DVB Logo
Home
မြန်မာသတင်း
အကျဉ်းသားများ သွားပို့သည့် ရဲတပ်သား ၂ ဦး၏ သေနတ် ၂ လက် ပျောက်ဆုံး
DVB
·
January 17, 2017
အကျဉ်းသားများ သွားပို့သည့် ရဲတပ်သား ၂ ဦး၏ သေနတ် ၂ လက် ပျောက်ဆုံး
Donate to DVB

 

စစ်ကိုင်းတိုင်းဒေသကြီး ကသာခရိုင် ဗန်းမောက်မြို့ မရဲစခန်းက သေနတ် ၂ လက်ဟာ ဇန်နဝါရီလ ၁၅ ရက်နေ့ ည ၇ နာရီခွဲအချိန်က အကျဉ်းသားတွေသွားပို့ပြီး အပြန်လမ်းမှာ ပြုတ်ကျပျောက်ဆုံးခဲ့တယ် လို့ ဗန်းမောက်မြို့မ ရဲစခန်းက သိရပါတယ်။

ဇန်နဝါရီလ ၁၄ ရက်နေ့က ကသာအကျဉ်းထောင်ကနေ မန္တလေးအကျဉ်းထောင်သို့ အကျဉ်းသား ၅၀ ဦး ပို့ပြီး ပြန်လာစဉ် လမ်းမှာ ပြုတ်ကျပြီး ပျောက်ဆုံးနေခဲ့တာပါ။

ဗန်းမောက်မြို့မ ရဲ စခန်းမှ ဒုရဲအုပ် အောင်သန်းက ဆိုင်ကယ် ၁ စီး၊ ရဲတပ်သား ဇော်သက်နဲ့ ရဲတပ်သားဇာနည်ကိုတို့က ဆိုင်ကယ် ၁ စီးဖြင့် စီးနင်းခဲ့ကြပြီး နဘားကနေ ဗန်းမောက်သို့ ပြန်လာ ခဲ့ကြရာ ရဲတပ်သားဇော်သက်နဲ့ ရဲတပ်သားဇာနည်ကိုတို့ ကိုင်ဆောင်တဲ့ အင်္ဂလိပ်ရိုင်ဖယ် ၂ လက် ကျည်မပါ၊ ကျည်အိမ်များ တပ်လျက် ဆိုင်ကယ်အနောက်မှာ ပီနံအိတ်ခွံပတ်ပြီး ကြိုးနဲ့ တုတ်နှောင် သယ်ယူခဲ့ကြရာမှ အင်းတော်မြို့နယ် မြသီတာကျေးရွာ အရောက်မှာ အဆိုပါသေနတ်များ ပါမလာတော့သည်ကို သတိပြုမိခဲ့ပြီး နောက်ကြောင်းပြန်လှည့်ရှာဖွေခဲ့သော်လည်း ကနေ့အချိန်ထိ မတွေ့ရှိခဲ့ဘူး လို့ ဆိုပါတယ်။

ယင်းသေနတ် ၂ လက် ပျောက်ဆုံးနေခဲ့တာနဲ့ ပတ်သက်ပြီး ဗန်းမောက်မြို့နယ်မှူး ဒုရဲမှူး အောင်ကျော်စိုး ဦးစီးသည့်အဖွဲ့နဲ့ အင်းတော်မြို့မရဲ စခန်းမှ ရဲအုပ်သောင်းစိန်ထွန်း ဦးစီးသည့်အဖွဲ့က အင်းတော်မြို့နယ် မြသီတာ ကျေးရွာ တလျောက်မှာ အပူတပြင်း လိုက်လံစုံစမ်း ရှာဖွေနေကြပါတယ်။

သတင်း - သီဟဆွေ (ကသာ)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013