DVB Logo
Home
မြန်မာသတင်း
ကိုယ်​ဝန်​​ဆောင်​မိခင်​​များကို လစဉ်​ကျပ်​ ၁ သောင်းခွဲ​ ထောက်​ပံ့​မည်
DVB
·
January 18, 2017
Donate to DVB

၂၀၁၇ ဘဏ္ဍာနှစ်ကစပြီး ကိုယ်ဝန်ဆောင်မိခင်တွေကို လစဉ် ကျပ်တစ်သောင်းခွဲ ထောက်ပံ့ပေးသွားမယ်လို့ လူမှုဝန်ထမ်းကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနက ပြောပါတယ်။

“တနိုင်ငံလုံးက ကိုယ်ဝန်ဆောင်မိခင်တွေကို စစ်တမ်းကောက်မယ်။ ၂၀၁၇ ဘဏ္ဍာနှစ်ကနေ စပြီး တလကို ကျပ်တစ်သောင်းခွဲ ထောက်ပံ့ပေးမယ်။ ကိုယ်ဝန်စရှိချိန်ကနေ ကလေးနှစ်နှစ်သားထိ ကလေး ပထမရက် ၁၀၀၀ ပေါ့။ အဲကာလက အရေးကြီးတယ်။ ဦးနှောက်ဖွံ့ဖြိုးဆုံးအချိန်လေ”လို့ လူမှုဝန်ထမ်းကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးက ပြောပါတယ်။

ဇန်နဝါရီ ၁၈ ရက်နေ့ နေပြည်တော်မှာရှိတဲ့ လူမှုဝန်ထမ်းကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာ ချထားရေး ဝန်ကြီးဌာန အဆောက်အအုံမှာ ပြုလုပ်တဲ့ လူမှုကာကွယ်စောင့်ရှောက်ရေးဆိုင်ရာ လုပ်ငန်းအစည်းအဝေးမှာ ပြောဆိုခဲ့တာ ဖြစ်ပါတယ်။

သတင်း၊ ဓာတ်ပုံ -အောင်ဆန်းဦး

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013