DVB Logo
Home
မြန်မာသတင်း
ပင်လုံတွင်ပြုလုပ်မည့် ပြည်ထောင်စုနေ့အခမ်းအနား ဒေါ်အောင်ဆန်းစုကြည် တက်မည်
DVB
·
January 20, 2017
ပင်လုံတွင်ပြုလုပ်မည့် ပြည်ထောင်စုနေ့အခမ်းအနား ဒေါ်အောင်ဆန်းစုကြည် တက်မည်
Donate to DVB

ရှမ်းပြည်နယ် တောင်ပိုင်း ပင်လုံမြို့မှာ ကျင်းပပြုလုပ်မယ့် ပြည်ထောင်စုနေ့ အခမ်းအနားကို နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တက်ရောက်မယ်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင် ဦးဝင်းထိန်က ပြောပါတယ်။

“အခုကြားတာက ၁၂ ရက်နေ့မှာ ဒေါ်အောင်ဆန်းစုကြည်က အစိုးရအဖွဲ့တွေနဲ့ ပြည်ထောင်စုနေ့အခမ်းအနား တက်မယ်။ ဒါ ပါတီ ဥက္က}အနေနဲ့ တက်တာမဟုတ်ဘူး။ အခမ်းအနားပြီးသွားတော့မှ ပါတီလူငယ်တွေက ၁၂ ရက်နေ့လုပ်မယ်၊ ၁၃ ရက်နေ့လုပ်မယ်။ ဒါကတော့ နှစ်တိုင်းလုပ်နေကြ။ ဒါက တတိယနှစ်” လို့ ဦးဝင်းထိန်က ပြောပါတယ်။

၂၀၁၇ ခုနှစ် ပြည်ထောင်စုနေ့အခမ်းအနားတွေကို နေပြည်တော် MICC 2 နဲ့ ပင်လုံမြို့တို့မှာ ပြုလုပ်မှာဖြစ်ပြီး နိုင်ငံတော်အကြီးအကဲတွေ တက်ရောက်ကြမှာဖြစ်ပါတယ်။ အခြားမြို့တွေတွင်လည်း အထိမ်းအမှတ် အခမ်းအနား ပြုလုပ်မယ်လို့ သိရပါတယ်။

ပြည်ထောင်စုနေ့မှာ နိုင်ငံတော် သမ္မတ အိမ်တော်မှာလည်း ညစာစားပွဲ ပြုလုပ်သွားမှာဖြစ်ကြောင်း၊ ပင်လုံမြို့မှာ ဖေဖော်ဝါရီ ၁၃ ရက်နေ့ (ဗိုလ်ချုပ်အောင်ဆန်းမွေးနေ့) မှာ အားကစားပြိုင်ပွဲတွေ၊ ပျော်ပွဲရွှင်ပွဲတွေ၊ ဗိုလ်ချုပ်အောင်ဆန်းနဲ့ ပတ်သက်တဲ့ ကြာပန်းစကားပြောပြိုင်ပွဲတွေ ကျင်းပပြုလုပ်သွားမယ်လို့ သိရှိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013