DVB Logo
Home
မြန်မာသတင်း
ဆင်များကို တရားမ၀င်ဖမ်းဆီးသတ်ဖြတ်တင်ပို့မှု ကာကွယ်ရန် ဥပဒေပြင်ဆင်ပြောင်းလဲမည်
DVB
·
January 16, 2017
ဆင်များကို တရားမ၀င်ဖမ်းဆီးသတ်ဖြတ်တင်ပို့မှု ကာကွယ်ရန် ဥပဒေပြင်ဆင်ပြောင်းလဲမည်
Donate to DVB

 

တရုတ်နိုင်ငံနဲ့ ထိုင်းနိုင်ငံတွေသို့ တရားမ၀င် ဖမ်းဆီးသတ်ဖြတ်တင်ပို့ရောင်းချမှုနေတဲ့ ဆင်တွေကို ထိန်းသိမ်းကာကွယ်စောင့်ရှောက်နိုင်ဖို့ ဥပဒေတွေ ပြင်ဆင်ပြောင်းလဲနိုင်ဖို့ လွှတ်တော်သို့ တင်ပြထား တယ်လို့ သိရပါတယ်။

လက်ရှိမှာ တောရိုင်းတိရိစ္ဆာန်နဲ့ သဘာဝအပင်များကာကွယ်ရေး၊ သဘာဝနယ်မြေတွေ ထိန်းသိမ်းရေး ဥပဒေအရ ဆင်ကို ဖမ်းဆီးတာ၊ သတ်ဖြတ်တာ၊ တရားမ၀င်သယ်ဆောင်တာတွေကို အမြင့်ဆုံး ပြစ်ဒဏ် ထောင် ၇ နှစ်နဲ့ ငွေဒဏ် ၅ သောင်း သတ်မှတ်ထားကြောင်း သိရှိရပါတယ်။

“ဆင်တွေကို သတ်ဖြတ်ဖမ်းဆီးတာတွေကို ထိထိရောက်အရေးယူနိုင်ဖို့နဲ့ ကာကွယ်ထားဆီးနိုင်ဖို့ကို ခေတ်ကာ လနဲ့ ကိုက်ညီမှုရှိတဲ့ ဥပဒေတွေကို ပြင်ဆင်ပြောင်းလဲသတ်မှတ်ပေးနိုင်ဖို့ကို လွှတ်တော်မှာ တင်ပြထားပြီးဖြစ် ပါတယ်။ ဆင်တွေကို ဂိုဏ်းဖွဲ့ သတ်ဖြတ်တာတွေ တွေ့လာတဲ့ အတွက် ဒါတွေကို အရေးယူဖို့ ဆောင်ရွက်နေတယ်။ ဒီလိုလုပ်ငန်းတွေ များလာတဲ့အတွက် ဆင်တွေ ရေရှည်တည်တံ့ဖို့ အတွက် မြန်မာနိုင်ငံမှာ ဆင်တွေ ဘယ်လောက်ကျန်တယ်ဆို တာကို သေချာစာရင်းကောက်ယူဖို့ လိုတယ်”လို့ ဦးဝင်းနိုင်သွေး - (ညွန်ကြားရေးမှူး) သဘာဝပတ်ဝန်းကျင်း ထိန်းသိမ်းရေး ဦးစီးဌာန၊ သဃံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ၀န်ကြီးဌာန ကပြောပါတယ်။

ဆင်များကို သတ်ဖြတ်ပြီး ဆင်စွယ်(ပန်းပု - အလှအပရေးရာ ပစ္စည်း )၊ အရေခွံခွာ (အခြောက်ပြုလုပ်)၊ ဆင်သား (အခြောက်လှန်း)၊ ဆင်ခြေထောက်နှင့် နှာမောင်းများကို အသားစိမ်းအနေဖြင့် နယ်စပ်ဒေသများသို့ ဈေးကွက်အနေဖြင့် တင်ပို့နေကြခြင်းဖြစ်သည်။

လက်ရှိတွင် မြန်မာနိုင်ငံ၏ သစ်တောကြိုးဝိုင်း၊ ကြိုးပြင်ကာကွယ်တောများနှင့် သဘာဝနယ်မြေများ အတွင်း တောဆင်ရိုင်း ကောင်ရေ ၂၀၀၀ နဲ့ ၃၀၀၀ ခန့်ကျန်ရှိနေသေးတယ်လို့ သိရှိရပါတယ်။

၂၀၁၀ ခုနှစ်မှ ၂၀၁၆ ခုနှစ်အထိ တောဆင်ရိုင်းများ သဘာဝ တောတွင်း သေဆုံးမှု ၇၂ ကောင်၊ တရားမ၀င် အမဲလိုက် သတ်ဖြတ်ခံရမှု ၆၁ ကောင် ဖြစ်ပေါ်ခဲ့ပြီး ၂၀၁၃ ခုနှစ်မှ စတင်ကာ နှစ်စဉ် ဆင်ကောင်ရေ ၁၅ ကောင်မှ ၃၀ ကောင်ရေအထိ သတ်ဖြတ်ခံနေရကြောင်း သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဦးစီးဌာနက သိရှိရပါတယ်။

ဆင်သတ်ဖြတ်ခံရမှုကို ဧရာဝတီတိုင်းဒေသကြီးတွင် အများဆုံးဖြစ်ပေါ်နေပြီး ပဲခူးတိုင်းဒေသကြီးမှာ လည်း ဒုတိယ အများဆုံးဖြစ်ပေါ်ကာ ရန်ကုန်တိုင်းဒေသကြီးမှာတော့ တတိယအများဆုံး ဖြစ်ပေါ်ခဲ့ကြောင်း သိရှိရပါတယ်။

မြန်မာ့ဆင်တွေ ထိန်းသိမ်းရေးလုပ်ငန်းစီမံချက် ရေးဆွဲခြင်းဆိုင်ရာဆွေးနွေးပွဲကို နေပြည်တော် Grand Amara ဟိုတယ်မှာ ဇန်န၀ါရီလ ၁၆ ရက်နေ့က ကျင်းပပြုလုပ်ခဲ့ပြီး ဆွေးနွေးပွဲမှ ထွက်ပေါ်လာတဲ့ လုပ်ငန်းစီမံချက်(မူကြမ်း)ကိုလည်း နိုင်ငံတော်အစိုးရအဖွဲ့ထံသို့ တင်ပြပြီး အတည်ပြုချက် ရယူသွားမယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013