DVB Logo
Home
မြန်မာသတင်း
တကောင်း နီကယ်စက်ရုံဝန်ထမ်းများ ထပ်မံဆန္ဒပြ
DVB
·
January 18, 2017
တကောင်း နီကယ်စက်ရုံဝန်ထမ်းများ ထပ်မံဆန္ဒပြ
1 / 8
Donate to DVB

စစ်ကိုင်းတိုင်း ကသာခရိုင်၊ ထီးချိုင့်မြို့နယ်ရှိ တရုတ်နိုင်ငံသားပိုင် တကောင်းနီကယ်စက်ရုံက မြန်မာအလုပ်သမား ၈၀၀ လောက်ဟာ နိုင်ငံသားအလုပ်သမားဥပဒေချိုးဖောက်ခံရတာနဲ့ ပတ်သက်ပြီး ဒီကနေ့ နေ့လယ်ပိုင်းမှာ ထပ်မံ ကန့်ကွက်ဆန္ဒပြခဲ့ကြပါတယ်။ ၂၀၁၆ ခုနှစ်မှာ ပြဋ္ဌာန်းထားတဲ့ အလုပ်သမား အခွင့်အရေးဥပဒေနဲ့ မညီညွတ်တဲ့အတွက် အခုလို တောင်းဆို ဆန္ဒပြကြတာပါ။

တကောင်း နီကယ်စက်ရုံက မြန်မာအလုပ်သမားတွေဟာ လုပ်ခလစာ မညီမျှခြင်း တရုတ်နိုင်ငံသားများနဲ့ ခွဲခြားဆက်ဆံခံရခြင်း ဆေးဝါးစောင့်ရှောက်မှုမရှိခြင်းအပြင် နိုင်ငံသား အလုပ်သမား အခွင့်အရေး ဆုံးရှုံးနေတာကြောင့် အခုလို ဆန္ဒထုတ်ဖော်ရတာဖြစ်တယ်လို့ ဦးဆောင်လှုပ်ရှားသူ အလုပ်သမား ခေါင်းဆောင် ဦးထွန်းထွန်းဝင်း က ပြောပါတယ်။

နီကယ်စက်ရုံအတွင်းမှာ နိုင်ငံခြားသား အောက်ခြေဝန်ထမ်း အလုပ်သမား တယောက်ဟာ လုပ်ခလစာ ၁၅ သိန်းမှ သိန်း ၂၀ ကျပ်အထိ ရရှိကြတာဖြစ်ပြီး မြန်မာအလုပ်သမား အများစုဟာ တလကို ၁ သိန်းကျော်တာ ရရှိကြတာဖြစ်တဲ့အတွက် လုပ်ခလစာ မညီမျှမှုတွေလည်း ရှိနေခဲ့ပါတယ် ။

တကောင်းနီကယ်စက်ရုံ အတွင်းက CNICO - အလုပ်ဌာနနဲ့ (15- MCC) အလုပ်ဌာန နှစ်ခုအတွင်းမှာ မြန်မာအလုပ်သမား ၁၅၀၀ ခန့်ရှိပြီး နိုင်ငံသား အလုပ်သမား အခွင့်အရေး ဆုံးရှုံးနေတာကြောင့် အခုလို ကန့်ကွက်ဆန္ဒ ထုတ်ဖော်ခဲ့ကြတာလဲဖြစ်ပါတယ်။

အလုပ်သမားတွေဟာ ပြီးခဲ့တဲ့ ၂၀၁၆ ဒီဇင်ဘာ ၁၈ က တကြိမ် ဆန္ဒပြခဲ့တာဖြစ်ပြီး မြန်မာအလုပ်သမား ဝန်ထမ်းတွေပေါ် ခွဲခြားဆက်ဆံ ခံရတာတွေဟာ ဆက်လက်လုပ်ကိုင် နေတဲ့အတွက် ဒီနေ့မှာ ဒုတိယ အကြိမ်မြောက် ကန့်ကွက်ခဲ့ကြတာပါ။

သတင်း - သီဟဆွေ (ကသာ)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013