DVB Logo
Home
မြန်မာသတင်း
မန်တုံမြို့နယ်တွင် ကားမိုင်းထိပြီး လူ ၁ ဦးသေဆုံး၊ ရဲဝန်ထမ်းများဒဏ်ရာရ
DVB
·
January 20, 2017
မန်တုံမြို့နယ်တွင် ကားမိုင်းထိပြီး လူ ၁ ဦးသေဆုံး၊ ရဲဝန်ထမ်းများဒဏ်ရာရ
Donate to DVB

 

ရှမ်းပြည်မြောက်ပိုင်း ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ မန်တုံမြို့နယ်ထဲမှာ ဒီကနေ့ မနက်က ကား ၂ စီး ဆွဲမိုင်းထိပြီး  တဦးသေဆုံးကာ ရဲဝန်ထမ်း ၅ ဦး နဲ့ အရပ်သားတဦး ဒဏ်ရာခဲ့ပါတယ်။

ရဲတပ်ဖွဲ့ဝင်တွေစီးနင်းလိုက်ပါလာတဲ့  ဟိုင်းလပ်ကားတစီးနဲ့ ပလောင်ဒေသဦးစီး အဖွဲ့ဝင်လူကြီး တဦးပါ လိုက်ပါလာတဲ့ ဗဲင်ကားတစီးတို့ဟာ မန်တုံမှ လားရှိုးသို့ထွက်ခွာလာစဉ် မနက် ၁၀ နာရီ ၀န်းကျင် ကြူပန့်ရွာအနီးမှာ ဆွဲမိုင်းထိခဲ့တာလို့ နမ္မတူမြို့နယ်ရဲမှူးက ဒီဗွီဘီကို ပြောပါတယ်။

“ကား ၂ စီးက ကျူပန့်ရွာအ၀င်မှာ ဆွဲမိုင်းမိလို့ သေဆုံးဒဏ်ရာရသူတွေရှိပါတယ်။ ရဲတပ်ဖွဲ့ ၀င်တွေစီးလာတဲ့ ဟိုင်းလပ်ကားက  ကားအရှေ့မှန်၊ ယာဘက်ဘော်ဒီနဲ့ နောက်ဘက်က ဘီးပေါက် တယ်။  ရဲဝန်ထမ်း ၅ ယောက်က မိုင်းစထိပြီး လည်ပင်း၊ ပုခံး၊ ပါး၊ လက်ပြင်နဲ့ နံရိုးတွေမှာ ဒဏ်ရာရ တယ်။ ဒဏ်ရာမပြင်းထန်ပါဘူး။ နောက်ဗဲင်ကားတစီးကတော့ လမ်းဘေးချောက်ထဲထိုးကျသွားလို့ ယာဉ်မောင်းက အဲဒီမှာ ပွဲချင်းပြီးသေဆုံးပါတယ်။ အဲဒီကားပေါ် ပါလာတဲ့ ပလောင်ဒေသဦးစီးအဖွဲ့ဝင် ဦးအိုက်ခကတော့ ကားပေါ်က ပြုတ်ကျပြီး ခါးနဲ့ နောက်ေ စ့မှာ ဒဏ်ရာရသွားတယ်။”

ဒဏ်ရာရသူတွေကို နမ္မတူမြို့နယ်ရဲတပ်ဖွဲ့ဝင်နဲ့ နမ္မတူမြို့နယ် လူမှုရေးအသင်းအဖွဲ့တို့က သွားရောက် ခေါ်ဆောင်ပြီး နမ္မတူဆေးရုံကို ပို့ဆောင်ပေးခဲ့ကြကြောင်း ဒဏ်ရာရသူတွေမှာ အသက်အန္တရာယ်စိုးရိမ်စရာမရှိဘူးလို့ သူက ဆက်ပြောပါတယ်။

ဒီမနက် အခင်းဖြစ်ပွားပြီးတဲ့နောက် အဆိုပါ မန်တုံ-နမ္မတူ ကားလမ်းအပိုင်း ယာဉ် အသွားအလာနည်းပါးပေမယ့် သက်ဆိုင်ရာမှ လမ်းပိတ်ထားတာတော့ မရှိဘူးလို့ မြို့နယ်ရဲမှူးက ပြောသွားပါတယ်။

ဓာတ်ပုံ - တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013