DVB Logo
Home
မြန်မာသတင်း
စစ်မှန်သော ဖက်ဒရယ်ပြည်ထောင်စု ထူထောင်ရန် တိုင်းရင်းသားမဟာမိတ် ၅ ပါတီဖွဲ့စည်း
DVB
·
January 17, 2017
စစ်မှန်သော ဖက်ဒရယ်ပြည်ထောင်စု ထူထောင်ရန် တိုင်းရင်းသားမဟာမိတ် ၅ ပါတီဖွဲ့စည်း
Donate to DVB

 

ရခိုင်ပြည်နယ်အတွင်းနေထိုင်းတဲ့ တိုင်းရင်းသားလူမျိုးစုပါတီတွေစုပေါင်းပြီး သဘောတရား ပြည့်ဝတဲ့ လူမျိုးစုကို အခြေခံတဲ့ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်သွားဖို့ တိုင်းရင်းသားပါတီ (၅) ပါတီဖွဲ့ စုစည်းခဲ့ပါတယ်။

ဇန်နဝါရီ ၁၆ ရက်နေ့က ရခိုင်ပြည်နယ်၊ စစ်တွေမြို့၊ရခိုင်မျိုးချစ်ပါတီ(အေပီပီ) ဗဟိုဌာနချုပ်ရုံးမှာ ပြုလုပ်တဲ့အစည်း အဝေးရဲ့ဆုံးဖြတ်ချက်နဲ့ အခုလို တိုင်းရင်းသားလူမျိုးရဲ့ပါတီ (၅)ပါတီတွေ ပူးပေါင်းပြီး မဟာမိတ်ကို ဖွဲ့စည်းလိုက်တာပါ။

အဲ့ဒီအစည်းအဝေးရဲ့ဆုံးဖြတ်ချက်နဲ့ဖွဲ့စည်းခဲ့တဲ့ မဟာမိတ်အဖွဲ့ဝင်တွေကတော့ ရခိုင်မျိုးချစ်ပါတီ၊ မြိုအမျိုးသား ဒီမိုကရေစီပါတီ၊ ဒိုင်းနက်လူမျိုးများတိုးတက်ရေးပါတီ၊ ခမီအမျိုးသားဖွံ့ဖြိုးတိုးတက်ရေး ပါတီ မြိုတိုင်းရင်းသားပါတီတို့နဲ့ ပူးပေါင်းဖွဲ့စည်းလိုက်တာပါ။

ဖယ်ထောင်ရေပြည်ထောင်စုကို သွားဖို့အခုလိုတိုင်းရင်းသားပါတီတွေမဟာမိတ်ဖွဲ့ပြီးပူးပေါင်းရတာလို့ ရခိုင်မျိုးချစ် ပါတီ(အေပီပီ) ဥက္ကဋ္ဌ ဦးဇော်ဝင်းထွန်းက ဒီဗွီဘီကိုပြောပါတယ်။

“ရခိုင်ပြည်နယ်မှာရှိတဲ့ တိုင်းရင်းသားပါတီတွေပူးပေါင်းပြီးတော့ မနေ့က ဖွဲ့စည်းလိုက်ပါတယ်။ တန်းတူရေး၊ ကိုယ့်ကြံမ္မာကို ကိုယ့်ဖန်တီးရေ၊ ဖက်ဒရယ်ပြည်ထောင်တည်ဆောက်ရေးဆိုတဲ့ အချက်တွေပေါ့လေ။ ဒီလိုဦးတည်ချက်နဲ့ ရယ်မဟာမိတ်ပါတီတွေပူးပေါင်းပြီးတော့ ဖွဲ့စည်းရခြင်း ဖြစ်ပါတယ်။ ဒီမိုကရေစီအခင်းအကျင်းနဲ့ ပြည်သူ့အစိုးရ သွားနေတဲ့အချိန်မျာ ငြိမ်းချမ်းရေးဖော်ဆောင် နေတဲ့နေရာမှာလဲ ALL INCLUSIVE ဖြစ်ဖို့ အတွက်ကျနော်တို့က အခန်းကဏ္ဍတခုက ပါဝင်တဲ့ သဘောပါ။”

