DVB Logo
Home
မြန်မာသတင်း
မောင်​​တော​မြောက်​ပိုင်းမှာ မီဒီယာ​တွေဝင်​​ရောက်​သတင်းယူခွင့် ကန့်​သတ်​ခံရ
DVB
·
January 16, 2017
Donate to DVB

ရခိုင်ပြည်နယ် မောင်တောမြောက်ပိုင်းမှာ မီဒီယာတွေ ဝင်ရောက်သတင်းယူခွင့်မပြုလို့ ခရိုင်အုပ်ချုပ်ရေးမှူးက ကန့်ကွက်တဲ့အတွက် ဒီကနေ့ ပြည်နယ်လူမှုရေးဝန်ကြီးရဲ့ မောင်တော မြောက်ပိုင်း ခရီးစဉ်မှာ သတင်းယူဖို့လာတဲ့ မီဒီယာသမားတွေ ဘူးသီးတောင်မှာ ကျန်နေ ခဲ့ကြရပါတယ်။

ပြည်နယ်လူမှုရေးဝန်ကြီး ဒေါက်တာချမ်းသာက “ခရိုင်အုပ်ချုပ်ရေးအဖွဲ့က လုံခြုံရေးအရ ကန့်သတ်တယ်လို့ ထင်ပါတယ်။ ဒါကိုတော့ မီဒီယာတွေအနေနဲ့ နားလည်ပေးစေချင်ပါတယ်” လို့ သတင်းထောက်တွေကို ပြောပါတယ်။

မေတ္တာအာရီယန်ဖောင်ဒေးရှင်းရဲ့ ကူညီထောက်ပံ့ဖို့ ရခိုင်ပြည်နယ် အစိုးရအဖွဲ့က လူမှုရေးဝန်ကြီး ဒေါက်တာချမ်းသာ ဦးဆောင်ပြီး မောင်တောမြောက်ပိုင်းက ကျီးကန်းပြင်၊ ကြိမ်ချောင်း၊ ငခူရ၊ ခြံပြင် စတဲ့ကျေးရွာတွေကို ကူညီထောက်ပံ့ဖို့ နှစ်ရက်တာ သွားရောက်တဲ့ ခရီးစဉ်မှာ တားမြစ်တာပါ။

ဒီနေ့ခရီးစဉ်မှာ လိုက်ပါဖို့အတွက် ဒီဗွီဘီသတင်းဌာန အပါအဝင် စစ်တွေအခြေစိုက် Sky Net, RFA, နေရဉ္စရာသတင်းဌာနတို့က သတင်းထောက်ငါးဦးကို ကန့်သတ်တာဖြစ်ပါတယ်။

“ကျွန်တော်တို့ကို စစ်တွေမှာကတည်းက လိုက်ခွင့်မရှိတဲ့အကြောင်း ပြောသင့်တယ်။ ဘူးသီးတောင်ရောက်မှ ဆက်လိုက်ဖို့ ခွင့်မပြုဘူးဆိုတော့ ကျနော်တို့အတွက် တော်တော် အခက်အခဲဖြစ်ရတာပေါ့။ ပြန့်လှည့်ဖို့ဆိုတာလည်း သင်္ဘောနဲ့ အမြန်ယာဉ်တွေမရှိဘူးဆိုတော့ ဒီမှာ အချိန်ကုန်ရတာပေါ့” လို့ သတင်းထောက် မာန်ယုကျော်က ပြောပါတယ်။

မောင်တောမြို့နယ်မြောက်ပိုင်းမှာ သတင်းမီဒီယာတွေ ဝင်ရောက်သတင်းယူဖို့အတွက် ရခိုင်ပြည်နယ်အစိုးရ လုံခြုံရေးနဲ့ နယ်စပ်ရေးရာဝန်ကြီးရဲ့ ခွင့်ပြုချက်စာပါမှသာ ဝင်ရောက်ခွင့် ပြုထားတာပါ။ ယခင်က ပြည်နယ်အစိုးရရဲ့ ခရီးစဉ်တွေမှာ ဒေသခံ မီဒီယာသမားတွေကို လိုက်ပါခွင့်ပြုခဲ့ပေမယ့် အခုလိုတားမြစ်တာ ပထမဆုံးဖြစ်ပါတယ်။

သတင်း၊ ဓာတ်ပုံ - ကိုအောင်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013