DVB Logo
Home
မြန်မာသတင်း

မုံရွာတွင် မူးယစ်ဆေးနှင့် အကောက်ခွန်မဲ့ တရားမဝင်အိမ်သုံးဆေးဝါးများ ဖမ်းမိ

အောင်ကိုကိုလတ် (နေပြည်တော်)
·
January 19, 2017
မုံရွာတွင် မူးယစ်ဆေးနှင့် အကောက်ခွန်မဲ့ တရားမဝင်အိမ်သုံးဆေးဝါးများ ဖမ်းမိ
1 / 7
Donate to DVB

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ ချင်းတွင်းတံတားလမ်းအသုံးပြုခ ကောက်ခံရေးဂိတ်မှာ မူးယစ်ဆေးဝါးနဲ့ အကောက်ခွန်မဲ့ တရားမဝင်အိမ်သုံးဆေးဝါးတွေ ဒီနေ့မနက်အစောပိုင်းက ဖမ်းမိခဲ့ပါတယ်။

သတင်းအရ မုံရွာမြို့မရဲတပ်ဖွဲ့က တမူးကနေ ရန်ကုန်ကို ထွက်ခွာလာတဲ့ ယာဉ်အမှတ် YGN-5F/3890 တင့်တိုင်းအောင် Express ကားကို ရပ်တန့်စစ်ဆေးရှာဖွေရာ ယာဉ်မောင်း ဇော်ခိုင်ဦး ထိုင်ခိုင်နောက် ဘေးလွယ်အိတ်အတွင်း ထည့်လာတဲ့ ဘိန်းစိမ်းလို့ ယူဆရတဲ့ ၁၈၀ ဂရမ်လောက်ပါ အနက်ရောင် အစေးထုပ် ၁ ထုပ်၊ 88 နှင့် 1 ပါ ပန်းရောင်စိတ်ကြွရူးသွပ်ဆေးပြား ၁၆၆ ပြားပါ ၁ ထုပ်တို့ကို ဖမ်းဆီးရမိခဲ့ပါတယ်။

အဲဒီနောက် ကားကို ဆက်လက်စစ်ဆေးရှာဖွေရှာ ကားအောက်ပိုင်း ပစ္စည်းထည့်ရာနေရာမှ အကောက်ခွန်မဲ့ တရားမဝင် အိမ်သုံးဆေးဝါး ၃၅ မျိုးပါ ဂျပ်စက္ကူဖာပုံး အရွယ်စုံ ၃၀ ကျော်ကိုလည်း ထပ်မံဖမ်းဆီးရမိခဲ့တယ်လို့ မုံရွာမြို့ မြို့မရဲစခန်းမှူး ဒုရဲမှုးသိန်းဆွေမြင့်က ပြောပါတယ်။

“ဒါက မူးယစ်တပ်ဖွဲ့စုကို သတင်းပေးတဲ့ အမှုပါ။ မူးယစ်တပ်ဖွဲ့စုက ရဲအုပ်ဇော်မျိုးထွန်းတို့အဖွဲ့နဲ့ ချင်းတွင်းတံတားဂိတ်ကနေ စောင့်ဆိုင်းပြီး ရှာဖွေတဲ့အခါမှာ မူးယစ်ဆေးဝါး၊ ဘိန်းစိမ်းလို့ ယူဆရတာရယ်၊ 88 WY ၁၆၆ ပြားနဲ့ အိမ်းသုံဆေးဝါးတွေ တွေ့ရပါတယ်။ အဲဒါနဲ့ပတ်သက်လို့ မူးယစ်ဆေးဝါးနဲ့ တမှုဖွင့်ထားတယ်။ အိမ်သုံးဆေးဝါးကတော့ အမျိုးသားဆေးဝါးဥပဒေပုဒ်မ ၁၈ နဲ့ ထပ်ဖွင့်ထားပါတယ်။ မူးယစ်ဆေးဝါး ဖမ်းမိတာကတော့ ဒီနှစ်ထဲမှာ ၂ ကြိမ်မြောက်ပါ။ အရင်ကတော့ နည်းပါတယ်။”

အခုလို ဖမ်းဆီးရမိမှုနဲ့ပတ်သက်ပြီး မူးယစ်(ပ)၂/၂၀၁၇၊ မူးစိတ် ၁၅/၁၉(က)/၂၁တို့အရ အမှုဖွင့်အရေးယူထားပြီး တရားမဝင် အိမ်သုံးဆေးဝါးတွေအတွက် အမျိုးသားဆေးဝါးဥပဒေပုဒ်မ ၁၈ အရ အရေးယူဆောင်ရွက်ထားတယ်လို့ ဆိုပါတယ်။

၂၀၁၇ ခုနှစ်အတွင်း မုံရွာမြို့မှာ မူးယစ်ဆေးဝါးဖမ်းဆီးရမိမှုက ဒုတိယအကြိမ်ဖြစ်ပြီး တရားမဝင်အိမ်သုံးဆေးဝါးကတော့ ပထမအကြိမ် ဖြစ်ပါတယ်။

အောင်ကိုလတ်

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013