DVB Logo
Home
မြန်မာသတင်း
YBS ဘတ်စ် အခက်အခဲများနှင့်ပတ်သက်၍ ရန်ကုန်တိုင်းဝန်ကြီးချုပ် ရှင်းလင်း (ရုပ်သံ)
DVB
·
January 16, 2017
YBS ဘတ်စ် အခက်အခဲများနှင့်ပတ်သက်၍ ရန်ကုန်တိုင်းဝန်ကြီးချုပ် ရှင်းလင်း (ရုပ်သံ)
Donate to DVB

အများပိုင်ယာဉ်လိုင်းစနစ်သစ်နဲ့ YBS ဘတ်စ်ကားခရီးစဉ်တွေ ဒီကနေ့ မနက်စတင်ပြေးဆွဲနေရာမှာ ကြုံတွေ့ရင်ဆိုင်နေရတဲ့ အခက်အခဲတွေ အဆင်ပြေအောင် ဆောင်ရွက်ပေးသွားမယ်လို့ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောပါတယ်။

ဒီနေ့ ဇန်နဝါရီလ ၁၆ ရက်နေ့က တာမွေမြို့နယ်က ယခင် မထသ(မြို့တွင်း) ရုံးမှာ မီဒီယာတွေနဲ့ တွေ့ဆုံရာမှာ အခုလို ပြောဆိုသွားတာပါ။

ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက “ပထမဆုံးနေ့မှာ အားလုံး အဆင်ပြေလိမ့်မယ်လို့ ကျနော် မထင်ဘူး။ ယာဉ်ပိုင်ရှင် တွေရော ခရီးသွားပြည်သူတွေမှာပါ အခက်ခဲတွေရှိတယ်။ ကားလွှတ်ပေးနိုင်တဲ့အချိန် မစိပ်ဘူး ဖြစ်နေတယ်။ ဒါကို အဆင်ပြေအောင် ဆောင်ရွက်မယ်။ မနေ့ကမှ ကားတွေကို စတေကာကပ်ရတဲ့ အတွက် ထွက်ချိန်တွေ နည်းနည်းကျဲသွားတယ်”လို့ ပြောပါတယ်။

ရုပ်သံ - Theint Ei

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013