DVB Logo
Home
မြန်မာသတင်း
ဗန်းမောက် ရဲတပ်သား ၂ ဦး၏ ပျောက်ဆုံးသေနတ်များ ပြန်လည်ရရှိ
DVB
·
January 18, 2017
ဗန်းမောက် ရဲတပ်သား ၂ ဦး၏ ပျောက်ဆုံးသေနတ်များ ပြန်လည်ရရှိ
Donate to DVB

 

စစ်ကိုင်းတိုင်းဒေသကြီး ကသာခရိုင် ဗန်းမောက်မြို့ နယ် မံစီကြီး နယ်မြေရဲစခန်းက ရဲတပ်သား နှစ်ဦး ဇန်နဝါရီလ ၁၅ ရက်နေ့ ညက အကျဉ်းသားတွေသွားပို့ပြီး အပြန်မှာ ဆိုင်ကယ်မောင်းစဉ် ပြုတ်ကျနေခဲ့တဲ့ သေနတ် ၂ လက်ကို ဇန်နဝါရီ ၁၇ ရက်နေ့ ည ၇ နာရီခွဲ အချိန်လောက်က ပြန်လည်တွေ့ရှိခဲ့တယ်လို့ ကသာခရိုင်ရဲတပ်ဖွဲ့က ပြောပါတယ်။

လမ်းခင်းကျောက်ကား မောင်းနှင်သူ မောင်ဖြိုးဝေမြင့်နဲ့ ယာဉ်နောက်လိုက် မောင်ဖြိုးထက်အောင် ဥယျာဉ်ကုန်းရပ် ထီးချိုင့်မြို့နယ် နေသူတို့ ၂ ဦးက တွေ့ရှိခဲ့တာပါ။

အင်းတော်မြို့နယ် မော်တိတ်ကျေးရွာကို ကျောက်ခွဲသားများပို့ပြီး ကျောာက်ခွဲစက်ရှိရာ ဗန်းမောက် အင်းတော်နယ်စပ်ကိုပြန်လာစဉ် အင်းတော်မြို့နယ် ရွာသာယာကျေးရွာကြား တုံစီတံတားအနီး သောင်ကြီးကျေးရွာသွား လမ်းထိပ် ကသာ-ဗန်းမောက်ကားလမ်း မိုင်တိုင်အမှတ် ၃၁/၆ မိုင်မှာ တွေ့ရှိခဲ့တာ လို့ဆိုပါတယ်။

အဆိုပါသေနတ် ၂ လက် ပျောက်ဆုံးနေတာနဲ့ ပတ်သက်လို့ ကသာခရိုင် ရဲတပ်ဖွဲ့မှူး ရဲမှူးကြီး စိန်ဝင်းက နန့်ဆင် ကျွန်းတော ကျေးရွာမှာ ဟောပြောပွဲလုပ်ရာမှ သေနတ်ကောက်ရထားသူတို့ရဲ့ အစ်ကိုတော်စပ်သူက လာရောက်ဆက်သွယ် အသိပေးခဲ့ပြီး ပျောက်ဆုံးသေနတ် ၂ လက်အား ဖြိုးဝေမြင့်နဲ့ ဖြိုးထက်အောင်တို့ ၂ ဦးက ရဲတပ်ဖွဲ့ကို အပ်နှံပေးခဲ့တာပါ။

သတင်း - သီဟဆွေ (ကသာ)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013