DVB Logo
Home
မြန်မာသတင်း
ထိုင်းကုန်ကြမ်းယူ ထုတ်လုပ်သည့် ဆပ်ပြာရည်ဘူးလုပ်ငန်း ရောင်းအားကောင်း
DVB
·
January 18, 2017
ထိုင်းကုန်ကြမ်းယူ ထုတ်လုပ်သည့် ဆပ်ပြာရည်ဘူးလုပ်ငန်း ရောင်းအားကောင်း
Donate to DVB

ထိုင်းနိုင်ငံကနေတဆင့် ကုန်ကြမ်းရယူပြီး ဆပ်ပြာရည်ဘူး တပိုင်တနိုင်လုပ်ငန်းကို ရေးမြို့နယ်မှာ တွင်ကျယ်စွာရောင်းချနေရပါတယ်။

ထိုင်းနိုင်ငံကနေတဆင့် ကုန်ကြမ်းတွေကို အိမ်သုံးဆပ်ပြာရည်ဘူးတွေ တပိုင်တနိုင် ထုတ်လုပ်မှု လုပ်ငန်းကို ၂၀၁၄ ခုနှစ်လောက်က စတင်ထုတ်လုပ်ဖြန့်ချိရောင်းချရာ လက်ရှိမှာ ဈေးကွက်အတွင်း ပိုမိုတွင်ကျယ်စွာ ရောင်းအားကောင်းလာနေတယ်လို့ ရေးမြို့နယ် ဟံဂံကျေးရွာနေ ထုတ်လုပ်ဖြန့်ချိရောင်းချသူ ဦးမင်းထိုက်က ပြောပါတယ်။

“ထိုင်းနိုင်ငံကနေ ကုန်ကြမ်းဘူးခွံ ဆပ်ပြာရည်တွေကို အလွယ်တကူ မှာယူဝယ်ခဲ့ရသော်လည်း နိုင်ငံခြား ထိုင်းဘတ်ငွေဈေးနှုန်း အပေါ်မှာမူတည်ကာ ကုန်ကြမ်းဈေးတက်လျှင် ထုတ်လုပ်မှုလည်း ကျဆင်းလာပါတယ်။ ကုန်ကြမ်းဈေးနှုန်းကသက်သာလျှင်ပိုမို ထုတ်လုပ်ရ၍ ဝယ်လိုအားက ပွင့်လင်းရာသီတွေမှာ အရောင်းအဝယ် ပိုကောင်းပါတယ်။”

နိုင်ငံခြားငွေ ဈေးနှုန်းအတက်အကျပေါ်မှာ အကျိုးအမြတ်လည်း ပြောင်းလဲပြီး အမြတ်အစွန်းများရပါတယ်။ တလကို ဆပ်ပြာရည်ဘူး အသေး၊ အလတ်၊ အကြီးဘူးအရွယ်သုံးစားကို ဘူး ၅၀၀၀ လောက် ထုတ်လုပ်ဖြန်ချိနိုင်ခဲ့တယ်လို့ ဆိုပါတယ်။

အိမ်သုံးဆပ်ပြာရည်ဘူးတွေကို ရေးမြို့နယ်အပြင် သံဖြူဇရပ်၊ မုံဒုံ၊ မော်လမြိုင်၊ ပေါင်၊ ဇင်းကျိုက်အထိ ဈေးကွက်အတွင်းမှာ တွင်ကျယ်စွာထုတ် လုပ်တင်ပို့ရောင်းချနေပြီး လက်လီဈေးနှုန်း ဘူးသေး ၁ ဘူးမှာ ၂၈၀ ကျပ်၊ အလတ် ၅၆၀ ကျပ်၊ အကြီး ၇၈၀ ကျပ် အထိ ရရှိနေပါတယ်လို့ သိရပါတယ်။

နေမျိုးထွဋ်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013