DVB Logo
Home
မြန်မာသတင်း
ပုဏ္ဏာကျွန်းတွင် တိုင်းရင်းသားမျိုးနွယ်စုဝင် ဖိုရမ်ကျင်းပ
DVB
·
January 20, 2017
ပုဏ္ဏာကျွန်းတွင် တိုင်းရင်းသားမျိုးနွယ်စုဝင် ဖိုရမ်ကျင်းပ
1 / 5
Donate to DVB

ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်၊ ရခိုင်တိုင်းရင်းသားမျိုးနွယ်စုများ ချစ်ခင်စည်းလုံးညီညွတ်ပြီး အတူတကွ မြို့နယ်ဖွံ့ဖြိုးတိုးတက်ရေးကို ပူးပေါင်းလုပ်ဆောင်ဖို့ ရည်ရွည်ချက်နဲ့ လူငယ်ဖိုရမ်တရပ်ကို ဒီကနေ့ စတင် ကျင်းပနေကြပါတယ်။

အခုလူငယ်ဖိုရမ်ကို ကျင်းပရတာဟာ ပုဏ္ဏားကျွန်းမြို့နယ်က တိုင်းရင်းသားမျိုးနွယ်စုတွေ ချစ်ခင်စည်းလုံးပြီး ဒေသဖွံဖြိုးတိုးတက်ဖို့ လုပ်ဆောင်ရတာလို့ လူငယ်ဖိုရမ်ကျင်းပရေး ပြန်ကြားရေး ဌာနမှ ကိုအေးမင်းစိုးက ဒီဗွီဘီကိုပြောပါတယ်။

“ကျနော်တို့ ဒီဖိုရမ်အချက် ၆ ချက်ကို အဓိကထားပြီး ဆွေးနွေးသွားမှာပါ။ ဒီအချက်တွေကို အဓိက အကောင်အထည်ဖော် လုပ်ဆောင်သွားဖို့ပေါ့။ မဖွံ့ဖြိုးသေးတဲ့ နယ်ပိုင်းတွေ၊ ပညာရေး၊ စီပွားရေးစတဲ့အချက် ၆ ပေါ့။ ဒါကိုဦး စားပေးလုပ်ဆောင်သွားမှာပါ။ ပြီးတော့ ကျနော်တို့ ပုဏ္ဏားကျွန်း မြို့နယ်မှာ တိုင်းရင်းသားမျိုး နွယ်စုတွေချစ်ခင် စည်းလုံးညီညွတ်ပြီးတော့ အတူတကွမြို့နယ်မှာ တိုးတက်ဖွံ့ဖြိုးရေး တွေကိုပူးပေါင်း ဆောင်ရွက်ဖို့ဆိုပြီး လုပ်တာလို့ ပြောပါတယ်။”

သုံးရက်တာ ကျင်းပနေတဲ့ ဖိုရမ်မှာဆွေးနွေးမယ့် အချက်တွေကတော့ လူငယ်နဲ့မူးယစ်ဆေးဝါး၊ လူငယ်နဲ့ ကျန်းမာရေး၊ လူငယ်နဲ့ပညာရေး၊ လူငယ်နဲ့ငြိမ်းချမ်းရေး၊ လူငယ်နဲ့အလုပ်အကိုင်အခွင့်အရေး၊ လူငယ်နဲ့ သဘာဝပတ်ဝန်းကျင်စတဲ့ အချက်တွေကို အဓိကထားဆွေးနွေးသွားမှာ ဖြစ်ပါတယ်။

ဒီဖိုရမ်ကနေ ဆွေးနွေးလို့ရရှိလာတဲ့ အချက်လက်အလက်တွေနဲ့ ရခိုင်ပြည်နယ်လုံးဆိုင်ရာ လူငယ် ညီလာခံတရပ်ကို ကျင်းပသွားမှာဖြစ်ပြီး အဲဒီတဆင့်ရရှိလာတဲ့ အချက်အလက်တွေကို အကောင်အထည် လုပ်ဆောင်သွားဖို့ ပဏာမအနေနဲ့ စီစဉ်ထားတယ်လို့ ပွဲဖြစ်မြောက်တာဝန်ရှိသူ တွေက ပြောပါတယ်။

ပွဲဖြစ်မြောက်ရေးတာဝန်ခံ ကိုအောင်အင်္ဂါအောင်က “လွတ်တော်ကိုယ်စားလှယ်တွေ၊ ပြည်နယ်အစိုးရက တာဝန်ရှိသူတွေ ဒီကနေ့ တက်ရောက်ပါတယ်။ ဒီကနေ့ တက်ရောက်တာမှာတော့ လူပေါင်း ၂၀၀ လောက်ရှိပါတယ်။ သူတို့ နေရေး ထိုင်းရေး၊ စားရေးသောက်ရေး အကုန် အဆင်ပြေအောင်စီစဉ်ထားပေါ့။ ကျနော်တို့ ကျနော်ပုဏ္ဏားကျွန်မြို့နယ် တရွာကိုတဦးစီ ဒီဖိုရမ်ကို တက်ရောက်ကြတာပါ”လို့ ပြောပါတယ်။

ရခိုင်လူမျိုးအပါအဝင် ရခိုင်မျိုးစုတွေဖြစ်ကြတဲ့ ခမိမျိုးနွယ်စု၊ မြိုမျိုးစု၊ ဒိုင်းနက်မျိုးနွယ်စု၊ သက်မျိုးနွယ်စု၊ မာရမာမျိုးနွယ်စုလူမျိုး ၆ မျိုးတက်ရောက်ပြီး ပါဝင်ဆွေးနေကြတာပါ။

အဲဒီဖိုရမ်ကို ပုဏ္ဏားကျွန်းမြို့၊ မြို့တော်ခန်းမှာ ဒီကနေ့ မနက် ၉ နာရီက စတင်ကျင်းပနေတာဖြစ်ပြီး ဇန်နဝါရီ ၂၀ ရက်နေ့ ကနေ ၂၂ ရက်အထိ ကျင်းပမှာဖြစ်ပါတယ်။

သတင်း - ဝဏ္ဏခွာညို၊ ဓာတ်ပုံ - အင်္ဂါအောင်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013