DVB Logo
Home
မြန်မာသတင်း
အမ်အိုယူအလုပ်သမားကတ်လိမ်လည်သည့် အေဂျင်စီကို အရေးယူပေးရန် တိုင်ကြား
DVB
·
January 16, 2017
အမ်အိုယူအလုပ်သမားကတ်လိမ်လည်သည့် အေဂျင်စီကို အရေးယူပေးရန် တိုင်ကြား
Donate to DVB

 

မြန်မာပြည်ကနေ ထိုင်းနိုင်ငံထဲမှာ အလုပ်လုပ်ဖို့ အမ်အိုယူအလုပ်သမားကတ် လုပ်ပေးမယ်လို့ ပြောဆိုပြီး အလုပ်သမားတွေဆီက ငွေတွေလိမ်ယူသွားတဲ့ အေဂျင်စီတစ်ခုကို အရေးယူပေးဖို့ သက်ဆိုင်ရာ နစ်နာသူ အလုပ်သမားနဲ့  အလုပ်သမားအခွင့်အရေး ဆောင်ရွက်ပေးနေတဲ့ အဖွဲ့ အစည်းတွေက ထိုင်းနိုင်ငံ ချင်းမိုင်ခရိုင် အလုပ်သမားကာကွယ်စောင့်ရှောက်ရေးရုံးမှာ ဒီကနေ့ မနက်က သွားရောက် တိုင်ကြားခဲ့ပါတယ်။

ချင်းမိုင်မြို့ ချိုးတနားလမ်း မဲ့ယုတ်ဈေးအနီး ဖွင့်လှစ်ထားတဲ့ ထိုင်းအီစရ အေဂျင်စီက ကိုယ်စားလှယ် စိုင်းဆီဝမ်း ခေါ် ကျော်စွာဝင်း ဆိုသူဟာ  အလုပ်သမားပေါင်း ၄၁ ဦးကို  တစ်ဦးလျှင် ဘတ် တစ်သောင်းခြောက်ထောင်နှုန်းနဲ့  လက်မှတ်လုပ်ပေးမယ်လို့ ပြောဆိုပြီး မြန်မာပြည်သို့ ခေါ်ေ ဆာင်သွားကာ မြန်မာပြည်ရောက်တော့ ထွက်ပြေးတိမ်းေ ရှာင်သွားတဲ့အတွက် လိုအပ်သလို အရေးယူ ဆောင်ရွက်ပေးဖို့  လာရောက်တိုင်ကြားခဲ့တာလို့  ရွှေ့ပြောင်းအလုပ်သမား ညီညွတ်ရေး အဖွဲ့  MWF က အဖွဲ့ဝင်တစ်ဦးဖြစ်သူ စိုင်းတီက ဒီဗွီဘီကို ပြောပါတယ်။

“အလုပ်သမား ၄၀ ကျော် ရန်ကုန်၊ ဘားအံနဲ့ မြ၀တီမှာ ယောင်လည်လည်ဖြစ်နေရတယ်လို့ အလုပ်သမားတွေက ဒီလ ၁၀ ရက်နေ့က  ကျနော်တို့အဖွဲ့ကိုလာတိုင်တယ်။ ကျနော်တို့လည်း  ဒီက လူ့အခွင့်အရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးဖောင်ဒေးရှင်း HRDF ရဲ့ လမ်းညွှန်ချက်ကိုယူပြီး ဒီမှာလာ တိုင်တာပါ။   ကျနော်တို့ဆီကို နာမည်နဲ့တကွ လာပြီးတိုင်တန်းထားတာကတော့ ၁၈ ဦးပါဘဲ။ တချို့က ဒီချင်းမိုင်မှာ ထဲမှာဘဲ အလိမ်ခံရတယ်၊ ၁၂ ဦးကျတော့ ရန်ကုန်မှာ သွားပစ်ထားတာ ခံ လိုက်ရတယ်။  ကျန်တဲ့ လူတွေက မြ၀တီနဲ့ ဖားအံမှာ။”

ရန်ကုန်ရောက်တဲ့အလုပ်သမားတွေဟာ အိမ်လခရှင်းမထားတဲ့ အငှါးအိမ်တစ်လုံးမှာ ပစ်ထား ခံရပြီး အိမ်ရှင်ကလာမောင်းထုတ်တဲ့အတွက် သူတို့အားလုံး ကိုးမိုင်ရှမ်းဘုန်းကြီးကျောင်းမှာ ပြောင်းရွှေ့ခိုလှုံ ခဲ့ရတာဖြစ်ပါတယ်။

အဆိုပါ အလုပ်သမားတွေထဲမှာ တချို့က ပတ်စပို့သက်တမ်းကုန်ရုံသာဖြစ်ပြီး ထိုင်းမှာဘဲ သက်တမ်းတိုးလို့ရပါလျက်နဲ့ အေးဂျင့်က မြန်မာပြည်ထိ ညာခေါ်သွားတာလို့ ဆိုပါတယ်။

အလုပ်သမားတွေ အလိမ်ခံရတယ်ဆိုတာသိပြီးတဲ့နောက် ထိုင်းအီစရအေဂျင်စီရုံးခန်းလည်း ပိတ် သွားပြီး ကိုယ်စားလှယ် စိုင်းဆီဝမ်းကိုလည်း ဆက်သွယ်လို့ မရတော့ကြောင်း၊ ဒါကြောင့် အလုပ်သမားတွေအနေနဲ့ အလိမ်ခံရတဲ့ ငွေတွေပြန်ရအောင် ဆောင်ရွက်ပေးစေချင်သလို သက်ဆိုင်ရာ အေဂျင်စီလုပ်ငန်းကိုလည်း တရားဥပဒေအတိုင်းအရေးယူဆောင်ရွက်ပေးဖို့ လာရော က်တိုင်ကြားတာလို့ ဆိုပါတယ်။

အလုပ်သမားတွေရဲ့ တိုင်ကြားချက်ကို ချင်းမိုင်ခရိုင်အလုပ်သမား ကာကွယ်စောင့်ရှောက်ရေးဌာန တာဝန်ရှိသူ နိုင်းကျတ်ကရီ ဟွန်ဖိုးထိက လက်ခံရယူပြီး  ဆက်လက်စစ်ဆေးအရေးယူပေး သွားမယ်လို့ ပြောသွားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013