DVB Logo
Home
မြန်မာသတင်း
မယားပါမြေးဖြစ်သူအား အဓမ္မပြုကျင့်ခဲ့မှုဖြင့် ၆၂ နှစ်အရွယ်အဘိုးအိုကို ရဲက ဖမ်းဆီး
DVB
·
January 20, 2017
မယားပါမြေးဖြစ်သူအား အဓမ္မပြုကျင့်ခဲ့မှုဖြင့် ၆၂ နှစ်အရွယ်အဘိုးအိုကို ရဲက ဖမ်းဆီး
Donate to DVB

 

ပဲခူးတိုင်းဒေသကြီး ညောင်လေးပင်မြို့နယ် မဒေါက်ဒေသ စိုင်ကွကျေးရွာအတွင်း ၁၇ နှစ်အရွယ် မယားပါမြေးဖြစ်သူကို အဓမ္မပြုကျင့်စော်ကားခဲ့မှုနဲ့ပတ်သက်ပြီး အဘွားရဲ့ နောက်အိမ်ထောင်ဖြစ်သူကို ညောင်လေးပင်မြို့မ ရဲစခန်းက ဖမ်းဆီးလိုက်ပါတယ်။

ဇန်နဝါရီ ၅ ရက်နေ့က ၁၇ နှစ်အရွယ် မ------ ဟာ နေအိမ်အိပ်ခန်းထဲမှာ တယောက်တည်း အဝတ်ခေါက်နေစဉ် အဘွားရဲ့နောက်အိမ်ထောင်(အဘိုးပထွေး)တော်စပ်သူ အသက် ၆၂ နှစ်အရွယ် ဦးအုန်းမြင့် ရောက်ရှိလာပြီး အလိုမတူဘဲ သားမယားအဖြစ်တကြိမ်၊ ဇန်နဝါရီ ၉ ရက်နေ့က နေအိမ် အိပ်ခန်းအတွင်း တယောက်ထတည်း အိပ်ပျော်နေစဉ် တကြိမ် ပြုကျင့်ခဲ့တယ်၊ ဇန်နဝါရီ ၁၇ ရက်နေ့ ညနေပိုင်းကလည်း နေအိမ်နွားတင်ကုတ်မှာ အဓမ္မထပ်မံပြုကျင့်ဖို့ ကြံစည်စဉ် ရုန်းထွက်ပြီး အဖွားဖြစ်သူကို ပြောကြားခဲ့ပြီးနောက် အဖွားက ရဲစခန်းမှာ လာရောက်အမှုဖွင့်ခဲ့တာလို့ ညောင်လေးပင်မြို့မရဲစခန်းမှ တာဝန်ရှိသူတဦးက ပြောပါတယ်။

“အမှုလာဖွင့်တဲ့အချိန်က ဇန်နဝါရီလ ၁၉ ရက် ညနေ ၆ နာရီလောက်ကဗျ။ အမှုလာတိုင်တော့ မဒေါက်ရဲကင်းစခန်းမှူးနဲ့အဖွဲ့က တရားခံကို ချက်ချင်း သွားဖမ်းကြပါတယ်။ တရားခံကိုသွားဖမ်းပြီး တရားခံကို ကျနော်တို့ ညောင်လေးပင်စခန်း တခါတည်း ခေါ်လာခဲ့ပါတယ်။ လိုအပ်တဲ့ရဲလုပ်ငန်းပေါ့ဗျာ၊ သက်သေတို့ဘာတို့ကို အမြန်ဆုံး ဆက်လက် ဆောင်ရွက် နေတယ်”လို့ ဒီဗွီဘီကို ပြောပါတယ်။

အဆိုပါအမှုနဲ့ ပတ်သက်ပြီး ဦးအုန်းမြင့်ကို ညောင်လေးပင်မြို့ မ ရဲစခန်းမှ ရာဇသတ်ကြီးပုဒ်မ ၃၇၆ နဲ့ အမှုဖွင့်အရေးယူဆောင်ရွက်နေတယ်လို့ သိရှိရပါတယ်။

သတင်း၊ ဓာတ်ပုံ - နေလင်းထိုက်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013