DVB Logo
Home
မြန်မာသတင်း
YBS အပြောင်းအလဲကူညီသူများကို ကျေးဇူးတင်ကြောင်း ရန်ကုန်တိုင်းအစိုးရထုတ်ပြန်
DVB
·
January 18, 2017
YBS အပြောင်းအလဲကူညီသူများကို ကျေးဇူးတင်ကြောင်း  ရန်ကုန်တိုင်းအစိုးရထုတ်ပြန်
Donate to DVB

ရန်ကုန်မြို့တွင်းပြေးဆွဲတဲ့ YBS ဘတ်စ်ကားစနစ်သစ် အပြောင်းအလဲမှာ အခက်အခဲတွေကို ၀ိုင်းဝန်း ကူညီဖြေရှင်းပေးခဲ့ကြသူတွေနဲ့ ခရီးသွားပြည်သူတွေအားလုံးကို ကျေးဇူးတင်တဲ့အကြောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရက ထုတ်ပြန်လိုက်ပါတယ်။

ယာဉ်လိုင်းစနစ်သစ်ပြောင်းလဲရာမှာ အခက်အခဲအမျိုးမျိုးကို ဦးဆောင်ဖြေရှင်း အကောင်အထည်ဖော်ခဲ့ကြတဲ့ ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်မှုအာဏာပိုင် အဖွဲ့နဲ့ ဌာနဆိုင်ရာတွေ၊ လွှတ်တော်ကိုယ်စားလှယ်တွေ၊ ယာဉ်လိုင်းပိုင်ရှင်တွေ၊ ယာဉ်မောင်းနဲ့ နောက်လိုက်တွေကို ကျေးဇူးတင်တဲ့အကြောင်း မှတ်တမ်းတင်တယ်လို့ ဆိုပါတယ်။

ခရီးသွားပြည်သူတွေ အလွယ်တကူသွားလာနိုင်ဖို့ တက်ကြွစွာလုပ်အားပေးကူညီခဲ့ကြတဲ့ လူမှုရေးအသင်းအဖွဲ့ အသီးသီးက ပုဂ္ဂိုလ်တွေနဲ့ ကျောင်းသားလူငယ်တွေ၊ စာနယ်ဇင်းတွေနဲ့ အထူးသဖြင့် ပြောင်းလဲမှုကို စိတ်ရှည်သည်းခံစွာ လိုက်ပါပူးပေါင်းဆောင်ရွက်ပေးတဲ့ ရန်ကုန်ရှိ မိဘပြည်သူအားလုံးကို ကျေးဇူးတင်တယ်လို့ ရန်ကုန်တိုင်းအစိုးရအဖွဲ့က ထုတ်ပြန်တဲ့ ကျေးဇူးတင်လွှာမှာ ဖော်ပြပါတယ်။

ရန်ကုန်မြို့တွင်းမှာ နှစ်ပေါင်း ၅၀ ကြာလောက် ပြေးဆွဲနေတဲ့ မထသ ယာဉ်လိုင်းစနစ်ကိုဖျက်သိမ်းပြီး  ဇန်န၀ါရီ ၁၆ ရက်မနက် ကစလို့  အများပိုင်ယာဉ်လိုင်း YBS ဘတ်စ်ကားစနစ်နဲ့ အစားထိုးပြောင်းလဲ ပြေးဆွဲနေတာဖြစ်ပါတယ်။

စနစ်သစ်အပြောင်းအလဲစတင်တဲ့နေ့မှာ  ဘတ်စ်ကားစီးခရီးသည်တွေအနေနဲ့ ဘတ်စ်ကားတွေ ရောက်မလာလို့ မှတ်တိုင်တွေမှာ အချိန်အကြာကြီး စုပြုံစောင့်ဆိုင်းခဲ့ရတာ၊ စီးနင်းရမယ့် ဘတ်စ်ကားနံပတ်တွေ မသိရှိတာ၊ အဆင့်ဆင့် စီးနင်းရလို့  ငွေပိုကုန်တာ၊ စတဲ့ အခက်အခဲတွေနဲ့ ကြုံ တွေ့ခဲ့ရတာပါ။

ခရီးသည်တွေနဲ့ အခက်အခဲတွေကို ဖြေရှင်းကူညီပေးတဲ့အနေနဲ့ တက္ကသိုလ် ကျောင်းသား လူငယ်တွေ၊ လွှတ်တော်အမတ်တွေ၊ အနုပညာရှင်တွေ၊ အခမဲ့ ယာဉ်ပြေးဆွဲပေးတဲ့ လုပ်ငန်းရှင်တွေနဲ့  တသီးပုဂ္ဂလတွေက  အခက်အခဲတွေကို ၀ိုင်းဝန်းကူညီဆောင်ရွက်ပေးနေတာဖြစ်ပါတယ်။

ဓာတ်ပုံ-အောင်မျိုးထွဋ်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013