူကျင်းပနိုင်ခွင့်ရှိတဲ့ အစုအဖွဲ့များဖြင့် နေရာဒေသတွေမှာ ပိုမိုကျယ်ပြန်စွာ ကျင်းပပြုလုပ်ပေးဖို့လည်း တောင်းဆိုထားပါတယ်။

၃ ရက်တာပြုလုပ်တဲ့ ပထမအကြိမ်လူမျိုးအလိုက် ကျင်းပတဲ့ ကရင်အမျိုးသားနိုင်ငံရေးဆွေးနွေးပွဲမှ ရရှိလာတဲ့ ရလဒ်နဲ့ မှတ်တမ်းတွေကိုလည်း လာမယ့် ၂၁ ရာစုပင်လုံ ဒုတိယညီလာခံမှာ တင်သွင်း သွားမှာဖြစ်တယ်လို့ ကရင်အမျိုးသားအစည်းအရုံး ဗဟိုကော်မီတီဝင် ပဒိုစောသမိန်ထွန်းက ပြောပါတယ်။

“နိုင်ငံရေးကဏ္ဍ၊ စီးပွားရေးကဏ္ဍ၊ လူမှုရေးကဏ္ဍ၊ မြေယာနဲ့ သဘာဝပတ်ဝန်းကျင်ကဏ္ဍ ဒီ ၄ ရပ်ကို ဆွေးနွေးတယ်။ ဆွေးနွေးတော့ ဒို့က ဂရုခွဲပြီး workshop ပြန်လုပ်တယ်။ လုပ်ပြီးမှ အဲဒီစုစည်းချက်ကို ပြန်တင်ပြတယ်။ ပြန်တင်ပြပြီးမှ အသိအမှတ်ပြုဖို့ အားလုံးသဘောထားကို ပြန်စုတာကို။ ဒီဟာကို အတည်ပြုတယ်။ အဲဒီ အတည်ပြုတဲ့ဟာကို ၁ ရာစုပင်လုံ ဒုတိယညီလာခံမှာတင်ပြမယ်။ ”

ဒါ့အပြင် အစည်းအဝေးကနေ ရလာတဲ့ ရလဒ်နဲ့ မှတ်တမ်းတွေကိုလည်း ဆက်လက်ဆောင်ရွက်ဖို့ လည်း အတည်ပြုခဲ့ကြတယ်လို့ ကြေညာချက်မှာ ဖော်ပြပါတယ်။

၂၁ ရာစုပင်လုံညီလာခံ(ခေါ်) ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ဒုတိယအကြိမ် ပြန်မစခင် တိုင်းနဲ့ ပြည်နယ်တွေမှာ အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲတွေ ပြုလုပ်ကြတာဖြစ်ပေမယ့် လူမျိုးစုအပေါ် အခြေခံတဲ့ ဆွေးနွေးဟာ ကရင်ပြည်နယ်မှာပဲ ပထမဆုံးကျင်းပနိုင်တာဖြစ်ပါတယ်။
ဒီဆွေးနွေးပွဲကနေ ရရှိလာတဲ့ သဘောထားတွေကို ၂၁ ရာစုပင်လုံညီလာခံမှာ တင်ပြသွားဖို့ ရှိနေပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013