DVB Logo
Home
Lead Story
လေးဂွပစ်လက်စွမ်းပြပြီး အိမ်ခေါင်မိုးပြင်သည့် အမွှာညီအစ်ကို ထိုင်းတွင်ရေပန်းစား (ရုပ်သံ)
DVB
·
January 17, 2017
လေးဂွပစ်လက်စွမ်းပြပြီး  အိမ်ခေါင်မိုးပြင်သည့် အမွှာညီအစ်ကို  ထိုင်းတွင်ရေပန်းစား  (ရုပ်သံ)
Donate to DVB

ထိုင်းနိုင်ငံ အရှေ့တောင်ပိုင်း ချွန်းပူးရီးခရိုင်က ဆင်းရဲနွမ်းပါးတဲ့ အမွှာညီအစ်ကို ၂ ဦးဟာ သူတို့ရဲ့ ပေါက်ပြဲနေတဲ့ အိမ်ခေါင်မိုးကို ပြုပြင်ဖို့အတွက် တီဗွီအစီအစဉ်တခုမှာ လေးဂွပစ်အစွမ်း အစပြ သခဲ့ပါတယ်။

အသက် ၁၁ နှစ်ရွယ်ရှိ ပဒီဖန်း ဆုခ်စပိုင်း (နောင့်အေ)နဲ့ ပဒီဖတ် ဆုခ်စပိုင်း (နောင့်ဘီ)တို့ အမွှာညီအစ်ကို ၂ ဦးရဲ့လေးဂွပစ်အစွမ်းအစကို ပြီးခဲ့တဲ့ ဇန်န၀ါရီလ ၁၄ ရက်နေ့က Work Point  တီဗွီ Super 10 အစီအစဉ်ကနေ ပြသသွားခဲ့ပြီး  လူမှုကွန်ရက်မှာတော့  တစ်နေ့အတွင်း  ကြည့်ရှုသူပေါင်း  ၂ သန်းေ ကျာ်ထိ ရေပန်းစား သွားပါတယ်။

သူတို့ညီအစ်ကို ၂ ဦးဟာ  လေးဂွနဲ့  အဝေးမှာတင်ထားတဲ့ သံဗူးတွေကို တချက်တည်းထိအောင် ပစ်ခဲ့သလို အချင်း ၆ စင်တီမီတာ ရှိ ပုလင်းရဲ့ နောက်ပိတ်ကိုပေါက်ထွက်သွားအောင်လည်းကောင်း၊ အချင်း ၃ စင်တီမီတာရှိ ပုလင်းရဲ့ အပေါက်ဝကိုလည်းကောင်း တစ်ချက်တည်း ထိမှန်အောင်ပစ်နိုင်တဲ့ အတွက် ဒိုင်လူကြီးနဲ့ ပရိသတ်တွေကို တအံ့တသြဖြစ်စေခဲ့ပါတယ်။

ခုလို အစွမ်းပြနိုင်ခဲ့တဲ့အပေါ် သူတို့လိုလားတဲ့ ဆုကတော့ အပေါက်ရာတွေ ပြည့်နေတဲ့ အိမ်ခေါင်မိုးကို ပြုပြင်ဖာထေးပြီး မိခင်ကို လုံခြုံတဲ့အမိုးအောက်မှာ အိပ်စက်စေလိုကြောင်း ပြောပါတယ်။

သူတို့မိသားစုဟာ ဆင်းရဲနွမ်းပါးတဲ့အတွက် အိမ်မှာ လျှပ်စစ်မီးမရှိဘဲ မီးခွက်ဘဲထွန်းရကြောင်း၊ ခေါင်မိုးပေါက်နေတော့ မိုးရွာရင် ဇလုံတွေနဲ့လိုက်ပြီး ရေခံထားရကြောင်း၊ မနက်မိုးလင်းရင် ၀က်စာကျွေးခြင်း၊ တံမြက်လှည်းခြင်းတွေနဲ့ မိခင်ရဲ့ အိမ်အလုပ်တွေ ကူညီဆောင်ရွက်ပေးပြီး  ကိုယ်ပိုင်ကစားစရာဆိုလို့  အဖိုးလုပ်ပေးတဲ့ လေးဂွဘဲရှိတယ်လို့ ဆိုပါတယ်။

Super 10  အစီအစဉ်မှာ လေးဂွအစွမ်းပြသပြီးတဲ့နောက် တီဗွီဌာနက ကစားစရာေ သနတ်တစ်လက်စီ လက်ဆောင်ပေးခဲ့သလို ပြိုင်ပွဲဝင်ပြီး နောက် ၂ ရက်မှာ ချွန်းပူးရီးမှာရှိတဲ့ သူတို့နေအိမ်ဆီ အရောက်သွားပြီး ပေးထားတဲ့ကတိအတိုင်း အိမ်ခေါင်မိုးကို ကျကျနနပြင်ဆင်ပေးသွားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013