DVB Logo
Home
မြန်မာသတင်း
ရခိုင်ကော်မရှင်အဖွဲ့ ရခိုင်ဒေသဖွံ့ဖြိုးရေး ဆွေးနွေး
DVB
·
January 17, 2017
ရခိုင်ကော်မရှင်အဖွဲ့ ရခိုင်ဒေသဖွံ့ဖြိုးရေး ဆွေးနွေး
1 / 6
Donate to DVB

ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်အဖွဲ့ဝင်တွေဟာ ဒီကနေ့ ကျောက်ဖြူမြို့ကိုရောက်ရှိခဲ့ပြီး ကျောက်ဖြူ အရပ်ဖက်အဖွဲ့အစည်းတွေ လူမှုအဖွဲ့အစည်းတွေ ဒေသခံတွေနဲ့ ရခိုင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေးအစီအစဉ်တွေကို ဆွေနွေးနေကြပါတယ်။

ဆွေးနွေးပွဲကို ကျောက်ဖြူမြို့ ရုံးတက်လမ်း ကျောက်ဖြုဟိုတယ်မှာ အရပ်ဖက်အဖွဲ့အစည်းတွေ၊ လူမှုအဖွဲ့အစည်းတွေ၊ ဒေသခံတွေနဲ့တွေဆုံခဲ့တာပါ။ ဒီကနေ့ ညနေပိုင်းမှာ မြို့မိမြို့ဖတွေအပါအဝင် နိုင်ငံရေးပါတီတွေနဲ့ ဆွေးနွေးဖို့ ရှိပါသေးတယ်။

ရခိုင့်သံယံဇာတအပါအဝင် ကျောက်ဖြူအထူးစီမံကိန်းဇုန်တွေနဲ့ နိုင်ငံတကာမှဖွံ့ဖြိုးရေးစီမံကိန်းတွေ လုပ်ဆောင်နေမှုအပေါ်နဲ့ပတ်သက်လို့ လူမှုအဖွဲ့အစည်းတွေ၊ ဒေသခံတွေနဲ့ ဆွေးနွေးမှု ပြုလုပ်ခဲ့ပြီး အလုပ်အကိုင် အခွင့်အလမ်းတွေရရှိရေးကိုလည်း ဆွေးနွေးခဲ့ပါတယ်။

ဒါ့အပြင် ကော်မရှင်အဖွဲ့ဟာ မနက်ဖြန်မှာလည်း ရမ်းဗြဲမြို့ဆက်လက်ထွက်ခွာမှာဖြစ်ပြီး ဒေသခံတွေနဲ့ တွေ့ဆုံသွားမှာဖြစ်ပါတယ်။
သတင်း - ဝဏ္ဏခွာညို

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013