DVB Logo
Home
မြန်မာသတင်း
မွန်ရိုးရာယဉ်ကျေးမှု အဆိုအကများ မပျောက်ပျက်ရေး ထိန်းသိမ်းရန် လိုအပ်
DVB
·
January 19, 2017
မွန်ရိုးရာယဉ်ကျေးမှု အဆိုအကများ မပျောက်ပျက်ရေး ထိန်းသိမ်းရန် လိုအပ်
1 / 4
Donate to DVB

မွန်တိုင်းရင်းသားရိုးရာယဉ်ကျေးမှု အဆို အကများ မပျောက်မပျက် ထိန်းသိမ်းသွားဖို့ လိုအပ်နေတယ်လို့ ရေးမြို့နယ် မွန်စာပေနှင့် ယဉ်ကျေးမှုကော်မတီဝင်ဒုက္ကဋ္ဌ ဦးမင်းအောင်စိုးက ပြောပါတယ်။

မွန်ပြည်နယ်မှာ မွန်တိုင်းသားလူမျိုး အများဆုံးနေထိုင်ရာ မွန်ယဉ်ကျေးမှု အဆို အက အတီးအမှုတ်များကို မပျောက်မပျက် ထိန်းသိမ်းကာကွယ်သွားကြဖို့နဲ့ ဆက်လက်ရေရှည် တည်တံ့ခိုင်မြဲအောင် လိုအပ်နေတယ်လို့ ဆိုပါတယ်။

မွန်ယဉ်ကျေးမှု အဆို အက အတီးအမှုတ်တွေက မွန်တပင်တိုင် ယိမ်းခေတ်ဟောင်း နှစ်ပါးသွားအကအပြင် မိကျောင်းတူရိယာပတ်ကိုင်း ထောင်တယော၊ ပလွေကြီး၊ ပတ္တလား အတီးများကို အနည်းငယ်သာ လူထုတွေအကြားမှာ တင်ဆက်နိုင်ခဲ့တယ်။

အဆိုပါမွန်ယဉ်ကျေးမှုအမွေအနှစ်တွေကို ရေရှည်တည်တံ့ဖို့ သင်တန်းတွေ ဖွင့်လှစ်ပေးတာ၊ ကလေးလူငယ်တွေ စိတ်ပါဝင်စားလာအောင် စည်းရုံးလှုံ့ဆော်ပေးတာ၊ တိုင်းရင်းသားလူငယ်တွေကိုလည်း လက်ဆင့်ကမ်းအမွေအနှစ်များ ဆက်လက်ထိန်းသိမ်းဖို့အတွက် ပညာရှင်တွေကို မွေးထုတ်ပေးတာတွေ လိုအပ်နေတယ်လို့ ဦးမင်းအောင်စိုးက ဆက်ပြောပါတယ်။

ရှေးမွန်ဘုရင်လက်ထက် မွန်ယဉ်ကျေးမှု အမွေအနှစ်အထွန်းကားဆုံးမှာ ခေတ်သုံးခေတ်ဖြစ်သော ဒွါရဝတီ၊ ပဲခူးဟံသာဝတီ၊ မုတ္တမခေတ်တို့ဟာ မြန်မာနိုင်ငံမှာ ထွန်းလင်းတောက်ပဆုံးခေတ်တွေ ဖြစ်ခဲ့ပြီး ၁၉၅၅ ခုနှစ် ဝန်ကြီးချုပ်ဦးနု လက်ထက်က ထိုင်း-မြန်မာ ချစ်ကြည်ရေးအတွက် မွန်ယဉ်ကျေးမှုအကအဖွဲ့ သွားရောက်ဖျော်ဖြေတင်ဆက်ရာမှာ ရွှေတံဆိပ်ချီးမြှင့်ခံခဲ့တယ်လို့ ဆိုပါတယ်။

ဒီနေ့ခေတ်ကာလမှာ မွန်ယဉ်ကျေးမှုအမွေအနှစ်တွေကို အစိုးရ၊ ပြည်သူ၊ ပညာရှင်တွေ စည်းလုံးညီညွတ်ပူးပေါင်းဆောင်ရွက်ဖို့ လိုအပ်နေပြီး အမွေအနှစ်တွေ ပျောက်ကွယ်သွားမှာကို စိုးရိမ်နေရတယ်လို့ ဆိုပါတယ်။

နေမျိုးထွဋ်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013