DVB Logo
Home
မြန်မာသတင်း
ပလောင်အုပ်ချုပ်ခွင့်ရဒေသ နမ့်ဆန်တွင် ဒေသခံ ၁ ဦး မိုင်းနင်းမိ
DVB
·
January 17, 2017
Donate to DVB

ရှမ်းပြည်မြောက်ပိုင်း ပလောင်အုပ်ချုပ်ခွင့်ရဒေသ နမ့်ဆန်မြို့ပြင်ဘက်မှာ ယမန်နေ့က ဒေသခံတဦး လက်ဖက်ခူးသွားရင်း မိုင်းနင်းမိပြီး ညာဘက်ခြေကျင်းဝတ် ပြတ်ဒဏ်ရာရသွားပါတယ်။

နမ့်ဆန်မြို့  မိုးဂဲရပ်ကွက်တွင် နေထိုင်သူ အသက် ၅၀ ကျော်အရွယ်ရှိ ဦးဇော်ညွန့်ဆိုသူမှာ မနေ့ မွန်းတည့် ၁၂ နာရီလောက်က   လက်ဖက်ခြံသွားရင်းလမ်းမှာ မိုင်းနင်းမိခဲ့တာလို့ နမ့်ဆန်ဒေသခံ ကိုမှန်ကြီးက ပြောပါတယ်။

“ကျနော်တို့ဆီမှာ တရုတ်သင်္ချိုင်းကုန်းရှိတယ်။ အဲဒီဘက်မှာ အန္တရာယ်ရှိတယ် မသွားဖို့  ကျေးရွာ အုပ်ချုပ်ရေးမှူးတွေက အရင်က သတိပေးထားဖူးပါတယ်။ အဲဒီဘက်မှာ သူတို့လက်ဖက်ခြံရှိတယ်လေ။ သူတို့ လင်မယား ၂ ယောက် ဆိုင်ကယ်စီးပြီး လက်ဖက်ခြံသွားတော့ မိုင်းနင်း မိတာ။   သူ့ညာဘက်ခြေထောက် ပြတ်သွားတယ်။ သူလည်း ခြေထောက်ပြတ်ကို ထုတ်စီးပြီး ဆိုင်ကယ်မောင်း ပြန်လာတယ်။ နမ့်ဆန်နဲ့ဆို ၁၅ မိနစ်လောက်တော့ မောင်းရမယ်။ လမ်းမှာ သွေးအများကြီးထွက်ပြီး ဆက်မမောင်းနိုင်ဘဲ လဲကျသွားလို့ တွေ့တဲ့လူတွေက ၀ိုင်းကူပြီး နမ့်ဆန်ဆေးရုံကို ပို့တယ်။ နမ့်ဆန်ဆေးရုံက မနိုင်တော့ လားရှိုးဆေးရုံကို ဆက်ပြီး ပို့လိုက်ပါတယ်ခင်ဗျ။”

နမ့်ဆန်မြို့နယ် အနီးတ၀ိုက်မှာ တီအန်အယ်လ်အေ နဲ့ မြန်မာ့တပ်မတော်တို့ကြား တိုက်ပွဲတွေ မကြာခဏဖြစ်ပွားနေပြီး ဒီလ ၁၃ ရက်နေ့ကလည်း နမ့်ဆန်မြို့နယ် ဟိုချောင်းကျေးရွာထဲမှာ နေအိမ်တစ်လုံးပေါ် လက်နက်ကြီး ကျတဲ့အတွက် မန္တလေးကလာတဲ့ တီးဝိုင်းဆရာတစ်ဦးနဲ့ ကျောင်းသားငယ်တစ်ဦးတို့ သေဆုံးပြီး လူ ၈ ဦး ဒဏ်ရာရခဲ့ပါတယ်။

ဒါ့အပြင် ဇန်န၀ါရီ ၁၀ ရက်နေ့ကလည်း  နမ့်ဆန်မြို့ထဲကို လက်နက်ကြီးကျတဲ့အတွက် နမ့်ဆန် အထက၂ ကျောင်းနဲ့ နေအိမ်တချို့ ထိခိုက်ပျက်စီးခဲ့ရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013