DVB Logo
Home
မြန်မာသတင်း
ပလက်ဝမြို့ကို ခရိုင်အဖြစ် သတ်မှတ်ပေးရန် မြို့ခံလူထု ဆန္ဒပြ
DVB
·
January 17, 2017
ပလက်ဝမြို့ကို ခရိုင်အဖြစ် သတ်မှတ်ပေးရန် မြို့ခံလူထု ဆန္ဒပြ
Donate to DVB

ချင်းပြည်နယ် ပလက်ဝမြို့ကို ခရိုင်အဖြစ် သတ်မှတ်ပြောင်းလဲပေးဖို့ ထောက်ခံတဲ့အနေနဲ့ ဇန်နဝါရီ ၁၆ ရက်က မြို့ခံလူထုတွေ မြို့တွင်းလှည့်လည်ပြီး အစိုးရကို ဆန္ဒပြတောင်းဆိုခဲ့ကြပါတယ်။

လူအင်အား ၈၀ ခန့် ပါဝင်တဲ့ ဆန္ဒပြပွဲမှာ ပလက်ဝခရိုင်ရရှိရေး၊ ပလက်ဝခရိုင်ချက်ချင်းပေး၊ ဘက်လိုက်ဖိအားပေးမှု အလိုမရှိ စတဲ့စာတမ်းတွေ ကိုင်ဆောင်ကြွေးကြော်ခဲ့ကြပါတယ်။

ဆန္ဒပြပွဲဦးဆောင်သူ ဦးပြည်ယိုးက “သမ္မတရုံးကနေတဆင့် မြို့နယ်အုပ်ချုပ်ရေးရုံးက ခရိုင်အတွက် လူထုဆန္ဒတောင်းခံနေတဲ့အတွက် လက်မှတ်ထိုးတာနဲ့ မလုံလောက်လို့ ဆန္ဒပြပြီး ထောက်ခံခြင်းဖြစ်တယ်” လို့ ပြောပါတယ်။

ချင်းပြည်နယ်ဟာ လမ်းပန်းဆက်သွယ်ရေးခက်ခဲလို့ ပလက်ဝမြို့ကနေ ခရိုင်ရုံးရှိရာ မင်းတပ်မြို့ကို သွားရောက်ဖို့ အဆင်မပြေတာ၊ တရားစီရင်ရေးမှာ မြို့နယ်အဆင့်ကျော်ပါက  ရခိုင်ပြည်နယ် စစ်တွေမြို့ကို သွားရောက်နေရတာ စတဲ့ အကြောင်းရင်းတွေကြောင့် ခရိုင်အဖြစ် အဆင့်မြှင့် သတ်မှတ်ပေးဖို့ တောင်းခံထားတာလို့ သိရပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၆ မတ်လ ၂၁ ရက်နေ့ကလည်း ပလက်ဝခရိုင် ရရှိရေးအတွက် ဆန္ဒပြ တောင်းဆိုခဲ့ကြဖူးပါတယ်။

သတင်း - ဆလိုင်းလာလ်နွန်အုပ်၊ ဓာတ်ပုံ - ကျော်အောင်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013