ဒါ့အပြင်ဖယ်ဒရေပြည်ထောင်စုသွားတဲ့နေရာမှာအခုလို့ အခုလိုရခိုင်ပြည်နယ်ထဲ မှာ ပါတီ(၅) ပါတီပူးပေါင်း လိုက်တာဟာ ၂၀၁၈ အခြေခံဥပဒေပြင်ဆင်နိုင်ဖို့ ကခန်းကဏ္ဍတရပ်တရပ်အနေနဲ့ ပူးပေါင်းဆောင် ရွက်သွားနိုင်ဖို့ ကြိုးစားသွားမယ်လို့ သူက ပြောပါတယ်။

ရခိုင်ပြည်နယ်အတွင်းက တိုင်းရင်းသားမျိုးနွယ်တွေအဖက်ဖက်နိမ့်ကျနေလို လုပ်ဆောင်ရမယ့် အချက်တွေ အများကြီးရှိနေတယ်လို့ မြိုအမျိုးသားဒီမိုကရေစီပါတီဗဟိုဥက္ကဋ္ဌ ဦးမြထွန်းက ဒီဗွီဘီကို ပြောပါတယ်။

“ကျနော်တို့ ရခိုင်ပြည်နယ်ဒေသရဲ့ စီးပွားရေး၊ လူမှုရေး၊ ပညာရေး ဒေသဖွံ့ဖြိုးမှုကိစ္စတွေအားလုံးဟာ တိုင်းရင်းသားမျိုးနွယ်စုတွေအားလုံး ညှိနှိုင်းတိုင်ပင်ဆွေးနွေးပြီတော့ သက်ဆိုင်းအစိုးရအဖွဲ့နဲ့ လုပ်ရမယ်။ နောက်တခါ မြန်မာ နိုင်ငံအတွင်းမှာလဲ တိုင်းရင်းသားလူနည်းစု လူများစုတွေရှိတယ်။ တိုင်းရင်းသားလူနည်းစုရော့ လူများစုရော တန်တူရည်တူအခွင့်လမ်းအခွင့်ရေးတွေ ရနိုင်ဖို့လိုတယ်။ အဖက်ဖက်နှိမ့်ကျနေတဲ့ ရခိုင်ပြည်နယ်ထဲက လုပ်ဆောင်ရမယ်အချက်တွေ အများကြီးရှိနေပါတယ်။”

အခုလို တိုင်းရင်းသားပါတီ (၅) ပါတီဖွဲ့ မဟာမိတ်ဖွဲ့စည်းလိုက်တဲ့အပေါ် ကြိုဆိုတယ်လို့ ရခိုင်ပြည်နယ် အတွင်းက အင်းအားကြီးပါတီတခုဖြစ်တဲ့ ရခိုင်အမျိုးသားပါတီ (အေအန်ပီ)က ပြောပါတယ်။

“ကိုယ့်ရခိုင်ပြည်နယ်မှာ နေထိုင်နေတဲ့ တိုင်းရင်းသားလူမျိုးတွေ စုစည်းညီညွတ်ပြီးတော့ အင်အားစု တခုကို တည်ဆောက်နိုင်တာကတော့ ပိုပြီးတော့ကောင်းတယ်လို့ ယူဆပါတယ်။ မိမိတို့အနေနဲ့ တက်နိုင်ရင်တော့ ကျနော်တို့ ပါတီတွေကလဲ လုပ်ချင်ပါတယ်။ လက်ကမ်းကြိုဆိုပါတယ်။”လို့ ရခိုင်အမျိုးသားပါတီအထွေထွေအတွင်းရေမှူး ဦးထွန်းအောင်ကျော်က ဒီဗွီဘီကို ပြောပါတယ်။

ရခိုင်ပြည်နယ်မှာ တိုင်းရင်းသားပါတီ (၈)ခု ရှိပြီး အခြားပါတီတွေ ပူးပေါင်းပါဝင်နိုင်ရေး ဆက်လက် အကောင် အထည်ဖော်လုပ်ဆောင်သွားဖို့ကိုလည်း စီစဉ်နေတယ်လို့ မြိုအမျိုးသားဒီမိုကရေစီပါတီ ဗဟိုဥက္ကဋ္ဌ ဦးမြထွန်း က ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013