DVB Logo
Home
မြန်မာသတင်း
စည်ပင်ဝန်ထမ်း ၁ ဦးအား ဖေ့ဘွတ်ခ်ပေါ် အသရေဖျက်မှုဖြင့် တရားစွဲခံရသူကို ရုံးထုတ်
DVB
·
January 19, 2017
စည်ပင်ဝန်ထမ်း ၁ ဦးအား ဖေ့ဘွတ်ခ်ပေါ် အသရေဖျက်မှုဖြင့် တရားစွဲခံရသူကို ရုံးထုတ်
Donate to DVB

 

ဖေ့ဘွတ်ခ်ပေါ်မှာ စည်ပင်ဝန်ထမ်း ၁ ဦးအား အသရေဖျက်တယ်ဆိုပြီး ဆက်သွယ်ရေး ဥပဒေပုဒ်မ-၆၆(ဃ) နဲ့ တရာစွဲခံထားရတဲ့ ရခိုင်ပြည်နယ်၊ တောင်ကုတ်ဒေသခံတဦးကို ဇန်နဝါရီ ၁၈ ရက် က ၂၂ ကြိမ်မြောက်ရုံးထုတ်စစ်ဆေးခဲ့ပါတယ်။

တောင်ကုတ်မြို့ မြို့နယ်စည်ပင်ဝန်ထမ်းတဦးကို ဖေ့ဘွတ်ခ် ပေါ်မှာ သရေဖျက်မှုနဲ့ အရှက်ရအောင်ရေး တယ်ဆိုပြီး ၂၀၁၆ ခုနှစ် မေလ ၁၀ ရက်က ကိုစိုးသီဟကို တောင်ကုတ်မြို့မြို့မ ရဲစခန်းမှာ အမှုဖွင့်ခဲ့တာပါ။

တရားစွဲဆိုခံထားရသူ ကိုစိုးသီဟက “ဖေ့ဘွတ်ခ် အသုံးအနှုန်းတခုကြောင့် ကျနော့်ကို တရားစွဲဆိုထားပါတယ်။ အဲဒီတုန်းက ကျနော်ဆိုင်ကယ်နဲ့ ဈေးကိုသွားတော့ အခု ကျနော့်ကို တရားစွဲဆိုထားတဲ့ အမျိုးသမီးက စည်ပင်ဦးစီး လာနေတာတောင်ဆိုင်ကယ်ပေါ်က ဘာလို့ မဆင်းတာလဲဆိုပြောတယ်။ အဲဒါနဲ့ပတ်သက်လို့ ကျနော်က ဖေ့ဘွတ်ခ် ပေါ်မှာ ရေးတာကဘောမ၊ လောဘီဆိုပြီးရေးလိုက်တာပါ။ ဒါကြောင့်မကျေနပ်လို့ ကျနော်ကို တရားစွဲတာ။”

Soe thiha ဆိုတဲ့ ဖေ့ဘွတ်ခ် အကောင့်မှာ “ခင်ဗျားတို့ ဦးစီးလာတာ ကျနော်က ဆိုင်ကယ်ပေါ်ဆင်းပြီး အရိုအသေ ပေးရအောင် ခင်ဗျားတို့က ဘုန်းကြီးလား၊ ရဟန်းလား၊ သံဃာလား၊ အဲဒီအမျိုးသမီး အရိုအသေ ဘယ်နေရာပေးရမှန်းမသိ၊ ဘာမသိ ဘောမ၊ လောဘီ လုပ်ချင်နေတာကို” ဆိုပြီး ဖေ့ဘွတ်ခ်ပေါ်မှာ ရေးသားခဲ့တယ်လို့ ကိုစိုးသီဟကပြောပါတယ်။

“တကယ့်လို့ သူ့မအနေနဲ့ ထိခိုက်နစ်နာတယ်ဆိုရင် အဲဒါကိုဖြုတ်ပေးမယ်လို့ စည်ပင်ဝန်ထမ်း တွေ ရှေ့မှာ ပြောခဲ့တယ်။ ပို့စ် ကိုဖြုတ်ခဲ့တယ်။ တောင်းပန်းစာလည်း ရေးပေးခဲ့ပါတယ်”လို့ ကိုစိုးသီဟက ဆက်လက်ပြောပါတယ်။

