DVB Logo
Home
မြန်မာသတင်း
ကျောက်တော် မဟာမုနိဘုရားကိုယ်ပေါ်မှ ရွှေ ၁၁၀၇ ကျပ်သားရရှိ
DVB
·
January 18, 2017
ကျောက်တော် မဟာမုနိဘုရားကိုယ်ပေါ်မှ ရွှေ ၁၁၀၇ ကျပ်သားရရှိ
1 / 3
Donate to DVB

 

ရခိုင်ပြည်နယ်က အထင်ကရ ရှေးဟောင်းသမိုင်းဝင်ဘုရားတဆူဖြစ်တဲ့ ကျောက်တော်မဟာမုနိ ဘုရားကိုယ်ပေါ်မှာ ကပ်လှူထားတဲ့ ရွှေတွေကို ခွာချလို့အပြီးမှာ မသန့်စင်ရသေးတဲ့ စုစုပေါင်း ရွှေ ၁၁၀၇ ကျပ်သားရရှိခဲ့တယ်လို့ ဂေါပကအဖွဲ့က ပြောပါတယ်။

ဇန်နဝါရီ ၁၂ ရက်နေ့ကစလို့ မန္တလေးရှေးဟောင်းသုတေသုနအဖွဲ့က ရွှေခွာတဲ့ပညာရှင်ရဲ့ အကူအညီနဲ့ ၁၆ ရက်နေ့အထိ ခွာယူခဲ့တာဖြစ်ပြီး မသန့်စင်သေးရတဲ့ ရွှေအလေးချိန် ၁၁၀၇ ကျပ်သား ရရှိခဲ့တယ်လို့ကျောက်တော် မဟာမုနိဘုရားဂေါပကဥက္ကဋ္ဌ ဦးညိုသာလှက ဒီဗွီဘီကို ပြောပါတယ်။

“အားလုံးရရှိတဲ့ ကျပ်ချိန်က ၁၁၀၇ ကျပ်ရရှိပါတယ်။ အားလုံးအဲ့လောက်ရတာပေါ့။ မနက်ဖြန် ရွှေတွေကို သန့်စင်မှာ ဖြစ်ပါတယ်။ သန်ဘက်ခါကျလောက်မှာ သန့်စင်လို့ရတဲ့ ရွှေတွေ ဘယ်လောက်လဲ ဆိုတာ ပြောပြနိုင်မှာပါ။ ဘုရားပေါ်က ရွှေတွေကိုတော့ အားလုံးခွာချလို့ ပြီးသွားပါပြီ။ အခုပြန်ပြီးတော့ ရွှေသင်္ကန်း ကပ်ထားပါတယ်။”

လက်တလောမှာတော့ ဘုရားပေါ်မှာကိုယ်ပေါ်မှာ စလွယ်သိုင်းထားတွေ၊ နားတောင်း ၀တ်ဆင်ထား ကျန်ရှိနေပြီး အခုရရှိတဲ့ ရွှေတွေဟာ မကိုဋ်တော်အပါအဝင် ဘုရားခန္ဓာကိုယ်ပေါ်မှ ရရှိလာတာဖြစ်ပါတယ်။

အခုရရှိတဲ့ရွှေတွေကို သန့်စင်ပြီးနောက်မှာ ရရှိတဲ့ရွှေတွေကို ကိုယ်ပွားတော်တဆူသွင်းလုပ်ဖို့ အကြမ်းအနေနဲ့ စီစဉ်ထားပြီး လာမယ် ၂၃ ရက်နေ့မှာ အစည်းအဝေးမှာဆုံးဖြတ်ချမယ်လို့ သူက ဆက်လက်ပြောပါတယ်။

“ဒီရရှိတဲ့ရွှေတွေကိုတော့ ကိုယ့်ပွားတော်တဆူသွင်းလုပ်ဖို့လို့ အကြမ်းအားဖြင့်ဆောင်ရွက်သွား ဖို့ ပြောထားတာ ရှိတယ်။ ကျနော်တို့ သြဝါစရိယဆရာတော်တပါးက မိန့်ထားတာရှိပါတယ်။ ဆုံးဖြတ်ချက် ကတော့ အခုလာမယ်ဖို့ ၂၃ ရက်နေ့မှာ သံဃာ့ဝန်ဆောင်တွေ၊ ဗဟိုဝန်ဆောင်တွေ ပင့်ဖိတ်ထားပါတယ်။ အဲ့ဒီနေ့ကျရင် ဘယ်လိုဆောင်ရွက်မယ်ဆိုတာကို ဆုံးဖြတ်ချမယ်။”

ဘုရားကိုယ်ပေါ်မှာ စလွယ်သိုင်းထားတာတွေ၊ နားတောင်းဝတ်ဆင်ထားတွေကို အထက်အမိန့်ရ မဖြုတ်ဘူးလို့ ဘုရားဂါပကဥက္ကဋ္ဌ ဦးညိုသာလှ ပြောပါတယ်။ ဒါမေယ့် ဘုရားကိုယ်ပေါ်မှာ စလွယ်သိုင်းထားတာတွေ၊ နားတောင်းဝတ်ဆင်ထားတွေဟာ အရင်စစ်အစိုးရလက်က လှူဒါန်းခဲ့တာ ဖြစ်ပြီး၊ ရှေးဟောင်းမူမဟုတ်လို့ ဖြုတ်ပေးဖို့ ပြည်သူတွေက တောင်းဆိုနေကြပါတယ်။

ကျောက်တော်မြို့မိမြို့ဖဖြစ်တဲ့ ဦးမောင်ထွန်းခင်က “ကျန်ရှိနေတဲ့အပိုင်းဖြစ်တဲ့ ဘုရားကိုယ်ပေါ်မှာ စလွယ် သိုင်းထားတာတွေ၊ နားတောင်းဝတ်ဆင်ထားတွေကို ဖြုတ်ပေးစေချင်တယ်။ ဒါမှ ရှေးမူလ အတိုင်းဖြစ်မှာလေ။ ဒီအပေါ်မှာ ဒါကိုဖြုတ်ပေးပြည်သူတရပ်လုံးက ထောက်ခံတယ်။ ရှေးမူလလက်ရာ မပျက်ဖို့လိုတယ်” လို့ ပြောပါတယ်။

ဘုရားကိုယ်ပေါ်မှာ စလွယ်သိုင်းထားတာတွေ၊ နားတောင်းဝတ်ဆင်ထားတွေကို ဖြုတ်ပေးဖို့ ဇန်နဝါရီ ၁၇ ရက်နေ့က စစ်တွေလူမှုအဖွဲ့အစည်းတွေ၊ အရပ်ဖက်အဖွဲ့အစည်းတွေ၊ ဒေသခံပြည်သူတွေက ၃၀၀ လောက်က ကျောက်မြို့သာသနာ့ဗိမာန်တော်ကိုရောက်ရှိလာပြီး ဆွေးနွေးခဲ့ကြပါတယ်။

သတင်း - ဝဏ္ဏခွာညို

 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013