DVB Logo
Home
မြန်မာသတင်း
ရေနစ်ပျောက်ဆုံးခဲ့သည့် မုံရွာတက္ကသိုလ်ကျောင်းသား/သူ ၃ ဦးထဲမှ ၁ ဦးအလောင်း ပြန်တွေ့
DVB
·
January 19, 2017
ရေနစ်ပျောက်ဆုံးခဲ့သည့်  မုံရွာတက္ကသိုလ်ကျောင်းသား/သူ ၃ ဦးထဲမှ ၁ ဦးအလောင်း ပြန်တွေ့
Donate to DVB

စစ်ကိုင်းတိုင်းဒေသကြီး ယင်းမာပင်မြို့နယ် လက်ခုတ်ပင်ကျေးရွာရှိ ချင်းတွင်းတံတားအနီးမှာ ရေဆင်းကူးရာကနေ ရေနစ်ပျောက်ဆုံးခဲ့တဲ့ ကျောင်းသူကျောင်းသား ၃ ဦးထဲက ၁ ဦးရဲ့အလောင်းကို  ပြန်လည်တွေ့ရှိပါတယ်။

ကျောင်းသူကျောင်းသား ၃ ဦးဟာ မုံရွာစီးပွားရေးတက္ကသိုလ်မှ စတုတ္တနှစ်တက်ရောက်နေသူတွေဖြစ်ကြပြီး ဇန်န၀ါရီ ၁၈ ရက်က ရွှေတောင်ဦး ဘုရားသွားရောက်ဖူးစဉ် ချင်းတွင်းမြစ်အတွင်း ရေဆင်းကူးရာမှ အခုလို ရေနစ်ပျောက်ဆုံးခဲ့တာပါ။

ရေနစ်ပျောက်ဆုံးခဲ့တဲ့ ကျောင်းသားကျောင်းသူတွေကတော့ အရာတော်မြို့နယ်၊ ရွှေတွင်းကုန်းရွာနေ ကိုကုဋေအောင်၊ ဟုမ္မလင်းမြို့၊ ခိုပဲဝရပ်ကွက်နေ မသန်းသန်းဆင့် နဲ့ ကျွန်းလှမြို့၊ ဧရာမြိုင်ရပ်ကွက်နေ မဟန်နီစိမ့် တို့ဖြစ်ကြပါတယ်။

သူတို့ ၃ ဦးထဲက မသန်းသန်းဆင့်အလောင်းကို ရေဆင်းကူးတဲ့ နေရာတဝိုက်မှာ အဲဒီနေ့ညနေပိုင်းက ရှာဖွေတွေ့ရှိခဲ့တယ်လို့ သိရပါတယ်။

ကျန်ပျောက်ဆုံးနေသူ ကျောင်းသူကျောင်းသား ၂ ဦးကိုတော့ အရန်မီးသတ်တပ်ဖွဲ့ဝင်တွေ၊ ရဲတပ်ဖွဲ့ဝင်တွေနဲ့ ဒေသခံတွေက ဆက်လက်ရှာဖွေနေဆဲ ဖြစ်ပါတယ်။

ဒီနေရာမှာပဲ လွန်ခဲ့တဲ့ ၂၀၁၆ ခုနှစ် ဩဂုတ်လ ၁၁ ရက်နေ့က မုံရွာ စက်မှုအထက်တန်းကျောင်းမှ ကျောင်းသူ ၂ ဦးနဲ့ ကျောင်းသား ၁ ဦးတို့ အလားတူ ရေနစ်ပျောက်ဆုံးမှု ဖြစ်ပေါ်ခဲ့ပါသေးတယ်။

အခုလို နှစ်စဉ်ကြုံတွေ့နေရတဲ့ဖြစ်စဉ်နဲ့ ပတ်သက်ပြီး ၎င်းနေရာကို သတိပေးဆိုင်းဘုတ်တွေ တပ်ဆင်ထားသင့်တယ်လို့ မုံရွာမြို့ခံအချို့ကလည်း ပြောဆိုနေကြပါတယ်။

သတင်းဓာတ်ပုံ - ရန်နိုင်စိုး

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013