အဲဒီအမှုနဲ့ပတ်သက်လို့ တရားလိုဖြစ်သူ တောင်မြို့နယ်စည်ပင်သာယာရေးဦးစီးဌာနမှ ဒေါ်ခင်စမ်းလှိုင်က “ကျမတာဝန်ထမ်းဆောင်နေတဲ့ ကာလမှာ စိုးသီဟက ဆိုင်ကယ်စီးပြီး ဝင်လာ တယ်။ ဆိုင်ကယ်ပေါ်မှာ ဆင်းပြီးတွန်းသွားပါလားဆိုပြီး ကျမကပြောပါတယ်။ သူက အစ်မ ကလေး ပါတယ်။ မမြင်ဘူးလား။ ကျမက ကလေးပါလည်း ဆိုင်ကယ်ပေါ်က ဆင်းပြီးတွန်းသွားပါလား။ တွန်းလို့ ရတာပဲ။ အဲဒီလိုပြောတဲ့အခါ ဆိုင်ကယ်ပေါ်ဆင်းရအောင်ကျနော်က အရိုအသေပေးနေရ မလား။ နောက်ပြီးကျမ သရေပျက်အောင် ဖေ့ဘွတ်ခ် မှာတင်တယ်။ ဒါကြောင့်မိသားစုအနေနဲ့လည်း ထိခိုက်တယ်။ ဌာနအနေနဲ့လည်း ထိခိုက်တယ်။ ဒါကြောင့်တရားစွဲတာ” လို့ ပြောပါတယ်။

ကိုစိုးသီဟအမှုကိုလိုက်ပါဆောင်ရွက်နေသူ အထက်တန်းရှေ့နေဒေါ်နွေးနွေးက “ဘောမဆိုတဲ့ စကားလုံးနဲ့ အပေါ်မှာ ကျမတို့ဘက်ကထုချေတာကတော့၊ ကျမတို့က ဒေါ်ခင်စမ်းလှိုင် အပေါ်မှာ ဝေဖန်ခြင်းသာ ဖြစ်တယ်။ သူမကို အသရေပျက်အောင်ပြုလုပ်တာ မဟုတ်ဘူး။ ဘောမဆိုတဲ့ စကားလုံးကလည်း ဦးစီးအရာရှိကိုဖေးဖေးမမ လုပ်ဆောင်တဲ့သဘောမျိုး သူပြောဆိုခဲ့တာဖြစ်တယ်။ ဒါကို ကိုစိုးသီးဟ လွတ်လွတ်လပ်လပ်ဝေဖန်ပြော ဆိုတာပဲရှိပါတယ်။ သရေဖျက်တာ မလုပ်ဆောင် ပါဘူး။ ဘောမှတို့ လောဘီတို့ဆိုတာ ဖေ့ဘွတ်ခ် ပေါ်မှာ ကျယ်ကျယ်ပြန့်ပြန့်သုံးစွဲနေတာလေ”လို့ ပြောပါတယ်။

ရခိုင်ပြည်နယ်မှာ ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆(ဃ) နဲ့ တရားစွဲခံထားရတဲ့သူ ၂ ဦးရှိပြီး၊ ကိုစိုးသီဟကို တရားစွဲဆိုမှုဟာ ပထဦးဆုံးဖြစ်ပါတယ်။ အခုလိုစွဲဆိုမှုပြုလုပ်တဲ့အပေါ် ဝေဖန်မှုတွေ ထွက်နေပြီး ဒီအပေါ်မှာ လွတ်လပ်စွာပြောဆိုခွင့်ကို နှုတ်ပိတ်သလိုဖြစ်နေတယ်လို့ တောင်ကုတ်မြို့ နိုင်ငံရေး လှုပ်ရှားသူတဦးက ပြောပါတယ်။

သတင်း-ဝဏ္ဏခွာညို

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013