DVB Logo
Home
မြန်မာသတင်း
၁၁ နှစ်အရွယ် အိမ်အကူမိန်းကလေးကို နားကပ်ခိုးသည်ဟု စွပ်စွဲရိုက်နှက်သည့်အမျိုးသမီးကို တရားစွဲ
DVB
·
January 17, 2017
Donate to DVB

အသက် ၁၁ အရွယ် အိမ်အကူမိန်းကလေးငယ်တဦးကို နေအိမ်အတွင်း နားကပ်ခိုးတယ်လို့ စွပ်စွဲရိုက်နှက်သူ မြိတ်မြို့ကန်ကြီးရပ်ကွက်နေ အမျိုးသမီးတဦးကို ဇန်န၀ါရီလ ၁၇ ရက်နေ့က မြိတ်မြို့မရဲစခန်းရုံးမှာ အမှုဖွင့် အရေးယူထားတယ်လို့ ခေတ္တစခန်းမှူး အောင်ဝင်းလှိုင်ထံမှ သိရပါတယ်။

မြိတ်ခရိုင် ကျွန်းစုမြို့နယ်၊ ရေမြစ်ကြီးကျေးရွာအုပ်စု၊ မကျည်းကျွန်းကျေးရွာနေ ဦးကြည်စိုး၊ ဒေါ်မိဖြူတို့ရဲ့ သမီးဖြစ်သူ ၁၁ အရွယ် မစိုးနှင်းဝေ ဟာ မြိတ်မြို့မှာ အိမ်ဖော်အဖြစ် လာရောက်နေထိုင်သူတဦး ဖြစ်ပြီး မြိတ်မြို့နယ်၊ ကန်ကြီးနယ်မြေ ကန်ကြီးရပ်ကွက် မြင့်မိုရ်ဆေးရုံ လမ်းနေ ဒေါ်တုံကျင်ရဲ့ နေအိမ်မှာ အိမ်အကူလုပ်ကိုင်ဖို့ အပ်နှံထားရာမှ နေမပျော်တဲ့အတွက် နေရပ်သို့ ပြန်လည်ပို့ဆောင်ပေး ဖို့ မြစ်မရပ်ကွက်ရှိ ဒေါ်စန်းမူရဲ့ နေအိမ်မှာ ခေတ္တသွားရောက်အပ်နှံထားရာက ထိုကဲ့သို့ ဖြစ်ပွားခဲ့တာလို့ ခေတ္တစခန်းမှူး အောင်ဝင်းလှိုင်က ရှင်းပြပါတယ်။

ကလေးသူငယ်အား တမင်နှိပ်စက်ညှဉ်းပန်းသူလို့ စွပ်စွဲခံရသူ ဒေါ်စန်းမူဟာ ဇန်န၀ါရီလ ၁၅ ရက်နေ့မှာ မစိုးနှင်းဝေကို နေအိမ်မှာ ခေတ္တခေါ်ယူထားစဉ် အိမ်ရှင်ဖြစ်သူ ဒေါ်စန်းမူရဲ့ နားကပ် ပျောက်ဆုံးတဲ့အတွက် ခိုးယူတယ်လို့ စွပ်စွဲပြီး တံမြတ်စည်း၊ ပလပ်စတစ်ခုံ နဲ့ ဒဏ်ရာများရအောင် ရိုက်နှက်ခဲ့တယ်လို့ မြိတ်မြို့မရဲစခန်းရုံးက သိရပါတယ်။

ကလေးသူငယ်ကို တမင်နှိပ်စက်ညှဉ်းပန်းသူ ဒေါ်စန်းမူကို မြိတ်မြို့မရဲစခန်းရုံးမှ ရဲအရေးမပိုင် အမှတ်စဉ်/ ပုဒ်မ ၁/ ၂၀၁၇၊ ကလေးသူငယ်ဥပဒေပုဒ်မ ၆၆ (ဃ) အရ အမှုဖွင့်အရေးယူ ဆောင်ရွက် ထားတယ်လို့ သိရပါတယ်။

သတင်း - ဇော်ဇော်(မြိတ်)၊ ဓာတ်ပုံ - စိုးဦး

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013